Wednesday, August 14, 2013

ရာထူးအပြောင်းအလဲလုပ်ခြေရာဖျောက်ဖို့လုပ်မနေနဲ့

လူပေါင်းစုံပါဝင်ရေးသားခဲ့တဲ့ ရခိုင် စုံ/ကော်ရဲ့ အစီရင်ခံစာမှာ ... ထောက်လှမ်းရေးခေတ်ကတည်းက အခုအချိန်အထိ ဘင်္ဂလီတွေကို နည်းမျိုးစုံနဲ့ ခိုးသွင်းခဲ့တာတွေကို ...... တိုက်ရိုက် ... စုတ်ပြတ်စွာ ..ရေးသားထားတယ်..။

ခေါင်တွေနဲ့ ယခင် ချုပ်ချုပ်ကြီဒရဲ့ အရင်းနှီးဆုံးသူတွေ ..ပါဝင်ပတ်သက်နေတဲ့အတွက် နစက ကို အပျောက်ရိုက်လိုက်တာကလွဲလို့ ဘယ်တာဝန်ရှိသူကမှ ... တရားဝင်ရော တရားမ၀င်ရော အရေးယူမခံရဘူး ..။ 

လက်ပံတောင်း အစီရင်ခံစာကို ဒေါ်စု ဦးဆောငက်တဲ့ လက်ပံတောင်း စုံ/ကော်က ယခင်က အတွင်းစည်းတွေ/ နစ်နာမှုတွေနဲ့ ဘုန်းကြီးတွေ မီးလောင်တာတွေကအစ ... သေချာစေ့စပ်စွာ တင်ပြခဲ့တယ်..။

အရင်က ပေါင်းစားခဲ့တဲ့ တာဝန်ရှီသူအဆင့်ဆင့်ကို တရားဝင် ကြေညာ အရေးမယူတဲ့အပြင် လျှော်ကြေးတွေ ကမန်းကတန်း ထ ပေးပြီး ... ကျန်တဲ့ကိစ္စတွေကို လျစ်လျူရှု .. ပိုင်ပြီဆိုပြီး ၀င်ဆော်ဖို့ ကြိုးစားတယ်..။ လူဝါး ... ပြန်ဝ လာတယ်..။

ဒေါ်စုဦးဆောင်တဲ့ တရားဥပဒေစိုးမိုး အေးချမ်း ကော်မတီက မူးယစ်ရာဇာတွေကို မဖမ်းပဲ ...ဆေးတွေနဲ့ ကယ်ရီသမားတွေပဲ မိတာကို လွှတ်တော်မှာ ထောက်ပြတယ်...။
ကိုကို တောင် လာမရှင်းရဲဘူး ..။ နားရွက်တောင် မခတ်ရဲကြဘူး ..။ အရှက်လည်းမရှိကြဘူး..။

ထုံးစံအတိုင်း .. ကိုယ့်လူတွေကို ကာဗာလုပ် ဟိုနေရာပြောင်းဒီနေရာပြောင်းလုပ်ပြ....။ ပြီးရင် ... ဘာမှ မဖြစ်သလိုနဲ့ ........ လာဦးမှာပဲ..။