Wednesday, August 01, 2007

ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ

အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။ ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမ၀ယ်ဘူးတဲ့။ ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။ ဒီလိုကားမျိုးဆို ခင်ဗျားတို့ နိုင်ငံမှာ လမ်းပေါ်တောင် ရဲက အရောက်မခံဘူး ထင်တာပ။ဲ အလုပ်ကြမ်းသမားတွေ၊ ကျောင်းသားလေး တွေတောင် အရစ်ကျ ငွေချေစနစ်နဲ့ ကားသစ်တစီး ၀ယ်နိုင်တဲ့ ခင်ဗျားနိုင်ငံမှာ ခင်ဗျားမကြိုက်တဲ့ ကားစုတ်ဆိုတာ ဘယ်လိုကားမျိုးလဲ ကျနော်တို့ မှတ်သားရအောင် ခင်ဗျားဇနီးကို နောက်ဆို ဓာတ်ပုံပါ ရိုက်ပြီး ဖော်ပြပေးဖို့ ပြောပေးပါဦးဗျာ။ အမေရိကားမှာ ကားစုတ်ပဲ ၀ယ်နိုင်တဲ့ လူတွေကို အိမ်နီးချင်း တော်ရမှာ စိုးလို့ ဒီလိုလူမျိုးတွေ ရှိတဲ့ လမ်းထဲက အိမ်ဆိုရင်တောင် ဘယ်လောက် ကောင်းကောင်း မ၀ယ်ဘူးဆိုတဲ့ ခင်ဗျားက မြန်မာပြည်က အိမ်စုတ်တလုံးကို ဘာလို့များ အမွေလုနေရတာလဲ ကိုအောင်ဆန်းဦးရေ။ ကျနော်တို့ အဘွားကြီးနေတဲ့ အဲဒီ တိုက်အိုကြီးကို ခင်ဗျား မက်မယ် မထင်ဘူး။ ခုနေ တအိမ်လုံး ခင်ဗျား ယူလိုက်ပါတော့လို့ ကာယကံရှင်က ဆင်းပေးလဲ ခင်ဗျား လာနေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်က ဗွက်ထူ ခြင်ထူတယ်ဗျ။ ဒီတိုင်းပြည်မှာ မွေးပြီး ဒီတိုင်းပြည်မှာ ကြီးသွားပေမယ့် ခုလောက်ဆို ဖုံနံ့ မခံနိုင်၊ ခြင်မြင်မခံနိုင် ခင်ဗျား ဖြစ်နေရောပေါ့။ ခင်ဗျားဇနီးကတော့ မြန်မာပြည် ပြန်လာလည်တုန်းက ပြောရှာပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ ကိုယ်လာမနေနိုင်တဲ့ အိမ်တလုံးကို အမွေလှမ်းလုနေတဲ့ကိစ္စကို။ ဒီအိမ်ကို ရရင် ဒေါ်ခင်ကြည်ပြတိုက် ဖွင့်မလို့ပါတဲ့။ ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးကတော် အသည်းအသန် ဖြစ်နေတုန်းက ခင်ဗျားတို့ လင်မယား တခေါက်ကလေးမှ လာကြည့်ဖော် မရပါလားဗျာ။ ဒေါ်ခင်ကြည်ဟာ မမာမကျန်းဘ၀နဲ့ လပေါင်းများစွာ ကြာပြီးမှ ဆုံးသွားတာပါ။ ခင်ဗျားတို့ အမေ၊ ယောက္ခမကို လာကြည့်ချင်သပဆို လာဖို့ အချိန်တွေအများကြီး ရှိပါတယ်။ ဒေါ်စုလို အနီးကပ် ပြုစုစောင့်ရှောက်ပေးဖို့လောက်ထိ မပြောသေးဘူးနော်။ ဧည့်သည်တွေ့ လာတွေ့ချင်ရင်တောင် လာတွေ့ဖို့ အချိန်တွေ အများကြီးပါ။ အလုပ်များလို့ အချိန်မရှိဘူးလို့တော့ ခင်ဗျား မပြောနဲ့လေ။ အမွေလုဖို့ အမှုဖွင့်ပြီးမှ ခင်ဗျားတို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ဆိုပြီး အတောမသတ် လာနေတာကျတော့ အချိန်တွေ ဘယ်က ပြန်ထွက်လာလဲ။ တချိန်တုန်းက အဝေးကနေ နှစ်တိုင်း ပန်းခြင်းလေး တခြင်းပဲ မသဒ္ဓါရေစာ လှမ်းပို့နေကျ ခင်ဗျားအဖေရဲ့ အာဇာနည်နေ့မှာ ခုမှ ဘာလို့ လင်မယားတွဲပြီး ပန်းခွေတွေချပြ၊ ဓာတ်ပုံအရိုက်ခံပြီး အစိုးရ သတင်းစာတွေမှာ ထည့်ကြ လုပ်နေတာလ။ဲ ဒေါ်ခင်ကြည် လရှည် မမာတုန်းက မလာခဲ့တဲ့ ခင်ဗျားတို့ လင်မယား ဒေါ်ခင်ကြည်ဆုံးပြီဆိုမှ ရောက်ချလာတယ်။ ရက်လည်တဲ့အထိပဲ နေပြီး ချက်ချင်း ပြန်သွားတယ်။ ဒေါ်ခင်ကြည် ဆုံးတာ ၈၈ ဒီဇင်ဘာလကုန်ပိုင်းကပါ။ ၈၈ အရေးအခင်းပြီးလို့ လူတွေ ထောင်ချီ သေရတာ လပိုင်းလေး ရှိသေးတယ်။ မင်္ဂလာဒုံ လေဆိပ်ကို ခင်ဗျားရောက်တော့ ခင်ဗျား ပထမဆုံး ပြန်ရှူရတဲ့ ကျနော်တို့ နိုင်ငံလေထဲမှာ သွေးညှီနံ့တွေ ပါတယ်လို့ မထင်မိဘူးလားဗျာ။ အဲဒီအချိန်က ခင်ဗျားအမေအိမ်ကမှ မသာအိမ် မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကိုယ်နှိုက်က ကိုယ့်လူမျိုးတွေ သောက်သောက်လဲ သေထားရတဲ့ မသာအိမ်ကြီးပါ။ ဒီမသာအိမ်ကြီးကို ပြန်လာပြီး မသာရှင် မြန်မာလူမျိုးတွေကို ၀မ်းနည်းစကားလေး တချက်တောင် အားပေးနှစ်သိမ့်ဖော် မရဘဲ ခင်ဗျား ချက်ချင်း ပြန်ထွက်သွားတယ်နော်။ ခင်ဗျားဟာ ကျနော်တို့အတွက် အိမ်ရှေ့မင်းသားတပါး ဖြစ်ခဲ့ပါတယ် ကိုအောင်ဆန်းဦး။ ၈၈ အရေးအခင်းဖြစ်ခါနီးမှာ ကျနော်တို့ မင်းလောင်းလို မျှော်ခဲ့ကြတာ ခင်ဗျားကိုပါ။ ဒေါ်စု မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ကျနော်တို့ကို ကျူးကျော်ခဲ့တဲ့ ကိုလိုနီလုပ်ခဲ့တဲ့ နိုင်ငံဆိုတဲ့ အငြှိုးနဲ့ အင်္ဂလိပ်ကို လက်ထပ်ထားတဲ့ ဒေါ်စုအပေါ် ကျနော်တို့ မမျှော်လင့်ခဲ့ကြဘူး။ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သားကြီးသြရဿ ခင်ဗျားဟာ ခေါင်းဆောင်ငတ်နေတဲ့ မြန်မာပြည်ကို ပြန်လာပြီး ကယ်တင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားကို ကျနော်တို့ မင်းလောင်းမျှော် မျှော်ခဲ့ကြတယ်။ ခုချိန်မှာ ခင်ဗျားတို့ ဇနီးမောင်နှံ အိပ်မက်မက်နေတဲ့ မြန်မာပြည် နိုင်ငံရေးခေါင်းဆောင် နေရာဟာ လိုချင်ခဲ့ရင် တချိန်တုန်းက ခင်ဗျားအတွက် အဆင်သင့်ပါ။ ခင်ဗျားဇနီးက ဒီအိမ်မှာ လက်ရှိနေနေတဲ့ ဒေါ်စုကို ဖယ်ပြီး ဒေါ်ခင်ကြည် ပြတိုက် ဖွင့်ချင်လို့ပါ ဆိုတာကို အလိုလိုက်ရအောင် ခင်ဗျားဇနီးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ရော၊ ဒေါ်ခင်ကြည်နဲ့ရော ဘာများ ဆိုင်လို့လဲ တဆိတ် ရှင်းပြပါလားဗျာ။ သရဖူ မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဒေါ်လဲ့လဲ့နွယ်သိန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖေဖေဗိုလ်ချုပ်လို့ သုံးသွားတာတော့ သတိထားလိုက်မိပါရဲ့။ ခင်ဗျားဇနီးဟာ သူ တခါမှ မမြင်ဖူးလိုက်တဲ့ ယောက္ခမကို ဖေဖေဗိုလ်ချုပ် ခေါ်တာတော့ ဘယ်လို ခံစားပေးရမှန်း ကျုပ် နားမလည် နိုင်တော့ဘူး။ ဒေါ်စုတောင် သူ့အဖေကို ဖေဖေလို့ သုံးတာပဲ သိတယ်။ ဖေဖေဗိုလ်ချုပ်လို့ ခေါ်တာ မကြားမိဘူးဗျ။ ဒေါ်စု ဖအေကို ချွေးမလောက် မချစ်ဘူး ပြောရင်တော့ ခမျာ ခံရရှာမှာပဲ။ ယောက္ခမ မမာတုန်းက ဘယ်နား ရောက်နေမှန်း မသိတဲ့ ချွေးမက ယောက္ခမ သေမှ ဒီအိမ်ကို ပြတိုက်ဖွင့်ဖို့ အကြောင်းပြပြီး သမီးဆီက အမွေလုခိုင်းတာတော့ ခင်ဗျား မ,ဘက်လိုက်လို့ မိုက်ဘက် ပါပြီထင်တယ် ကိုအောင်ဆန်းဦး။ ထင်တာ မဟုတ်ပါဘူးလေ။ သေကို သေချာတာပါ။ ကျနော်တို့ မြန်မာအမျိုးသမီးတွေမှာ ချစ်ဖို့ကောင်းတဲ့ အကျင့်တခုက မိသားစုကိစ္စ အားလုံးကို သူတို့ ဦးဆောင် ကိုင်တွယ်နေရင် တောင် အိမ်ထောင်ဦးစီးနေရာမှာတော့ ယောက်ျားကိုပဲ စာရင်းပေးတတ်တဲ့ အကျင့်ပါ။ ဦးဆောင်သလားတော့ မမေးနဲ့၊ သူတို့ယောက်ျားတွေ သားသမီးတွေ ဘယ်လိုလူတွေနဲ့ ပေါင်းရမယ် မပေါင်းရဘူးကအစ ယောက်ျားရဲ့ လက်ဖက်ရည်ဖိုး ဆေးလိပ်ဖိုး ကိစ္စပါ သူတို့ အကုန် ဆုံးဖြတ်တယ်။ စိတ်မထင်ရင် ညမထွက်ရ လို့ ယောက်ျားကို သူတို့ မာရှယ်လော ထုတ်ရင်လဲ ခင်ဗျားမိတ်ဆွေ နအဖ၊န၀တတွေရဲ့ ဘာပုဒ်မ ညာပုဒ်မ အမိန့်တွေထက်တောင် ဆိုးသေး။ ဒါပေမယ့် သူတို့ ယောက်ျားတွေကို မယားကြောက် ပြောရင်တော့ သူတို့ မခံနိုင်ဘူးဗျ။ ယောက်ျားက သိပ်ညံ့ပြီး ကျမက သိပ်သိပ်တော်နေပါတယ်ဆိုတဲ့ အချိုးမျိုးလဲ သဘောထားပြည့်တဲ့ မြန်မာ အမျိုးသမီးတွေ မချိုးတတ်ဘူး။ ခင်ဗျား သဘောထားကြီးပြီး မိန်းမအပေါ် မာနမထားတတ်ကြောင်း ပြချင်ရင် တခြားနည်းနဲ့ ပြလို့ ရပါတယ်။ မိန်းမက တိုင်းပြည်ကို ပြဿနာရှာနေတာကိုတောင် ကြံရာပါပြီး ပါရမီ ဖြည့်ပေးတဲ့ နည်းနဲ့တော့ မြန်မာယောက်ျားတွေရဲ့ သိက္ခာကို မချပါနဲ့ဗျာ။ ကျနော်တို့ မြန်မာပြည်မှာ ယဉ်ကျေးမှုတခု ရှိပါတယ် ကိုအောင်ဆန်းဦး။ မြန်မာပြည်ကို အရိုင်းအစိုင်းတိုင်းပြည်လို့ ခင်ဗျား မြင်နေရင်တော့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး သုံးလိုက်တာ ကျနော်တို့ အရိုင်းအစိုင်းတွေနဲ့ မတန်ဘူးလို့ ခင်ဗျား ပြောချင်မလားပ။ဲ ကျနော်ဆို ကားစုတ်မပြောနဲ့၊ စက်ဘီးစုတ်တောင် မ၀ယ်နိုင်တဲ့လူဆိုတော့ ကျနော်လို မြန်မာပြည်သား ငမွဲက ခင်ဗျားကို သခင်ကြီးလို့ မခေါ်ပဲ ခင်ဗျားတွေ ကျနော်တွေနဲ့ ပြောနေတာကို ခင်ဗျား နာမလားလဲ မပြောတတ်ဘူးဗျ။ ကျနော်တို့ ယဉ်ကျေးမှု ဆိုတာက အားနည်းသူတွေ၊ ကူညီဖို့ လိုအပ်နေသူတွေကို သက်ညှာရတဲ့၊ အလိုက်သိ ဖေးမ,ပေးရတဲ့ ယဉ်ကျေးမှုပါ။ မြန်မာပြည်မှာ ကက်ဆက် အသံကျယ်ကျယ် ဖွင့်နေကျ လက်ဖက်ရည်ဆိုင်တွေတောင် ကလေးတွေ စာမေးပွဲရက်ဆိုရင် ကက်ဆက်သံ လျှော့ပေးရပါတယ်။ ရပ်ကွက် ဘုံကထိန်အတွက် အလှူငွေ ကောက်ဖို့လာတဲ့ အရပ်လူကြီးတွေလဲ မသာအိမ်ဆို မကောက်ဘဲ ချန်ခဲ့ရပါတယ်။ သူ့အပူနဲ့သူမို့ ဖေးမတဲ့ အနေနဲ့ပါ။ မြေနိမ့်လှံစိုက် မလုပ်ရတာ မြန်မာ့ယဉ်ကျေးမှုပါ။ ခင်ဗျားနှမကို သေအောင် မနာလိုဝန်တိုဖြစ်ပြီး မုန်းနေဦးတော့၊ သူ ဒီလောက် အကျယ်ချုပ်တွေ ဆက်တိုက်ခံနေရတဲ့ အချိန်မှာ နေစရာ အိမ်ပျောက်အောင် အမွေလုစရာလားဗျာ။ ဒီအိမ်က ဆင်းပေးရရင် ဒေါ်စုမှာ သွားနေစရာ အင်းစိန်ထောင်ပဲ ရှိတော့တာ ခင်ဗျားလဲ အသိပါ။ မြင့်ဆန်းအောင်နဲ့ မောင်ထိန်လင်းက သူတို့အမေအတွက် အိမ်တလုံးတော့ ၀ယ်ပေးနိုင်မှာပါလို့ ခင်ဗျား ပြောမလို့လား။ အရှင်လတ်လတ် သွားလေသူ ဗိုလ်ချုပ်ခင်ညွန့် အာဏာရှိတုန်းက သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာမိုက်ကယ်အဲရစ် သူ့ဇနီးဆီ ပို့တဲ့ အစားအသောက် ပါဆယ်စာရင်းကို ဖတ်ပြလို့ ဆတ်ဆတ်ထိ မခံနိုင်တဲ့ ဒေါ်စုက မိသားစုဆီကတောင် ဘာမှ လက်မခံတော့လို့ ဒေါက်တာမိုက်ကယ် စိတ်မကောင်း ဖြစ်ခဲ့ရတာ ခင်ဗျား မှတ်မိမှာပါ။ (နှုတ်ခမ်းတလန် ပန်းတလန် ဒီလို ရန်ထောင်ရ၊ စောင်းရ မြောင်းရမှာ မရှက်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ မနာလိုရင် မနာလိုသလို ပြဿနာရှာတတ်တဲ့ အကျင့်တွေကိုတော့ ဗိုလ်တေဇရဲ့ သားကြီးသြရဿ အတုမရစေချင်ဘူးဗျာ။) ဒီတော့ သားနှစ်ယောက်ပေးတဲ့ အထောက်အပံ့ကိုလဲ နိုင်ငံခြားအကူအညီယူတယ် အစွပ်စွဲ မခံနိုင်လို့ လက်မခံဘူးဆိုရင် ဒေါ်စု ဘယ်သွားနေရမလဲ။ နေစရာ အိမ်မရှိရင် သူ့ကို ထောင်ထဲ ထည့်ထားပါလို့ စစ်အစိုးရကို ခင်ဗျား တဖက်လှည့်နဲ့ ခိုင်းနေတာလား။ ခင်ဗျားဇနီးဟာ အင်ဒီရာဂန္ဒီရဲ့ ချွေးမတွေ ယောက္ခမမျက်နှာ လင်သားမျက်နှာနဲ့ နိုင်ငံရေးနယ်ထဲ ရောက်လာသလို မြန်မာ့နိုင်ငံရေး နယ်ထဲ ၀င်ချင်၊ နေရာယူချင်တဲ့ စိတ်ကလေး ရှိနေမှန်း ကျနော် သတိထားမိပါတယ်။ ဒါပေမယ့် အနာခံမှ အသာစံရ ဆိုတဲ့ မြန်မာရိုးရာ စကားပုံလေးကိုတော့ ခင်ဗျားဇနီးကို ပြောပြပြီး အကြံပေးပါဦးဗျာ။ တိုင်းပြည် ဒုက္ခရောက်နေတုန်းတော့ မြန်မာပြည်ကို တိုးရစ်လာ လာလည်၊ ပြန်သွား လုပ်နေပြီး စစ်အစိုးရ ဖြစ်ချင်တဲ့ ကန့်သတ် ပါလီမန် ပေါ်လာပြီးတဲ့ တချိန်ကျမှ အမတ်လောင်းအဖြစ် အဆင်သင့် လာအရွေးခံမယ် စိတ်ကူးယဉ်နေရင်တော့ ကျနော် ဗေဒင်ဟောလိုက်မယ်။ မယုံမရှိနဲ့၊ ရှုံးမှာ သေချာပေါက်ဗျ။ ခင်ဗျားဇနီးက အင်တာဗျူးမှာ သရဖူ မဂ္ဂဇင်းကို ဖြေရှာတယ်။ အလှအပ ပစ္စည်းဆို အယ်လစ်ဇဘက်ကာတန်ပဲ သုံးတယ်တဲ့။ အယ်လစ်ဇဘက် ကာတန်ဆိုတာ ခင်ဗျားဇနီး ပြောလို့ ကမ္ဘာကျော် အလှကုန်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတခု ဖြစ်မယ်လို့ မှတ်သားရပါရဲ့။ အပျိုပေါက် ကတည်းက နိုင်ငံခြားမှာ နေခဲ့တဲ့ ကျနော်တို့ အဘွားကြီး ဒေါ်စုဆီကတော့ အယ်လစ်ဇဘက်ကာတန်တွေ ဘာတွေအကြောင်း ပြောသံ တခါမှ မကြားမိဘူးဗျ။ အဘွားကြီးက ပန်းတော့ ကြိုက်တယ်။ သနပ်ခါးလဲ ကြိုက်မယ်ထင်တယ်။ ရွှေဘိုသနပ်ခါးခေါက်နဲ့ ရှင်မတောင် အပွေးတုံးနဲ့ ဘယ်ဟာပိုကောင်းလဲ မေးရင်တော့ အဘွားကြီး ဖြေနိုင်မှာပါ။ အယ်လစ်ဇဘက် ကာတန်တို့ ရယ်ဗလွန်တို့အကြောင်း ဆွေးနွေးရင်တော့ ခင်ဗျားဇနီးလို သွက်သွက်လက်လက် မပြောနိုင်ရှာဘဲ မျက်စိပေကလပ် ပေကလပ် ဖြစ်နေရှာမယ့် ကျနော်တို့ အဘွားကြီးကို မြင်ယောင်တယ်။ သနပ်ခါးအကြောင်း မေးရင်တောင် အဘွားကြီးက ခုနေ သိပ်ပြောချင်မှ ပြောတော့မယ်။ ၅၀ ကျော်ကတည်းက ဒေါ်စုဟာ နိုင်ငံရေး တဖက်၊ ဘုရားတရားတဖက် ဘ၀ခရီး ဆက်နေပြီလို့ သိရလို့။ ကျနော်တို့ တိုင်းပြည်မှာ အသက် ၅၀ ကျော်တွေ ဘုရားတရားလုပ်တာ ရှက်စရာ မဟုတ်ဘူးဗျ။ ၅၀ ကျော်တဲ့အထိ ဘာသာရေးကို ပစ်ပယ်ပြီး ကာလသားသမီးလို ကဲနေရင်သာ ချာတိတ်တွေကအစ မကြည်ညိုတာ။ ခင်ဗျားလဲ ရင့်ကျက်ပါတော့ ကိုအောင်ဆန်းဦးရေ။ ဗိုလ်ချုပ်သားလေးဆိုပြီး အဖေ့မျက်နှာနဲ့ ခွင့်လွှတ်ရအောင်ကလဲ ခင်ဗျား ကျနော်တို့ထက် အသက်ကြီးပါတယ်။ ကိုအောင်ဆန်းဦးရေ... ခင်ဗျားဇနီးက ဆောင်းပါးထဲမှာ ရေးတယ်။ ကျမဟာ အဖြူတွေကြားမှာ အ၀တ်အစား ၀တ်တတ်သူလို့ ချီးမွမ်းတာ ခံရတယ်တဲ့။ ခင်ဗျားဇနီးက အနောက်တိုင်းသားတွေကို အဖြူတွေလို့ သိပ်အထင်ကြီးပုံ ရတယ်။ မြန်မာပြည်က နေပူထဲ ကြီးခဲ့ရတဲ့ ကျနော်တို့အသားကတော့ ညိုသဗျ။ အ၀တ်အစား ၀တ်တတ်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖော်ပြတဲ့ မစ္စက် အောင်ဆန်းဦးဟာ ဘယ်လောက်ပဲ ရှိုးကောင်းချင် ကောင်းပါစေ၊ ကျနော်တို့တော့ ငါးပိတော ဖုန်တောထဲမှာ တသားတည်း နေတဲ့ ကျနော်တို့ အဘွားကြီး ပဲ ချစ်တယ်ဗျာ။ သူက ကျနော်တို့နဲ့ အတူ ရှိတာကိုး။ ကားမရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေကိုလဲ သူ လာတတ်တယ်။ ကားစုတ်ရှိတဲ့ လမ်းဆို မနေဘူးဆိုတဲ့ ခင်ဗျားလိုများ အဆင့်အတန်း မြင့်ရရင်တော့ ဒေါ်စုခမျာ စစ်အစိုးရလုပ်မှ အကျယ်ချုပ်ကျမှာ မဟုတ်ဘဲ သူ့ဟာသူ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ အကျယ်ချုပ် လုပ်နေဖို့ပဲ ရှိတော့တယ်။ မြန်မာပြည်မှာ အမေရိကန်ပေတံနဲ့ တိုင်းရင် ကားစုတ် မရှိတဲ့ လမ်းဆိုတာ ရွှေတောင်ကြားတောင် ပါချင်မှ ပါမှာဗျ။ အဘွားကြီးနေတဲ့ လမ်းကတော့ ဝေးရော့ပဲ။ ဒီက ကားသစ်တွေတောင် ခင်ဗျားတို့ အမြင်မှာ မော်ဒယ်အောက်နေပြီကိုး။ ခင်ဗျား ဘာလို့များ ကားစုတ်တွေ ရှိတဲ့လမ်းက အိမ်စုတ်ကြီးကို အမွေလာလုပါလိမ့်ဗျာ။ ကိုအောင်ဆန်းဦးရေ။ တချိန်က မြန်မာတွေ မင်းလောင်းမျှော် မျှော်တာ ခံခဲ့ရတဲ့ ခင်ဗျား... အမျှော်ကြီး မျှော်နေတုန်းကတော့ မလာခဲ့ဘဲ၊ ဒေါ်ခင်ကြည်သေလို့ လာတာတောင် ဧည့်သည်လာ လာပြီး ဧည့်သည်ပြန် ပြန်သွားခဲ့တဲ့ ခင်ဗျား... ခုချိန်ကျမှ ခင်ဗျားဇနီးအတွက် မြန်မာ့နိုင်ငံရေးပလ္လင် အဆင်သင့် ဖြစ်နေချင်တယ်ဆိုရင်တော့ သိပ်နောက်ကျသွားပါပြီဗျာ။ တိုင်းပြည် က တချိန်တုန်းက ခင်ဗျားကို သိပ်ပေးချင်ခဲ့တဲ့ နေရာကို ခုမှ ခင်ဗျားဇနီး ယူစေချင်တယ် ဆိုရင်လဲ ခင်ဗျားရဲ့ မယားရှိခိုး သွားမကျိုး သဘောထားကို မဝေဖန်ချင်ပေမယ့် ခင်ဗျားမိန်းမအတွက် မပြောနဲ့၊ ခင်ဗျားအတွက်ဆိုရင်တောင် ခုမှတော့ မရနိုင်တော့ဘူး၊ သိပ်နောက်ကျသွားပြီလို့ ပြောပါရစေ။ ကျနော်တို့ မျှော်လင့်တုန်းမှာ ပေါ်မလာခဲ့တဲ့ အိမ်ရှေ့မင်းသား ခင်ဗျားဟာ ခုတော့ နန်းမရခင်က နန်းကျသွားခဲ့ပါပြီ။

A Jasmine-Planting in honour of Daw Aung San Suu Kyi

Date 24 July 2007
It was a fine and sunny morning in a town in North West Essex, some 50 miles from London, called Saffron Walden. The Mayor of Saffron Walden and his associates, members from the local Amnesty International group, some honoured invited guests and local residents came to the meeting place in Bridge End garden, to celebrate a jasmine-planting ceremony in honour of Daw Aung San Suu Kyi.

"The reasons we hold this planting ceremony for Daw Aung San Suu Kyi is because we want to show respect and solidarity for her and the people of Burma; we want to raise awareness in anticipation of her freedom in the near future and we would like to show our admiration for her graceful courage and strongly-held principles, honouring her and drawing the British public’s attention to her and the example she has set in her belief in non-violent protest and the conditions in which she lives and the sacrifices she has made, during her years of struggle for what she believes in" said Mr. Francis Deutsch, the local chairman of Amnesty International, Saffron Walden.
The Mayor of Saffron Walden, Mr Sarfraz Anjum, expressed his concern for her wellbeing and respect for her endeavours in the non violent struggle for democracy in Burma. Ms. Imoger Mollet who used to work for the United Nations whilst Daw Aung San Suu Kyi was working there under the administration of the former Secretary-General (1961-1971), spoke about Daw Aung San Suu Kyi using her phrase "Please Use your liberty to promote ours" at the end of her speech. Soe Naing and I were invited to join the ceremony and also addressed the attendees. Afterwards the Mayor of Saffron Walden, and the local chairman of Amnesty International, planted a jasmine tree and we all paid tribute to Daw Aung San Suu Kyi.
On behalf of Burmese people I want to express my huge thanks for the support of our struggle towards freedom and democracy in Burma to those who organised this graceful ceremony, especially to Pam Gidsby, the local secretary of Amnesty International, Saffron Walden. I was also able to ask those who attended to persist in their support for Daw Aung San Suu Kyi as well as for Burma, because it is vital in achieving significant change. Due to the current situation in Burma, Aung San Suu Kyi’s freedom is crucial to the national reconciliation process and essential to guide the way towards a democratic Burma for the entire Burmese population, both inside and outside the country
Thant Zin.
BDMA-UK
Burmese Democratic Movement Association-UK
For More Info: info@bdmauk.org
www.bdmauk.org