Tuesday, June 14, 2011

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ၏ ညီညွတ်မှုပြသ

ရန်ကုန်မြို့၊ ဇွန်လ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်။
ကိုပြုံးချို ရဲ့ ဇနီးမှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆုတောင်းနေစဉ် 
ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင်
ကိုမင်းကိုနိုင်ရဲ့ အမ
 
မကြာသေးမီကမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းကျခံနေရသော နိုင်ငံ ရေး အကျဉ်းသားမိသားစုများ တွေ့ဆုံပွဲလေးတခုကို အကျဉ်းကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ကိုပဏ္ဍိတ်ထွန်း နေအိမ်တွင် ယနေ့ နေ့လည် ၁း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ 

ထိုပွဲသို့ အကျဉ်းကျခံနေရသော “၈၈” မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုမင်းကိုနိုင်၏အမ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဇော်သက်ထွေးတို့၏ ဇနီးများ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ မဖြိုးဖြိုး အောင်၏ဖခင်၊ ကိုဒီငြိမ်းလင်း၊ ကိုရှိန်းရာဇာထွန်းတို့၏မိခင်များ၊ ကိုနေဖုန်းလတ်၏ မိဘနှစ်ပါးတို့အပြင် တခြားနိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် “၈၈”မျိုးဆက်ကျောင်းသားများ၊ အန်အယ်(လ်)ဒီအဖွဲ့ဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများလည်း တက်ရောက်ခဲ့ကြပါသည်။ 

နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာရေးအတွက် ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်နိုင်ရန်၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် အချင်းချင်း အပြန်အလှန် ဝိုင်ဝန်းကူညီနိုင်ရန်နှင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များသည် တသွေးထဲ တသားထဲ ရှိနေကြောင်းတို့ကို ပြသနိုင်ရေး ရည်ရွယ်ချက်တို့ဖြင့် ထိုတွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါသည်။

ယနေ့ ပြုလုပ်ခဲ့သော တွေ့ဆုံပွဲတွင် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများက သူတို့ ခံစားခဲ့ရသည့် ထောင်အတွေ့အကြုံများကို ပြန်လည် ပြောပြခြင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက သူတို့၏ ခံစားချက်များကို ပြောကြားကြခြင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းမှုများ ပြုလုပ် ခဲ့ကြပြီး ညနေ ၄း၀၀ နာရီတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။ ။
 
ကိုတင်လှိုင် အားကျေးဇူးတင်ပါတယ်.

0 comments: