Friday, November 29, 2013

အဖိုးသူခိုး မြေးသူဝှက်တို့ ပိုင်ဆိုင်မှု

ဦးသန်းရွှေမြေး ဖိုးလပြည့်ပိုင်ဆိုင်သည်ဆိုသော နေပြည်တော် ပဲခူရိုးမပေါ်ရှိ မောင့်ပုလဲဇင့်ဟိုတယ် နှင့် မိုင် ၃၀ အရှည်ရှိသော ကိုယ်ပိုင် ကွန်ကရစ်လမ်းမကြီး နှင့် သစ်တော်ကြိုးဝိုင်းများ
(နေပြည်တော်သတင်း)

မောင့်ပုလဲဇင့် ဟိုတယ်ဆိုတာ နေပြည်တော်မှ အလွန်နာမည်ကြီးပါတယ် ၊ နေပြည်တော် ဟိုတယ်ဇုံ ၂ ခုထဲမှာ မရှိပဲ အမြင့်ပေ ၁၆၀၀ ကျော်ရှိတဲ့ ဖိုးစောက်တောင်ပေါ်မှာ ရှိတဲ့ ကြယ်ပွင့်များစွာအဆင့်ရှိတဲ့ ဟိုတယ်ကြီးပါ ၊

၂၀၁၀ နှစ်ဆန်းပိုင်းလောက်က စတင်ဖွင့်လှစ်ခဲ့ပြီး စစဖွင့်ချင်းမှာကိုပဲ ဟိုတယ်ပိုင် ဧရိယာက အနည်းဆုံး ဧက ၅၀ လောက်ရှိပါတယ် ၊

ဂျီဖိုးဂရုက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး ဦးသန်းရွှေရဲ့ မြေးတော်လေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးတာလို့လဲ သိရပါတယ် ၊

မောင့်ပုလဲဇင့်ဟိုတယ်ကို သွားမယ်ဆိုရင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအဝိုင်းအနီး ရွှေပုဇွန်ကိတ်မုန့်တိုက်အနီးကနေ တောင်ပေါ်လမ်းအတိုင်းတက်သွားရပါမယ် ၊

အင်ကြင်းပန်းအဝိုင်းကို ဂူဂယ်မတ်မှာ 19.814272,96.164138 ရိုက်ထည့်ပြီးကြည်ံနိုင်ပါတယ် ၊

မောင့်ပုလဲဇင့် ဟိုတယ်နေရာကို 19.882087,96.137445 လို့ ဂူဂယ်မတ်မှာ ရိုက်ထည့်ရှာကြည့်နိုင်ပါတယ် ၊

မောင့်ပုလဲဇင့်ဟော်တယ်မှာ ခေတ်မီဆက်သွယ်ရေးကိရိယာများအပြည့်တပ်ဆင်ထားပြီး အင်တာနက်လိုင်းအတွက် သီးသန့်ဖိုင်ဘာဂလပ်ကြိုးများဖြင့် ဆက်သွယ်ထားတယ်လို့လဲ သိရပါတယ် ၊

ယခုအခါ မောင့်ပုလဲဇင့် ဟိုတယ်ပိုင် သီးသန့်လမ်းအဖြစ် မိုင် ၃၀ လောက်ရှည်တဲ့ တောင်ပေါ်ကွန်ကရစ်လမ်းမကြီးကိုဖောက်လုပ်ပြီးစီးသွားပြီလို့သိရပါတယ် ၊

အဲဒီလမ်းမကြီးဟာ မောင့် ပုလဲဇင့်ကနေ တောင်ကြောအတိုင်း ဆက်သွားရင် တပ်ကုန်းမြို့မြောက်ဖက်အထွက် ကိုရောက်သွားမှာဖြစ်ပါတယ် ၊

အဲဒီလမ်းမကြီးကိုလည်း ဦးသန်းရွှေမြေး ဖိုးလပြည့်ကို လက်ဆောင်အဖြစ်ပေးမယ်လို့ သိရပါတယ် ၊

အဲဒီလမ်းမကြီးအတိုင်း တပ်ကုန်းဘက်ကနေ လာမယ်ဆိုရင် ဂူဂယ်မတ်ပေါ်မှာ ဒီအမှတ်တွေကို တစ်ခုပြီးတစ်ခုရိုက်ထည့်ပြီးကြည့်နိုင်ပါတယ် ၊
ရန်ကုန် မန္တလေးလမ်းဟောင်းမှ တပ်ကုန်းနေုပြည်တော် သီသန့်လမ်း အဝင် 20.152813,96.192069
တပ်ကုန်းနေပြည်တော် သီးသန့်လမ်းမှ မောင့်ပုလဲဇင့်ဟော်တယ်ပိုင်လမ်းသို့အဝင် 20.145602,96.171434

အဲဒီလမ်းမကြီးကို နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသိန်းညွန့်က တာဝန်ယူ အကုန်အကျခံ တည်ဆောက်ပေးခဲ့တာလို့ သိရပါတယ် ၊

နေပြည်တော်ရောက်ဖူးသူတိုင်း မောင့် ပုလဲဇင့်ကို မရောက်ဖူးကြပါဘူး ၊ မောင့်ပုလဲဇင့်ကို မရောက်ဖူးရင် ခေတ်မမှီဘူးလို့လည်း ပြောသံတွေကြားရပါတယ် ၊

အခြားဟိုတယ်တွေမှာ မရရှိနိုင်တာတွေ အကုန်လုံးကို မောင့်ပုလဲဇင့်မှာ ရရှိနိုင်အောင် အရန်သင့် ထားရှိထားတယ်လို့ သိရပါတယ် ၊

မောင့်ပုလဲဇင့် ဟိုတယ်ဟာ ဦးသန်းရွှေ အိမ်မက်ရတဲ့ အတိုင်းတည်ဆောာက်ထားတာဖြစ်ပြီး မြေးဖြစ်သူ ဖိုးလပြည့် အကြိုက်ဝန်ဆောင်မှုများကိုလည်း အပြည့်အစုံဖြစ်အောင် ထည့်သွင်းထားတယ်လို့ သိရပါတယ် ၊

မောင့်ပုလဇင့် ဟိုတယ်ရဲ့ အနောက်ဖက် ကပ်ရပ်မှာတော့ ဧကသောင်းချီရှိတဲ့ သစ်တောကြိုဝိုင်းကြီးတစ်ခုရှိပါတယ် ၊

အဲဒီသစ်တောကြိုးဝိုင်းကြိးကိုလည်း ဦးသန်းရွှေ နဲ့ ဒေါ်ကြိုင်ကြိုင်တို့က မြေးတော်လေး ဖိုးလပြည့်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးထားတယ်လို့ သိရပါတယ် ၊
(နေပြည်တော်မှ ပေးပို့လာသော သတင်းဖြစ်သည်)