Tuesday, May 21, 2013

နမ့်ခမ်းမြို့နယ်အခြေစိုက် RCSS/SSA စစ်စခန်းအား မြန်မာ့တပ်မတော်မှ တိုက်ခိုက်ရခြင်း အကြောင်းရင်း သုံးသပ်ချက်

ရှမ်းသံတော်ဆင့်

၁။ SSA တပ်စခန်း အတိုက်မခံရမှီ ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့ပိုင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်း ၃ ခုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါ
င်းစုက ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခြင်း

၂။ နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာအခြေစိုက် SSA အမှတ် ၇၀၁ တပ်များက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ပြည်သူလူထု ရှေ့မှောက်တွင် အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခြင်း။

၃။ SSA က ပြန်လည်ထူထောင်ရေး စခန်းတခုကို တည်ထောင်၍ မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ဖမ်းဆီးခြင်း၊ သုံးစွဲသူများအား စခန်းသွင်း၍ ဆေးဖြတ်စေခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိခြင်း။

၎။ SSA တပ်စခန်းက ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံသို့ မူးယစ်ဆေးဝါးသယ်ဆောင်ဖြတ်သန်းရာလမ်းကြောင်းအပေါ်တွင် တည်ရှိပြီး မူးယစ်ဆေးဝါးကုန်သည်များကို ရှာဖွေဖမ်းဆီးဟန့်တားနေခြင်း။

၅။ နမ့်ခမ်းမြို့မှတဆင့် တရုတ်နိုင်ငံသို့ သစ်များတင်ပို့နေသည့်ကိစ္စနှင့် စပ်လျဉ်း၍ SSA နှင့် အစိုးရလက်နက်ကိုင်တပ်ဖွဲ့များ (တပ်၊ ရဲ၊ ပြည်သူ့စစ် စသည်..)ညှိနှိုင်းမှု အဆင်မပြေသဖြင့် သစ်တင်ကားများ လ နှင့်ချီ ရပ်နားထားရခြင်း။ (SSA တပ်စခန်းကျသွားပြီးနောက် သစ်တင်ကားများ နမ့်ခန်းကိုဖြတ်ပြီး တရုတ်နိုင်ငံသို့ နေ့ရောညပါ ဒရဟော ဝင်ရောက်သွားကြပါသည်။)

၆။ SSA ၏ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားမှုက ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့၏ အဓိက စီးပွားရေးလုပ်ငန်းကို အထူးထိခိုက်စေခြင်း။

၇။ ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာ့တပ်မတော်ထိပ်တန်းခေါင်းဆောင်များ၏ အကျိုးစီးပွားကိုပါ ထိခိုက်လာခြင်း။

၈။ SSA က မူးယစ်ဆေးဝါး ဆန့်ကျင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအတွက် အရှက်ရစရာ ဖြစ်ခြင်း။