Saturday, August 03, 2013

တယုတ်ဘာခြေလှမ်း လှမ်းနေလဲမသိတဲ့ သောက်တုံးတွေ

ဒီလပိုင်းမှာ .. တစ်ခု သံသယ၀င်လာတာ ရှိပါတယ်....။
အထူး စီးပွားရေးဇုံ အဖြစ် သတ်မှတ်ထားတဲ့ ရန်ကုန် အနီးပါတ်ဝန်းကျင်နဲ့ ... နိုင်ငံအနှံ့အပြားက စက်မှုဇုံအဖြစ် စီမံကိန်းကြီးများချထားတဲ့ဒေသတ၀ိုက်မှာ ....

information ဦးတဲ့သူတွေက 
အိမ်တွေ ခြံတွေ .. လယ်တွေ .. ကြိုတင် ၀ယ်ယူထားကြပါတယ်..။

ထူးခြားတာက အရင်တုန်းက ပြည်တွင်းက ပိုင်ရာဆိုင်ရာတွေ၊ ခရိုနီတွေ information ဦးလို့ လာရောက်ဝယ်ယူနေကြပေမယ့် ဒီနှစ်ပိုင်းမှာ ..... အိမ်နီးချင်း နိုင်ငံကြီးက ပြည်မကြီးတရုတ်များပါ လာရောက်လို့တမျိုး၊ နာမည်ခံပြီး တနည်း ..အလုအယက် ၀ယ်ယူနေကြတာ .. ပိုမိုများပြားလာကြပါတယ်..။

နေပြည်တော်မြို့တော် စီမံကိန်းတုန်းကလို အရာရှိကြီးတွေ ဗိုလ်ချုပ်ကြီးတွေ၊ ခရိုနီကြီးတွေရဲ့နေရာတွေကလွဲရင်ဗမာစကားမတတ်တဲ့သူတွေ ရှေ့ဆုံးက ဦးအောင်ဝယ်ယူထားသလိုမျိုးပါ (ဥပမာ သပြေကုန်း)

အခုလည်း .. ဒီအတိုင်းပါပဲ..။

အဲဒီလိုတွေ .. ပိုက်ဆံ အလကားရသလို ဈေးမဆစ်၊ ဈေး ပိုပေး စွတ်စက်ဝယ်နေကြတော့ .. တကယ်တမ်း နိုင်ငံတကာ ရင်းနှီမြုပ်နှံသူတွေ လာရောက်ချိန်၊ investment လုပ်ဖို့၊ industry လုပ်ဖို့ မြေနေရာ လာရှာချိန်မှာ ... မြေဈေးတွေဟာ အဲဒီ တရုတ်တွေက ၀ယ်လောက်ရောင်းလိုက် ကစားထားတော့ .. အဆမတန် ...မြင့်နေပြီ..။

အဲဒီတော့ ... investor တွေ ... လန်ကုန်ရော..။ ပြေးကုန်ရော..။ သူတို့ထုတ်မယ့် product က မြေဈေးကြောင့် .. မကိုက်တော့ဘူး..။ သူတို့လုပ်မယ့် စီမံကိန်းတွေ၊ ထွက်ကုန်တွေရဲ့ ရလာဒ်တွေ .. ဈေးကြီးကုန်မှာစိုးလို့ ... ပြန်သုံးသပ်ကြ..။ တပ်ခေါက်သွားကြနဲ့ ....
ရုပ်ပျက်လာတာ ... တဖြေးဖြေး ..... သိသာလာပါပြီ...။

အဲဒီတော့ ... တပ်လန်ကုန်ကြရော..။ ပြည်တွင်းက ခရိုနီတွေကလည်း အမျိုးသားအကျိုးစီးပွားမရှိဘဲ သူတို့ကစားတိုင်းလိုက်ကစား လိုက်ဝယ်ကြ...။ 
အဲဒီတော့ .. ပိုပြီး ဈေးတွေက အဆမတန်မြင့်လာ..။ ပြန်ချလို့မရ..။.
လက်ရှိမှာ ခရိုနီတွေ ပိုင်ရာဆိုင်ရာတွေထက် .. တရုတ်တွေက ... အဆိုးဆုံးပါ..။

အဲဒီတော့ ... သံသယ၀င်လာတာက .... ရည်ရွယ်ချက် ရှိရှိများ ..ပညာပြဖန်တီးနေတာလား....လို့..

အဲဒီ မြေကစားသူတွေ အသုံးပြုတဲ့ ငွေပင်ငွေရင်းဟာ ... တရုတ်ပြည်က အစိုးရပိုင် ဘဏ်တွေ ကော်ပိုရိတ်တွေကနေ တစ်နှစ်ကို အတိုးအနည်းငယ်နဲ့ ချေးငှားလာတဲ့ ..ငွေတွေဆိုတာ... လေ့လာဖူးသူတိုင်း သိပါတယ်..။ 

သူတို့ ငွေပိုက်ပြီး .. ၀င်လာကြတယ်..။

မြေယာတွေကို .. ဈေးကစားတယ်.။. ဈေးကြီးပေး ၀ယ်ကြတယ်..။ ဒီက ခရိုနီတွေ ပိုင်ရာဆိုင်ရာတွေကလည်း .. သောက်မှန်းကန်းမှန်း မသိ. ..ကိုယ့်ဘို့ တစ်ဘို့ထဲကြည့်ပြီး.. .အလုအယက် သူတို့နဲ့ အပြိုင် ၀ယ်ကြတယ်..။ မြေတွေ ..နေရာ ဦးထားကြတယ်..။.

ဥရောပ၊ ဂျပန်၊ ကိုရီးယားက ရင်းနှီးမြုပ်နှံသူတွေက မြေရာတွေကို သူတို့တွေဆီက ပြန်ဝယ်ရမယ်၊ ပြန်ငှားရမယ် ဆိုတော့က .... ...
တပ်လန်သွားတယ်.။ နောက်ဆုတ်သွားတယ်.။.
ပြန်စဉ်းစားလာကြတယ်.......

ကစားကွက်က ရိုးရိုးလေး...။

မြစ်ဆုံကိစ္စကို သမ္မတက ရပ်ဆိုင်းအပြီးမှာ ..

တရုတ်က ကျောက်မျက်ကျောက်စိမ်း တင်သွင်းခွန်ကို အဆပေါင်းများစွာ မြှင့်လိုက်ပြီး ..

မြန်မာပြည်ကို ကျောက်စိမ်းလာဝယ်မယ့် တရုတ်ကျောက်ကုန်သည်တွေကို ငွေထုတ်မချေးတာကြောင့် ..

ပြည်တွင်း ကျောက်စိမ်းဈေးကွက် ... လု့းဝ ပျက်စီးပွားလို့ ကျောက်မျက်ပြပွဲတောင် တစ်နှစ်လောက်ရပ်သွားတာ ............

သက်သေအခိုင်အမာကြီးနော်...။

ကဲ.......။

ကျေးဇူးရှင် .....ဆို..။

ငရဲသား