Friday, August 16, 2013

အိမ်နီးနားချင်း ဂျင်းထည့်တဲ့ ဆွေမျိုးပေါက်ဖော်

Nine Nine Sanay (ဖွားဖွားစနေ) ပြောတဲ့

နိုင်ငံခြားသားတို့ရဲ့အမြင်ထဲက တရုတ်ပြည်ရဲ့အစာအဆိပ် ၁ဝမျိုး

(၁ဝ) ပဲပင်ပေါက်
ပဲပင်ပေါက်တွေ သန်အောင် မြန်မြန်ကြီးအောင် တားမြစ်ဆေးတွေ အသုံးပြုထားတယ်

(၉) မန်ထို (အစာသွပ်မထားတဲ့ ပေါက်စီ)
ဒိတ်လွန်မန်ထိုများကို ပြန်လည်အသုံးပြုထားတယ်

(၈) ဆံပင်ငံပြာရည်
အရင်းအနှီးနည်းအောင် ဆံပင်တွေကို ငံပြာရည်ထဲ ရောနှောပြုလုပ်တယ်

(၇) ဆိတ်ကျင်ငယ်ဘဲသား
ဆိတ်သားဈေးများတော့ ဈေးပေါတဲ့ဘဲသားနဲ့ ဆိတ်သားဆိုပြီးရောင်းတယ်။
ဆိတ်သားနံ့ရအောင် ဆိတ်ကျင်ငယ်ရေနဲ့ ဘဲသားကိုစိမ်တယ်။ ထို့အတူ ကြောင်သား၊ ကြွက်သားတွေကိုလည်း
ဆိတ်ကျင်ငယ်ရေနဲ့စိမ်ပြီး ဆိတ်သားအဖြစ်ရောင်းကြတာလည်း ရှိတယ်။

(၆) အမှိုက်စားကြီးတဲ့ နွား
အနောက်တိုင်းနွားတွေက သီချင်းနားထောင်ပြီး ကြီးတယ်။ သူတို့နွားတွေက အမှိုက်စားပြီး ကြီးတယ်။

(၅) ကြက်ဥတု

(၄) အဆိပ်နို့မှုန့်
ကိုယ့်ပြည်တွင်းဖြစ် နို့မှုန့်ကိုမသုံးရဲလို့ ဟောင်ကောင် ဒါမှမဟုတ် နိုင်ငံခြားက နို့မှုန့်ကို မှာယူသုံးစွဲကြတယ်

(၃) အရက်တု
အရက်အတုသောက်ပြီး သေဆုံးသူတွေ ဒူးနဲ့ဒေး

(၂) မစင်နဲ့လုပ်တဲ့ တိုဟူး
အနံ့နံတဲ့တိုဟူးတစ်မျိုးရှိတယ်။ ပဲပုပ်လိုပဲ ကောက်ရိုးတွေနဲ့အုပ်ပြီး အမွေးထွက်နံ့စေတဲ့ တိုဟူးမျိုးပေါ့။
ဒါပေမယ့် တရုတ်ပြည်က အဲဒီတိုဟူးမျိုးကို မြန်မြန်နံအောင်ဆိုပြီး မစင်နဲ့စိမ်တယ်တဲ့။ မစင်ထဲ တိုက်ရိုက်ထည့်စိမ်တာမျိုး
မဟုတ်ဘဲ စစ်ပြီးသား အစင်ရေထဲ ထည့်စိမ်တာတဲ့.. (ဝေါ့...)

(၁) ရေအောက်မြောင်းထဲက ဆီ
စားသောက်ဆိုင်တွေကနေ သွန်ထုတ်လိုက်တဲ့ဆီတွေကို ရေအောက်မြောင်းထဲကနေတဆင့် ခပ်ထုတ်ပြီး
ပြန်လည်ကြိုချက်ထားတဲ့ ဆီ

တရုတ်ပြည်က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံပါ... တရုတ်ပြည်ထုတ် အစားအသောက်တွေ မြန်မာပြည်ထဲ အလုံးအရင်းနဲ့ဝင်ရောက်တယ်.. ဆင်ခြင်စားသုံးနိုင်ကြပါစေ.