Friday, April 11, 2014

နည်းနည်းမလုပ်နဲ့ များများလုပ်

...တစ်ပြိုင်နက်တည်းတွင်
- သင့်၌ ဆေးခြောက်တစ်ကျပ်သား ရှိခဲ့သော်
- သင့်၌ ဒိုင်ယာစီဗင်တစ်ပုလင်း ရှိခဲ့သော်
- သင့်၌ ငါးတစ်ဗူး ရှိခဲ့သော်
- သင့်၌ ဖင်ဆီဒိုင်းအရည်ဖင်ကပ် ရှိခဲ့သော်
- သင့်၌ အိုပီယမ်တင်ချာလက်ဝယ် ရှိခဲ့သော်
- သင့်၌ တိုင်ပတ်၍မူးတတ်သည်အကျင့် ရှိခဲ့သော် ...

သင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မူအရ
- ထောင် တစ်နှစ်
- ထောင် သုံးနှစ်
- ထောင် ငါးနှစ်
- ထောင် ခြောက်နှစ်
- ထောင် ရှစ်နှစ်
- ထောင် ဆယ်နှစ် ပြစ်ဒဏ်များချီးမြှင့်ခံရနိုင်သည်။

ထို.ကြောင့်
လက်ဝယ်မထားပါနှင့်။
- ဧကချီစိုက်ပျိုးပါ
- ဘိန်းဖြူအဆင့်အထိထုတ်လုပ်ပါ
- အဘများကိုရှယ်ယာပေးပါ
- လက်ကားဒိုင်ကိုင်ပါ
- လက်နက်ကိုင်တပ်ဖွဲ.ထားပါ
- စစ်အုပ်စုနှင့်ပေါင်းစားပါ။

သင့်သားစဉ်မြေးဆက် ရတက်အေးရပါလိမ့်မည်။
စီမံကိန်းကြီးများ ဆောင်ရွက်ခွင့်ရပါလိမ့်မည်။
သေလွန်သောအခါ၌လည်း နိုင်ငံတော်ဈာပနနှင့်မခြားကျင်းပနိုင်ပါလိမ့်မည်။
အစိုးရအဖွဲ.ဝင် ဝန်ကြီးများပင် လွမ်းသူ.ပန်းခွေ ပန်းခြင်းများ ပို.ဆောင်နှုတ်ဆက်ကြပါလိမ့်မည်။ ။

မှတ်ချက်။ ။ ဤစာစုဖြင့် ဂျင်မီယမ်း၊ ခွန်ဆာ၊ ဖုန်ကြားရှင်၊ လော်စစ်ဟန်၊ စတီဗင်လော၊ ကျောက်ညီလှိုင် တို.နှင့်တကွာ့ အမည်အားဖြင့်ထည့်ရေးရန် စာမျက်နှာမလောက်သည့် စစ်ခေါင်းဆောင်များအား ဂုဏ်ပြုပါသည်။

Credit to @ Htin Lin Kyaw