Tuesday, June 18, 2013

ပြည်သူတို့အောင်ပွဲရလိုက်သော အောင်လံမြို့က တစ်ခုသောအရေးအခင်း

 

 

ဒမြန်မာနိုင်ငံ၏လက်ရှိအခြေအနေ သည်အရေးအခင်းများ ဆူပူအကြမ်း ဖက်မှုများနှင့် မြင်မကောင်းရှုမကောင်း အောင်ပျက်စီးဆုံးရှုံးမှုများသည်သတင်း စာများ၊ ဂျာနယ်များတွင် အမြဲလိုပင်မြင်  တွေ့နေရပါသည်။ ဆူပူအကြမ်းဖက်မှု များသည်ကားနောက်ဆုံးမကောင်းဆိုးဝါး အနိဋ္ဌာရုံပုံရိပ်များသာထင်ကျန်လေ့ရှိ သည်။
မြန်မာနိုင်ငံသည်ဒီမိုကရေစီလမ်း ကြောင်းပေါ်လျှောက် လှမ်းကာစအချိန်  မှာပင် စိမ်ခေါ်မှုအမျိုးမျိုး၊အရေးအခင်း ပေါင်းများစွာ ဆူပူအကြမ်းဖက်မှုအကြိမ် ကြိမ်ကြုံတွေ့ခဲ့ရသည်။ အစိုးရသစ်လက် ထက်မှာ ပဋိပက္ခမှုများ၊ အရေးအခင်းများကို ခြေရာကောက်ကြည့်မည်ဆိုပါလျှင်။
၂၀၁၂ ခုနှစ်ဇွန်လတွင် ရခိုင်ပြည် နယ်၌ ရခိုင်နှင့် ဘင်္ဂါလီတို့၏။ ပဋိပက္ခမှု ကြီးသည်ကြောက်ခမန်းလိလိဖြစ်ပေါ် လာခဲ့သည်။ တစ်ဖက်နှင့် တစ်ဖက်လူ   သတ်ပွဲကြီးများဆင်နွှဲနေရုံမျှမက ရွာလုံး  ကျွတ်၊ မီးရှို့ရပ်ကွက်လုံးကျွတ်၊ မီးတွေ လောင်ပြီးရခိုင်ပြည်နယ်မီးသည်တဟုန်း  ဟုန်းတောက်လောင်လာခဲ့သည်။
ရခိုင်ပြည်နယ်မီးက မငြိမ်းခင်မှာပင် စစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့ နယ်လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရှိကျေးရွာများမှ လယ်ယာမြေကိစ္စများ နှင့် ပတ်သက်၍မကျေနပ်မှုများများပြား  လာကာ သပိတ်စခန်းကြီးများကြီးထွား   လာခဲ့သည်။ ကြေးနီစီမံကိန်းအတွက် မြေ များတူးဖော်ရာတွင် လယ်တီဆရာတော် ဘုရားကြီး၏ သာသနာမြေများထိပါးလာ  သဖြင့် သံဃာတော်များပါသပိတ်စခန်း မှာ ပါဝင်လာတော့သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း  မှ သပိတ်စခန်းများ ပေါက်ကွဲရန်တာဆူ နေချိန်မှာပင် ရခိုင်နှင့် ဘင်္ဂါလီတို့၏ ဒုတိယအကြိမ်၊ ပဋိပက္ခမှုကြီးသည် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် ထပ်မံဖြစ် ပွားပြီး တစ်ဖက်နှင့် တစ်ဖက်တိုက်ပွဲများ ပြင်းထန်လာကာရခိုင်ပြည်နယ်မီး ဟုန်းဟုန်းတောက်ခဲ့ပြီး ပုဒ်မ (၁၄၄) ထုတ်ပြီးထိန်းသိမ်းတော့မှ ရခိုင်ပြည်နယ်  မီးတောက်ငြိမ်းစပြုလာသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်  နေ့တွင် ပေါက်ကွဲရန် တာဆူနေသော လက်ပံတောင်းတောင်သပိတ်စခန်းကြီး သည်ပြင်းပြင်းထန်ထန်ဖြိုခွင်းခံရပြီး သံဃာတော်များဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကြသည်။
၂၀၁၃ ဖေဖော်ဝါရီ (၂၆) ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ နယ်မလက်တိုကျေးရွာအုပ်စုပလောင်ကျေး ရွာအနီးတွင် ငါးကန်ပြုလုပ်ထားသော မြေများနှင့် ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ်လာကာ တုတ်ဓားကိုင်ဆောင် ထားသော ဒေသခံရွာသားများနှင့် ရဲတပ်  ဖွဲ့ဝင်များတိုက်ခိုက်မှုပြင်းပြင်းထန်ထန်ဖြစ် ပွားခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘက်မှ အရာရှိနှစ်ဦး၊ အခြားအဆင့် (၂၈) ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲသားတစ်ဦး ဒဏ်ရာပြင်းထန်သဖြင့်သေဆုံးသွားခဲ့သည်။  အရပ်သားများဘက်မှလည်း (၁၅) ဦး ဒဏ်ရရရှိခဲ့သည်။
၂၀၁၃ ခုနှစ် မတ်လ (၂၀) ရက်နေ့   ကလည်း မန္တလေးတိုင်းဒေသကြီးမိတ်္ထီလာ မြို့နယ်၊ မြို့မအရှေ့ပြင်ဈေးရှိရွှေဆိုင်တစ် ဆိုင်တွင် သာမန်ရွှေအရောင်းအ၀ယ်လုပ်  ရာမှ အချင်းများရန်ဖြစ်ကြပြီး အမှိုက်ကစ  ပြဿဒ်မီးလောင်ကာ တစ်ဘက်နှင့် တစ် ဘက်ရက်ရက်စက်စက်သတ်ကြဖြတ်ကြ အိမ်များမီးရှို့ကြနှင့် ဧရာမကြောက်စရာ ကောင်းသောဆူပူအကြမ်းဖက်မှုကြီးဖြစ်  ပေါ်လာခဲ့သည်။
၂၀၁၃ ခုနှစ်မေလတွင် ရန်ကုန်တိုင်း ဒေသကြီး၊ဥက္ကံမြို့နယ်တွင် ကိုယ်ရင်လေး တစ်ပါး၏သပိတ်နှင့် ဘာသာခြားအမျိုး သမီးတစ်ဦးမတော်တဆထိခိုက်မှုဖြစ်ပွား ခဲ့သည်။ ဤကိစ္စအပေါ်တစ်ဖက်နှင့် တစ်ဖက်စကားပြောမပြေမပြစ်၊ မချေ မငံဆက်ဆံရာမှ ရုံးရောက်၊ ဂါတ်ရောက် သည်ထိဖြစ်ပွားခဲ့ပြီးနောက်ဆုံးဆူပူအုံကြွ မှုနှင့် မီးရှို့ဖျက်ဆီးမှုများဖြစ်ပေါ်လာခဲ့ သည်။
အထက်ဖော်ပြပါဆူပူအကြမ်းဖက် မှုများကြောင့် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့  ဦးတည်နေသော မြန်မာနိုင်ငံသည်တိုင်း ပြည်နုနုမုန်တိုင်းထန်ထန်နှင့် ကြုံတွေ့နေ ရပေသည်။ ထိုကြောင့်မြန်မာနိုင်ငံ၏လက်  ရှိအခြေအနေကိုကြည့်မည်ဆိုပါက မြန်မာ  နိုင်ငံသည်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်ဆိုသော်လည်းဆူပူ  အကြမ်းဖက်မှုများ၊ အရေးအခင်းများကြား  မှာ သွေးခင်းသောလမ်းနှင့် မီးခင်းသော လမ်းကိုလျှောက်ရင်းဓားတောင်တွေကျော် မီးပင်လယ်တွေဖြတ်နေရချေသည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံသည် ရှေ့ဆက်သွားမှာလား။ နောက်ကြောင်း ပြန်လှည့်မှာလား။ ဤမေးခွန်းသည် မေးစရာကောင်းသောမေးခွန်းဖြစ်လာပါ သည်။ ပဲခူးတိုင်းဒေသကြီးအနောက်ဘက် ခြမ်းမှာဆူပူအကြမ်းဖက်မှုများဖြစ်ပေါ် လာပုံမှာ အလွန်ထူးခြားဆန်းပြားကြောင်း တွေ့ရှိရသည်။ ညအချိန်မတော်အချိန်တွင်  လူအုပ်စုတစ်စုသည်အချို့ဆိုင်ကယ်အချို့  ကားများနှင့် ရုတ်တရက်ရောက်ရှိလာပြီး ဗလီများကို ၀င်ရောက်ဖျက်ဆီးကာ ဆူပူ  အကြမ်းဖက်မှုများဖြစ်အောင်လှုံ့ဆော်  ဖန်တီးခဲ့ကြသည်။ သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများရောက်လာကြသော အခါကြက်ပျောက်ငှက်ပျောက်ပျောက်ကုန် ကြသည်။ ထိုသို့ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာအောင်ဖန်တီးပေးနေသော ဖန်တီးရှင်များသည်မည်သို့သောဒေသ များမှ ရောက်ရှိလာကြသနည်း။
အဖြေကရှင်းပါသည်။ ဆူပူအကြမ်း  ဖက်မှုများစဉ်ဆက်မပြတ်ဖြစ်ပေါ်အောင် ဖန်တီးနေသူများသည်မြန်မာနိုင်ငံကိုနောက် ကြောင်းပြန်လှည့်စေလိုသောမြန်မာအစွန်း ရောက်ဝါဒီများရှိနေသဖြင့် မြန်မာနိုင်ငံ   သားများအားလုံးစုပေါင်းကာကွယ်ကြရန် အထူးလိုအပ်နေပါသည်။
အရေးအခင်းများနှင့် အထူးလိုအပ် နေပါသည်။ အဆုံးသတ်ပုံကြည့်လျှင် သေကြေပျက်စီးခြင်း၊ အိမ်များ၊ မီးရှုံးခံရ ခြင်းများနှင့်သာအဆုံးသတ်လေ့ရှိသည်။  သို့သော်မကွေးတိုင်းဒေသကြီးအောင်လံ မြို့ပေါ်တွင် ဖြစ်ပွားခဲ့သောအရေးခင်း သည်အေးအေးချမ်းချမ်းနှင့် ပင်ပြီးဆုံး သွားခဲ့ပါသည်အောင်လံအရေးအခင်း ၏စလယ်ဆုံးမှာစာရေးသူကိုယ်တိုင်ကိုယ် ကျမြင်တွေ့ခဲ့ရပါသည်။
စာရေးသူသည်အောင်လံသားအောင် လံဇာတိဖြစ်ပါသည်။ ရန်ကုန်မှာ အခြေ ချနေထိုင်ပြီးကိုယ့်မြို့ကိုယ်ဒေသအောင်လံ မြို့သို့ ခေတ္တအလည်အပတ်ရောက်ရှိနေ  ခြင်းဖြစ်ပါသည်။ စာရေးသူသည်အောင် လံတွင် တူတော်စပ်သူကျော်နိုင်ဦးအိမ် တွင် တည်းပါသည်။ စာရေးသူအောင်လံ ရောက်ပြီးတစ်ပတ်အကြာတွင် ကျော်နိုင်ဦး ဆီကထူးဆန်းသောစကားကြားရပါသည်။
“လေးလေး။အောင်လံရောက်တုန်းပွဲ ကြီးပွဲကောင်းတွေ့ရလိမ့်မယ်။ (၆) ရက်၊ (၆) လမှာ အောင်လံမှာ အရေးအခင်း အကြီးအကျယ်ဖြစ်လိမ့်မယ်”
စာရေးသူသည်ကျော်နိုင်ဦးစကား  ကြားရသော အခါအလွန်အမင်းအံ့သြသွား  ပါသည်။
“အရေးအခင်းဖြစ်မယ်ဆိုတာ ဘယ်လိုကြိုသိနိုင်မလဲ။ အရေးအခင်းဆို တာဘုရားပွဲလှည့်တာလိုကြိုပီးသိနိုင်တာ မျိုးလား”
“သိတာပေါ့လေးလေးရ။ မနက်ဖြန် (၆) ရက် (၆) လအောင်လံမှာအရေးအခင်း အကြီးအကျယ်ဖြစ်မယ်လို့အင်တာနက် မှာပါတယ်။ တစ်မြို့လုံးအရေးအခင်းဖြစ် မယ်လို့ပြောနေကြတယ်။
စာရေးသူသည်။ ကိုယ့်မြို့ကိုယ့်ရွာ အလည်အပတ်ပြန်လာစဉ်၊ အေးအေးချမ်း  ချမ်းသာမြင်တွေ့လိုပါသည်။ စိတ်မချမ်း စရာအနိဋ္ဌာရုံမြင်ကွင်းတွေမမြင်လိုမတွေ့  လိုပါ။
(၆) ရက် (၆) လ နံနက်ခင်းသို့ရောက်  လာပါသည်။ အောင်လံအရေးအခင်းသည်  ကြိုတင်သိထားသည့်အတိုင်းတကယ်ဖြစ် လာပါသည်။
“စက်ရုံအ.မ.က (၂) မှာ ကျောင်းသား လေးတစ်ယောက်အသတ်ခံရလို့တဲ့။       လူတွေလဲ တုတ်တွေဓားတွေဆွဲပြီး စက်ရုံ အမက (၂) ကိုသွားနေကြတယ်။ ကျွန်တော်လည်း အဲဒီလူအုပ်ကြီးနောက် လိုက်ကြည့်မလို့လေးလေးရောလိုက် ဦးမလား”
စာရေးသူသည်ကျော်နိုင်ဦးဆိုင်ကယ် နောက်မှာ ထိုင်လိုက်ခဲ့ပါသည်။ မကြာမီ တုတ်တွေ၊ ဓားတွေကိုင်ဆောင်ထားသော   လူအုပ်ကြီးကိုမီလာပါသည်။ ခဏအကြာ မှာပင်လူအုပ်ကြီးသည်စက်ရုံအမက (၂) ရှေ့နားရောက်လာပါသည်။ စာရေး သူသည်ကျောင်းရှေ့လက်ဖက်ရည်ဆိုင် တွင် ထိုင်ပြီး အခြေအနေကိုစောင့်ကြည့် နေပါသည်။
“အသတ်ခံရတဲ့ကလေးဘယ်သူလဲ ဘယ်သူသတ်သွားတာလဲ”
“ကျောင်းအမြန်ဆင်းပေးပါ။”
“ကျွန်မတို့ကလေးတွေ အမြန်တွေ့ ခွင့်ပေးပါ။”
လူအုပ်ကြီးသည်ကျောင်းရှေ့မှာ တစ်ယောက်တစ်ပေါက်အော်ဟစ်ပြောဆို နေကြပါသည်။ သို့သော်ကျောင်းတစ် ကျောင်းလုံးစာသင်သံ၊ စာအံသံများနှင့် အေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်ရှိပါ  သည်။ ဆရာတစ်ယောက်ကျောင်းပေါက်  ၀နားရောက်လာပြီး”
ခင်ဗျားတို့ဘာတွေဖြစ်နေကြတာလဲ။  ဒီကျောင်းမှာ ဘယ်ကျောင်းသားမှ အသတ်မခံရဘူး။ ဘယ်သူကမှလာသတ် စရာအကြောင်းမရှိဘူး။ ဘာမှလဲမဖြစ်ဘူး။ ကလေးတွေအေးအေးချမ်းချမ်းစာသင်နေ  တာကို လာပြီးမနှောက်ယှက်ကြပါနဲ့။ ဆရာတစ်ယောက်က ကျောင်းပေါက်ဝမှ  ပြောပြနေသောအခါလူအုပ်ကြီးသည် အနည်းငယ်ငြိမ်ကျသွားပါသည်။
““ဒီကျောင်းမှာဖြစ်တာမဟုတ်ဘူးတဲ့။ တရော်ကုန်း၊ အ.မ.က(၁)က၊ ကျောင်း သားလေးအသတ်ခံရတာတဲ့။ အခုပဲ ဖုန်း လာနေတယ်””
လူအုပ်ကြီးထဲကတစ်ယောက်က ဖုန်းကိုင်ပြီးပြောနေသဖြင့် လူအုပ်ကြီး သည် တရော်ကုန်း အ.မ.က(၁)ဆီသို့ အပြေးအလွှား သွားကြပြန်သည်။ စာရေးသူသည် ကျော်နိုင်ဦးဆိုင်ကယ် နောက်မှာထိုင်လိုက်ရင်း လူအုပ်ကြီးလှုပ် ရှားမှုကိုလိုက်လံကြည့်ရှုနေမိပါသည်။ တရော်ကုန်း အ.မ.က(၁)သို့ ရောက် သွားသောအခါတွင်လည်း အေးအေး ချမ်းချမ်းစာသင်နေကြသည်။ တစ်စုံတစ် ရာထူးခြားမှုမတွေ့ရ။ တရော်ကုန်း အ.မ.က(၁)သည် စည်းကမ်းအလွန် ကြီးသော ကျောင်းဖြစ်သဖြင့် ဆူဆူညံ ညံမလုပ်ရဲကြဘဲ အပြင်မှနေ၍ မသိ မသာလေ့လာစူးစမ်းနေကြသည်။
““ဖုန်းဝင်လာတယ်။ သတင်းအတိ အကျရပြီ။ ကန်ကြီးပိုင်းက၊ ထ(၁)မှာနေ တဲ့ကျောင်းသားကိုသတ်သွားတာတဲ့။ ကန်ကြီးပိုင်းကလူအုပ်ကြီး ထ(၁)ဘက် ကို လာနေပြီ””ဟု လူအုပ်ထဲရှိ ဖုန်းပြော နေသူတစ်ယောက်က လှမ်းအော်ပြော နေပါသည်။ လူအုပ်ကြီးသည် ထ(၁)ဆီ သို့ လျှောက်သွားကြပြန်သည်။ စာရေး သူသည် လူအုပ်ကို မျက်ခြေအပြတ်မခံ ဘဲ ဆိုင်ကယ်နှင့်လိုက်ကြည့်ရင်း အ.ထ.က(၁)ရှေ့ရောက်လာပါသည်။ မကြာမီ ကန်ကြီးပိုင်းမှ လူအချို့ ထ(၁) သို့ ရောက်လာသဖြင့် ထ(၁)ရှေ့မှာ လူ တွေတဖြည်းဖြည်းများလာပါသည်။
““ကျောင်းအမြန်ဆင်းပေးပါ။ ကျွန်မ တို့ကလေးတွေကို အမြန်တွေ့ချင်တယ်””
““အသတ်ခံရတဲ့ကျောင်းသားဘယ် သူလဲ၊ အမြန်ဆုံးထုတ်ဖော်ပေးပါ””
““ကျောင်းမြန်မြန်ဆင်းပေးပါ””ဟု ကျောင်းရှေ့မှာတစ်ယောက်တစ်မျိုးအော် ဟစ်နေပါသည်။
ထိုအချိန်တွင် ရဲကားတစ်စီးရောက် ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များ ကားပေါ်မှ ဆင်းလာကာ နေရာအသီးသီးယူလိုက် ကြသည်။ ကြိုတင်ရောက်ရှိနေသော တာဝန်ရှိသူများနှင့်ပူးပေါင်းကာ လူအုပ် ကြီးကို ၀ိုင်းရံထားပါသည်။
““လူထုကြီးခင်ဗျား။ အေးချမ်းစွာ စာသင်ကြားနေတဲ့ ကျောင်းကြီးကို အနှောင့်အယှက်မပေးကြပါနဲ့၊ ကျောင်း သားအသတ်ခံရတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ ကောလာဟလတွေထုတ်လွှင့်ပြီး ဆူပူအကြမ်းဖက်မှုဖြစ်အောင် ဖန်တီးနေ ကြတာပါ။ အမြန်ဆုံးလူစုမခွဲရင် ထိထိ ရောက်ရောက် အရေးယူသွားမှာပါ””
ရဲအရာရှိတစ်ဦးက စကားပြောခွက် ကိုင်ပြောနေသဖြင့် လူအုပ်ကြီးလည်း အဖြစ်မှန်သိသွားကာ တဖြည်းဖြည်း လူစုကွဲသွားပါသည်။
စာရေးသူငယ်စဉ်ကနေလာခဲ့ဖူး သော ကျောင်းပျော်ပျော်ပါးပါးစာသင်ခဲ့ သောကျောင်း၊ ယခု ဤကျောင်းကြီးကို ပြန်လည်လေ့လာမိသောအခါ တည်ငြိမ် အေးချမ်းလျက်ရှိပါသည်။ ဆရာ၊ ဆရာမ တို့၏ ထိန်းသိမ်းကွပ်ကဲမှုကောင်းမွန်၍ ကျောင်းပြင်မှာ ငရဲတမျှဆူပွက်နေသော် လည်း ကျောင်းဝင်းအတွင်းမှာ ဓမ္မရိပ် သာတရားပြနေသလို ကျောင်းကြီးသည် အိနြေ္ဒရှိရှိရင့်ကျက်တည်ငြိမ်နေပါသည်။
အောင်လံအရေးအခင်းသည် ညင် ညင်သာသာလေးပြီးဆုံးသွားပါသည်။ သတင်းစာ၊ ဂျာနယ်များမှာ ဖတ်ရှုရသော အရေးအခင်းများသည် လူသတ်ပွဲများ၊ မီးရှို့ပွဲများနှင့် အဆုံးသတ်လေ့ရှိသော် လည်း အောင်လံအရေးအခင်းသည် အသေအပျောက်မရှိ၊ အပျက်အစီးမရှိ၊ ဆူပူအကြမ်းဖက်မှုများကို စုပေါင်းကာ ကွယ်နိုင်သဖြင့် အောင်လံအရေးအခင်း သည် အောင်လံမြို့၏အောင်ပွဲတစ်ခုပင် ခေါ်ဆိုနိုင်ပါသည်။
အောင်လံမြို့၏ အရေးအခင်းပုံ သဏ္ဌာန်ကို စာရေးသူအစအဆုံးကွင်း ဆင်းလေ့လာတွေ့ရှိခဲ့သမျှ အနုစိတ် လေ့လာသုံးသပ်ကြည့်လျှင် နောက်ကြောင်း ပြန်လိုသော ဖန်တီးရှင်များရှိနေသည်မှာ သေချာလွန်းလှသည်။ ထိုဖန်တီးရှင်များ ၏ လုပ်ကြံဖန်တီးမှုနည်းဗျူဟာသည် အလွန်အစွမ်းထက်ပြောင်မြောက်လှပါ သည်။ အေးအေးချမ်းချမ်းနေထိုင်တတ် သော အောင်လံမြို့သူ/မြို့သားများကို တုတ်၊ ဓားများကိုင်စေပြီး လမ်းပေါ်မ ရောက်ရောက်အောင် တွန်းပို့ပေးနိုင် သော စွမ်းရည်သတိ္တများသည် လက်ဖျား ခါလောက်ပါပေသည်။
သို့သော် အောင်လံမြို့ပေါ်ရှိ ရဲတပ် ဖွဲ့ဝင်များ၊ အာဏာပိုင်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၏ စည်းစည်းလုံးလုံးညီ ညီညွတ်ညွတ်ဖြင့် စုပေါင်းကာကွယ်တား ဆီးနိုင်သောကြောင့်၊ အရေးအခင်း အသွင်သဏ္ဌာန်သာပေါ်ပေါက်ခဲ့သော် လည်း အေးချမ်းညင်သာစွာပြီးဆုံးသွားခဲ့ ပါသည်။ စာရေးသူသည် အရေးအခင်း ပြီးဆုံးသွားသဖြင့် တူတော်မောင်၏ မော် တော်ဆိုင်ကယ်နောက်မှထိုင်ရင်း သူသွား ရာသို့ လိုက်ပါခဲ့ပါသည်။ တူတော်မောင် ကျော်နိုင်ဦးသည် သူ့မိတ်ဆွေပွဲစားကို ပြည်သိမ်းအိမ်သို့ ခေတ္တ၀င်နားပါသည်။
ကိုပြည်သိမ်းအိမ်မှာလည်း ယနေ့ နံနက်က အရေးအခင်းအကြောင်း၊ ကောလာဟလများအကြောင်း စားမြုံ့ပြန် လျက်ရှိကြသည်။ ကိုပြည်သိမ်းဇနီးမှာ သားဖြစ်သူ ဆယ်တန်းကျောင်းသား ပြန် မလာသေးသဖြင့် အလွန်စိတ်ပူနေဟန် ရှိသည်။
““ကိုပြည်သိမ်း ရှင့်သားထမင်းစား ကျောင်းဆင်းတာလည်း အတော်ကြာပြီ၊ ကျောင်းလည်းပြန်တက်တော့မယ်။ ခုထိ ထမင်းစားမပြန်သေးဘူး””
ကိုပြည်သိမ်းက ဇနီးသည်စိတ်ပူနေ မှန်းသိသဖြင့် ““သားက ကလေးမဟုတ် ပါဘူး။ ဆယ်တန်းကျောင်းသားကြီးပဲ ဖြစ်နေပြီ၊ အချိန်တန်ပြန်လာမှာပေါ့။ စိတ် ပူမနေပါနဲ့””
ကိုပြည်သိမ်းက ဇနီးသည်စိတ်မပူ အောင် ဖျောင်းဖျောင်းဖျဖျ ပြောဆိုနေ စဉ်မှာပင် သားဖြစ်သူဆိုင်ကယ်နှင့် ပြန် လာပါသည်။
““သားရယ် ဒီနေ့လိုနေ့မျိုးမှာ စော စောစီးစီး ပြန်လာမှပေါ့၊ အမေကတော့ စိတ်ပူလိုက်ရတာ””
““သားလဲ တခြားသွားနေတာမဟုတ် ပါဘူးမေမေ၊ သားတို့စာသင်ခန်းထဲမှာ မူဆလင်ကျောင်းသားတွေလည်းရှိတာပဲ။ သူတို့အဖေအမေတွေ လာမကြိုရဲကြဘူး။ သူတို့လည်း အိမ်မပြန်ရဲတော့၊ ကျောင်း ခန်းထဲမှာပဲနေကြတယ်။ သူတို့လည်း ထမင်းဆာတော့၊ သားတို့ရော၊ ဆရာမ တို့ပါ အားလုံးစုပေါင်းပြီး မုန့်တွေဝယ် ကျွေးကြတယ်။ ပြီးတော့ ကျောင်းသား မိဘတွေရယ်၊ ဆရာမတွေရယ်၊ သားတို့ သူငယ်ချင်းတွေကပါ သူတို့အိမ်ကိုလိုက် ပို့ကြတယ်။ သူတို့အဖေအမေတွေကလည်း သားတို့အားလုံးကို အရမ်းကျေးဇူးတင် ကြတယ်””
စာရေးသူသည် ကိုပြည်သိမ်း သား ငယ်စကားများကြားမိသောအခါ မြန်မာ နှင့်မူဆလင်တို့၏ တစ်ဦးပေါ်တစ်ဦး ကြင်ကြင်နာနာဖေးမကူညီစောင့်ရှောက် တတ်ပုံကို မျက်ဝါးထင်ထင်တွေ့နေရပါ သည်။
နောက်ကြောင်းပြန်လှည့်လိုသော ဖန်တီးရှင်တို့သည် မြန်မာနှင့်မူဆလင်တို့ အကြား အမုန်းတွေပွားစေပြီး ဆူပူ အကြမ်းဖက်မှုတွေ မည်သို့ပင်လှုံ့ဆော် ဖန်တီးစေကာမူ မြန်မာနှင့်မူဆလင်တို့ သည် တစ်ဦးပေါ်တစ်ဦးခိုင်ခိုင်မြဲမြဲ ရစ် ပတ်နှောင်ဖွဲ့ထားသော မေတ္တာတရားကို အရေးအခင်းများကြားမှာပင် ထင်ထင် ရှားရှားတွေ့မြင်နေရပါသည်။ စာရေးသူ သည် အောင်လံအရေးအခင်းပြီးဆုံးသွား သော်လည်း မြန်မာနှင့်မူဆလင်တို့၏ တစ်ဦးကိုတစ်ဦး ထားရှိအပ်သော ချစ် ခင်ကြင်နာမှုအငွေ့အသက်လေးများကို အထင်ကရ မြင်တွေ့နေရဆဲပင်။
အကယ်၍ နောက်ကြောင်းပြန် လှည့်လိုသော မြန်မာအစွန်းရောက်ဖန် တီးရှင်တို့သည် မြန်မာနိုင်ငံတစ်နှံတစ် လျားမှာ အရေးအခင်းကြီးများဖြစ်လာ အောင်၊ နည်းဗျူဟာမျိုးစုံသုံး၍ ဖန်တီး လာသည်ရှိသော် အောင်လံအရေးအခင်း ကဲ့သို့ တာဝန်ရှိပုဂိ္ဂုလ်များ၊ အာဏာပိုင် အဖွဲ့အစည်းများ ရဲတပ်ဖွဲ့ဝင်များ စုပေါင်း ကာကွယ်တားဆီးကြမည်ဆိုလျှင် ဆူပူ အကြမ်းဖက်မှုများ ဆိတ်သုဉ်းပျောက်ကွယ် သွားပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တည့်တည့်မတ်မတ်လျှောက်လှမ်းရင်း လင်းလက်တောက်ပနေသော ဒီမိုကရေစီ ရွှေနိုင်ငံသစ်ကြီးဆီသို့ မုချရောက်ရှိကြ ပေလိမ့်မည်။

ဆရာတိုး(စမ်းချောင်း)