Sunday, November 07, 2010

အတုအယောင်၂၀၁၀ ရ္ဂေးကောက်ပ္ဂဲ ဆန့်ကျင်ကန့်က္ဂက် ဆန္ဒပြပ္ဂဲ ...နအဖ အခွန်ရုံး (သံရုံး)ရှေ့ (တိုကျို)

 
ရုပ်သံမှတ်တမ်း အပြည့်စုံကိုကြည့်လိုပါက
နအဖ စစ်အုပ်စုမှ ကျင်းပတော့မည် ၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ လက်မခံ ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြပွဲကို တိုကျို Shinagawa အရပ်ရှိ မြန်မာ စစ် အခွန်ရုံး (သံရုံး)ရှေ့တွင် ယနေ့ နိုဝင်ဘာလ(၇)ရက် မနက်(၁၀) နာရီမှ ညနေ (၄) နာရီထိ ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီင်္း မြန်မာ ပြည်သူများ၏ အနာဂတ် ကံကြမ္မကို အဆိုးဝါးဆုံး ဖန်တီးခံရတော့မည့် ၂၀၁၀ ရွေးကောက်ပွဲ၊ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ဆန့်ကျင်ကြောင်း နှင့်လက်မခံ နိုင်ကြောင်းကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) အဖွဲ့တာဝန်ခံများနှင့်

ဂျပန်ရောက် ဒီမိုကရေစီလိုလားသူ အသီးသီးတို့မှ ကန့်ကွက် ပြောကြားခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင်ယ္ခုအချိန်အထိ မြန်မာနိုင်ငံသား စုစုပေါင်းဦးရေ ၈၀၀ကျော်ခန့် နှင့်အတူ မြန်မာ့အရေးကို အားပေး ကူညီသော ဂျပန်အဖွဲ့အစည်း များတို့လည်း ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါသည်။ ဆက်လက်၍ ဆန္ဒပြပွဲကို ညနေ (၄) နာရီထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည
်။
ရုပ်သံနှင့်ဓါတ်ပုံမှတ်တမ်း။။ ကိုပွား။ ကေသီသိန်း .

0 comments: