skip to main |
skip to sidebar
ဒီဇင်ဘာ ၂။ ကျားလေး
ဂျပန်နိုင်ငံမှာတော့ ၈၇ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ နှင့် နှစ်(၆၀)မြောက်လွတ်လပ်ရေးနေ့  စိန်ရတုသဘင်အကြို ပွဲ ကို ဒီဇင်ဘာလ(၂) ရက်(တနင်္ဂနွေနေ)က တိုကျိုမြို့ အိခဲဘုကုရို တိုးရှိးမားကုမင်းစင်တာ အဆောက်အဦး ခြောက်ထပ်မှာ ညနေ၅နာရီမှ ည၉နာရီအထိ ကျင်းပပြုလုပ်သွားခဲ့ကြပါတယ်၊
အဲဒီပွဲကို ဦးစီးကျင်းပပြုလုပ်ခဲ့တာကတော့ ဂျပန်နိုင်ငံက သစ္စာတော်လှန်ရေးစာပေမဂွဇင်းကို ထုတ်ဝေနေတဲ့ သစ္စာအင်အားစုက ဖြစ်ပါတယ်။ ဆရာအောင်စောဦးက အမျိုးသားနေ့ ဖြစ်ပေါ် လာပုံသမိုင်းအကျဉ်းကို ဟောပြောခဲ့ပြီး အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး အဲဒီနောက်မှာတော့ အမျိုးသားနေ့ ရယ်လို့ ဖြစ်ပေါ်လာစေမယ့် သမိုင်းပြဇာတ်ကို သရုပ်ဖော်တင်ဆက်ခဲ့ပါတယ်၊
အဲဒီနောက်မှာတော့ ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့  မင်းတုန်းဘုရင်တို့ရဲ့ စကားစစ်ထိုးခန်းအစီအစဉ်၊ ၁၉၆၂ခုနှစ် ဦးနေ၀င်း အာဏာသိမ်းရာမှ မြန်မာပြည် ဒုက္ခပင်လယ်ဝေခဲ့ရပုံ၊ ဗိုလ်သန်းရွေနှင့် ဒေါ်ကြိုင်ကြိုင်တို့ အား သရော်ထားသည့် ပြကွက်များနှင့် တွဲပြီး တေးသံချပ်များထိုး၍ ယနေ့ မျက်မှောက်ခေတ်မြန်မာပြည် အခြေအနေများကိုပါ မင်္ဂလာဒိုး မြန်မာ့ရိုးရာယဉ်ကျေးမှုအဖွဲ့ ဖြင့်တွဲဘက်၍ ဖျော်ဖြေသရုပ်ပြတင်ဆက်သွားခဲ့ပြီး သစ္စာအင်အားစုရဲ့  ဂျပန်တာဝန်ခံတဦးဖြစ်တဲ့ ဦးကျော်ကျော်နိုင်မှ ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ပါတယ်။ သရုပ်ဖော်တင်ဆက်သွားခဲ့တဲ့ ပြဇာတ်အားလုံးကို ဆရာအောင်စောဦးက ဦးစီးစီစဉ်ခဲ့တာလို့ သိရပြီး အဲဒီပွဲကို ဂျပန်မြန်မာပရိသတ် ၂၀၀ကျော် တက်ရောက်အားပေးခဲ့ကြပြီး တက်ရောက်လာသူတွေကို သစ္စာအင်အားစုက နိုဝင်ဘာလထုတ် သစ္စာတော်လှန်ရေးစာပေမဂွဇင်း၊ ၈၇ကြိမ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ် ရင်ထိုး။ အလံပုံ။လက်ကိုင်ပ၀ါနှင့် တို့ ဗမာအစည်းအရုံးသမိုင်းပထမတွဲ စာအုပ် အဖုံးတွေကို အခမဲ့ ဖြန့့်ဝေပေးခဲ့ပါတယ်၊
ဂျပန်နိုင်ငံတွင်ယနေ့ ပြုလုပ်သောJAC ပုံမှန်အစည်းအဝေးသို့ အမေရိကန်အခြေစိုက်အပြည်ပြည်ဆိုင်ရာအကြမ်းဖက်မှုကင်းသော
ရုန်းကန်လှုပ်ရှားရေးအဖွဲ့ (လူမှုအဖွဲ့အစည်းများနှင်ထိတွေ့ဆက်
ဆံရေးဌာန)မှဒါရိုက်တာမစ္စဗင်နစ်ဆာအိုတစ် VANESSA ORTIZ ,
Director,Civic and Field,InternationalCenter on Nonviolent
Conflict. မှလာရောက်ပြီးအကြမ်းဖက်မှုကင်းသောရုန်းကန်လှုပ်
ရှားနိုင်ခြင်း များကို ဗီဒီယိုများဖြင့်ဆွေးနွေးအကြံပေးရှင်းလင်းတင
ပြသွားပါသည်။ယူဂိုဆလားဗီယားနိုင်ငံတွင်အကြမ်းမဖက်သောလူ
ထုလှုပ်ရှားမှုများအကြောင်းနှင့် နောက်ဆုံးအာဏာရှင်အားဖြုတ်ချ
ခဲ့ ပုံများအား ဗီဒီယိုဆလိုက်ရှိုးများဖြင့်ရှင်းလင်းတင်ပြခဲ့ ပါသည်။
လက်ရှိမြန်မာနိုင်ငံနှင့် အခြေအနေခြင်းမတူသော်လည်းအခြေခံသ
ဘောတရားမှာအတူတူပင်ဖြစ်ကြောင်းဒီမိုကရေစီအင်အားစုများ
အားလုံးညီညွတ်ဖို့ လိုကြောင်းစစ်အစိုးရအားထောက်ခံနေသူများ
အားဒီမိုကရေစီစနစ်ကိုထောက်ခံသူများဖြစ်အောင်စည်းရုံးရယူမှာ
ဖြစ်ကြောင်း ထိုသို့ စည်းရုံးဆောင်ရွတ်ရမည်သူများမှာပြည်တွင်းရှိ
မြန်မာပြည်သူများပင်ဖြစ်ကြောင်းတင်ပြသွားပါသည်။ဂျပန်ရောက်
မြန်မာ့ဒီမိုကရေစီအင်အားစုများအနေနှင့် ဂျပန်ပြည်သူနှင့် ဂျပန်အ
စိုးရအားစည်းရုံးပြီးမြန်မာစစ်အစိုးရအားဖိအားပေးပိတ်ဆို့ ရန်နှင့် 
ပြည်တွင်းရှိဒီမိုကရေစီအင်အားစုများကိုပံ့ ပိုးထောက်ပံ့ ပေးသင့် 
ကြောင်းတင်ပြအကြံပေးသွားပါသည်။