ဘယ်…ညာ…..ဘယ်…ညာ….
ဘယ်လက်လည်း အပြည့်….
ညာလက်လည်းအပြည့်…..
အကုန်လုံးပိုင်အောင်…
ဦးအောင်ယူကြ….။
တပ်ပေါင်း…..သတိ….။
သတိထားပြီး …စားပေါက်လိုက်ရှာကြ….
နေရာလုကြ….
တော်တဲ့သူက (အမျိုးတော်တဲ့သူ) ခိုင်…
မတော်တဲ့ သူက ငိုင်….။
တပ်ပေါင်း…သက်သာ…။
အလုပ်မလုပ်ပဲ…သက်သက်သာသာ
ပိုက်ပိုက်တွေ ဂေါက်ရိုက်ရင်း
ရှာနိုင်အောင်….ကျော်ကြ…ခွကြ…တက်ကြ….။
တပ်ပေါင်း….အေးစေ…။
နေရာကောင်းရတော့…အေးဆေး…။
မရတော့ ခွေးပြေး….။
တပ်ပေါင်း…ညာညှိ….။
ညာတဲ့နေရာမှာ တစ်ယောက်တစ်ပေါက်
မလုပ်ကြနဲ့….ညှိပြီး မှ ညာကြ….။
တပ်ပေါင်း….သီချင်းစဆို…..။
စစ်သီချင်း(၁):ပြည်သူ့တပ်မတော်သားများ….
ပြည်သူ့အတွက်ဆို ခွေးစား
(ခွေးစားစား ကျီးထိုးထိုး
ဘူတိုဇာနဲ့ ထိုးထိုး…
မိုးထဲနေနေ…သေသေ)
စစ်သီချင်း(၂):ရန်သူနဲ့ တွေ့တော့ ပန်းလို….
ပြည်သူနဲ့တွေ့တော့ မီးလို….။
ပါးရိုက် သိမ်မွေ့ ယဉ်ကျေးသည်…။
====================
ဒီလိုနဲ့…ရေဘူးပေါက်တွေ
ခါးမှာကိုယ်စီချိတ်ပြီး….(တရုတ်)မျိုးချစ်တပ်မတော်ကြီး…..စစ်သီချင်းတွေ
သီဆိုပြီး….တစ်တိုင်းပြည်လုံးမှာ…ရေခပ်လာလိုက်ကြတာ…
ဘူးပေါက်တွေနဲ့ဆိုတော့….ဘူးထဲမှာသူတို့ အတွက်…သောက်ဖို့ရေနည်းနည်းရ…
ပေါက်ကျတဲ့ ရေက တရုတ်လက်ထည်း များများရရင်း…
တရုတ်ကြောက်…တရုတ်ကျွန် တပ်မတော်ကြီး ဖြစ်မှန်းမသိ ဖြစ်လာလိုက်ကြတာ…
ဗိုလ်ချီးတို့လာမှပဲ….ရွာလည်းပြာကျ ဆိုတဲ့ အတိုင်း…ဖြစ်နေတော့တာ ပါပဲဗျာ…။