Thursday, June 16, 2011

ဒေါ်လာ သန်း ၂၀၀ တန် ဂြိုဟ်တုလွှတ်တင်တော့မယ်တဲ့..အဲဒါဆိုပြည်သူတွေ စားဝတ်နေရေးချောင်လည်လာမှာလားဟင်??



ရန်ကုန် ၊ ဇွန် ၁၅

အမေရိကန်ဒေါ်လာ သန်းနှစ်ရာခန့် ကုန်ကျမည့် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရေး စီမံကိန်းအတွက် မြန်မာအစိုးရနှင့် သက်ဆိုင်ရာ ပြည်ပကုမ္ပဏီတို့ ဆွေးနွေးညှိနှိုင်းနေကြကြောင်း တာဝန်ရှိသူတစ်ဦးက ပြည်တွင်းမီဒီယာများသို့ လွန်ခဲ့သော ရက်ပိုင်းက ပြောကြားလိုက်သည်။

ဒေါ်လာ သန်းနှစ်ရာဆိုသော ပမာဏသည် မနည်းလှသော်လည်း ပြည်တွင်းရုပ်သံလိုင်းများ အတွက် နှစ်စဉ် ဂြိုဟ်တုငှားရမ်းခ ကန်ဒေါ်လာ ၁၅ သန်းခန့် ပေးနေရသော လက်ရှိအနေအထားကြောင့် ရေရှည် အမျိုးသားအကျိုးစီးပွား အတွက် နိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ခဲ့လျှင် ထပ်မံတိုးချဲ့သွားမည့် ရုပ်သံလိုင်းများအတွက် နှစ်စဉ် ကုန်ကျငွေ ကန်ဒေါ်လာ သန်း ၃၀ ခန့်ကို ချွေတာရာ ရောက်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက mmDailyNews သို့ ဖြည့်စွက်ပြောပြခဲ့သည်။

အဆိုပါ ဒေါ်လာသန်းနှစ်ရာတန် ဂြိုဟ်တု လွှတ်တင်ရေး စီမံကိန်းအတွက် အပြီးအစီး ၀န်ဆောင်မှု ပေးမည့် ပြည်ပကုမ္ပဏီကြီး တစ်ခုနှင့် အစိုးရတာဝန်ရှိသူများ စတင်၍ အသေးစိတ် ညှိနှိုင်းနေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
.

0 comments: