Wednesday, July 17, 2013

ဖွတ်ဖားတွေကို အားလုံးက..စောင့်ကြည့်နေတယ်

အာဇာနည်နေ့မှာ ဘာလုပ်သင့်တယ်..ညာလုပ်သင့်တယ် စသဖြင့်..
အထိန်းအမှတ်လေးတွေလုပ်ပေးကြဖို့...
အခုလို.. တောင်းဆိုကြတော့..

တစ်ချို့ကလက်မခံကြဖူး...

ဗိုလ်ချုပ်ကို ဗိုလ်ချုပ်မှုးကြီးလောက်တောင်..
လေးစားရကောင်းမှန်းမသိတဲ့...
ဖွတ်ဖါးတွေက...ဝေဘန်ကြတယ်..

ဒေါ်စုကို ဒေါ်ကြိုင်ကြိုင်လောက်တောင် .
တန်ဘိုးမထားတဲ့ 
ငတတွေက..၀ိုင်းအာကြတယ်..

အာဇာနည်ဗိမာန်ကို.နေပြည်တော်က ရေပန်းဥယျာဉ်လောက်တောင်
အလေးအနက်မထားတဲ့ ..ငနွားတွေက..ပုတ်ခတ်တယ်..

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ကေတီဗွီလောက်တောင်..
ခေါင်းထဲမှာမရှိတဲ့ ..လဒူတွေက.လက်ညှိုးထိုးတတ်တယ်..

ဘာဖြစ်သွားမှာမို့လဲ..၊
ဘာတွေ ထိခိုက်စရာရှိလဲ..၊
အာဇာနည်နေ့ရဲ့တန်ဘိုးကို ..
နားလည်တဲ့သူတွေကတောင်းဆိုတာ.

သူများအိမ်မီးရှို့ဖို့...
တုတ်ဆွဲဓားဆွဲနဲ့..
တွေ့တဲ့သူရိုက်သတ်ဖို့
တောင်းဆိုတာမဟုတ်ဘူး..

အဲဒီဖြစ်စဉ်တွေတုန်းကတော့.ငြိမ်နေကြပြီး..
ခုမှ...ဝေဘန်မနေသင့်ပါဘူး..၊

အခုကတည်းကပြောထားမယ်..

သန်းရွှေသာ..သေကြည့်..

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့.. သံပုံးတီးပြမယ်..၊
ပျော်ပွဲရွှင်ပွဲတွေ ခုနစ်ရက်ခုနှလီလုပ်ပြမယ်..
ကြည့်နေကြပါ...မယုံရင်.၊

အားလုံးလဲ အဲဒီလိုလုပ်ကြမှာသေချာတယ်..
အဲဒီအခါကျမှ...
အသုဘအိမ်ကို ကြိတ်ပြီး သတင်းသွားမေးတာတို့
ကြိတ်ပြီးသွားထောက်ပံ့တာတို့..၊
ခိုးဝှက်သွားရောက်ပြီး..မျက်ရည်ကျပူဆွေးတာတို့..

ဘယ်သူတွေလုပ်ကြမလဲဆိုတာ ကြည့်လိုက်မယ်..

အဲဒီအသံတွေကြားလာလို့ကတော့...

အားလုံးက..စောင့်ကြည့်နေတယ်ဆိုတာ သဘောပေါက်.၊