Friday, May 31, 2013

အသံတွေ ကြားနေရတယ်

ဒေါ်စုပြောလိုက်တဲ့ ကန့်ကွက်စကားအပေါ် အခုတလော ဝေဖန်ကန့်ကွက်သံတွေ သောသောညံအောင်ကြားနေရပါတယ်။ NLD ဟာ
ရခိုင်အမျိုးသားတို့ရဲ့ ဘုံရန်သူလို့တောင် ဖွ ဆရာတွေက မီးလောင်ရာ လေပင့်ပေးကြတယ်။ ၂၀၁၅မှာ ဒေါ်စုသမ္မတဖြစ်လို့က ကုလားပြည်ဖြစ်သွားမယ်လို့ လစာယူ အူနေတဲ့ ခွေးတွေက မဟုတ်ကို အဟုတ်ထင်အောင် ဂွင်ဖန်တင်ဆက်ကြတယ်။ အမျိုးသားရေးဆိုပြီး လူတချို့တို့ကလဲအသံကြားလေးတခုအပေါ် ဘာမှနက်နက်နဲနဲ မစဉ်းစားပဲ အော်ဟစ်နေကြလေရဲ့။သာမာန်ကာ ရှန်ကာကြည့်လိုက်ရင်တော့ အမျိုးမချစ်တဲ့ ဒေါ်စု။ နိုင်ငံခြားသားကိုယူလို့
ကုလားဆိုသနားတယ်ပေါ့။ ရှုမြင်ပုံခြင်းမတူတော့ သာမာန်ကြည့်ရင် ဟုတ်သလိုလိုပါပဲ။ ကျွန်တော်တောင် တခါ တခါ ဝေေ၀၀ါးဝါး ဖြစ်သွားရသေး။
တကယ်လို့ ဒေါ်စုကသာ " ကျွန်မကတော့ ဘင်္ဂါလီတွေအပေါ် ခလေး(၂)ဦးပဲ ယူရမယ်လို့ ကန့်သတ်တာ လူ့အခွင့်အရေးစံနှုံးနဲ့ကြည့်ရင် မကိုက်ညီဘူး၊ ဒီမိုကရေစီတိုင်းပြည်တပြည်မှာ ဥပဒေကို လွှတ်တော်ထဲမှာ စနစ်တကျပြဌာန်းပြီးမှသာ အမိန့်ဆိုတာ ထုတ်ပြန်သင့်တယ်။ ဒါကြောင့်ကျွန်မ ကန့်ကွက်တယ် " လို့ပြောခဲ့ရင် ဒီလောက်ပွဲဆူမှာမဟုတ်ဘူးလို့ထင်မိတယ်။

ကိုင်း... တဆိတ်လောက်ကြည့်ကြည့်ရအောင်.......

အခုလက်ရှိအရပ်သားအစိုးရဆိုတာက ရုပ်ပြကောင်းအောင် ဘောင်းဘီချွတ်ပြထားတဲ့သူတွေဆိုတာ သူတို့ရဲ့ဝန်ကြီးကိုယ်တိုင် ကမ္ဘာသိဝန်ခံပြီးသားနော်။
အမိန့်ထုတ်ပြန်ရတာ သူတို့သဲခြေကြိုက်အလုပ်တွေထဲက တခု။ အမိန့်ဆိုတာ ဥပဒေထက်ပိုအရေးပါတယ်လို့ ထင်နေကြတဲ့သူတွေဆိုတော့
ဘဂါင်္လီမွေးမြူရေးခြံကို သားပေါက်နှုံးနဲ့ပတ်သက်ပြီး အမိန့်ပြန်တမ်းထုတ်တာ မဆန်းလှဘူး။ အရင်ကသူတို့သုံးနေကျ စကားတခွန်းရှိတယ်။ " ဥပဒေကဲ့သို့
အာဏာတည်သောအမိန့် " တဲ့။ တရေးနိုးပြီး စိတ်ကူးထဲပေါ်တာ ထထထုတ်တတ်တဲ့ အကျင့်ဟောင်းက သူငယ်နာမစင်သေးဘူး။ အဲဒါကို ဒေါ်စုက
ဒီလိုလုပ်တာ နည်းမကျလို့ ကန့်ကွက်လိုက်တာပဲလို့ ထင်တယ်။

တကယ်လုပ်ရမှာက ဥပဒေထုတ်ပြန်ရမှာ၊ ဥပဒေကိုပြဌာန်းဖို့ လွှတ်တော်ဆိုတာရှိတယ်။ ဒေါ်စုပြောတာ..ဒါပဲ။ ဥပဒေပြဌာန်းပြီးမှသာ
အမိန့်ဆိုတာလာရမှာ.. ဒီမိုကရေစီစနစ်မှာ ဥပဒေဆိုတာအသက်ပဲ။ ဥပဒေမရှိပဲ ထုတ်တဲ့အမိန့်ဟာ ဥပဒေမဲ့အမိန့်ပဲ။ပြောတော့ ဒီမိုကရေစီ၊ လုပ်တော့
စစ်အုပ်ချုပ်ရေး ပုံစံ။ ဒါကို ပြည်သူအားလုံးမြင်ဘို့လိုပါတယ်။အခုအမိန့်ထုတ်တာ သက်ဆိုင်ရာအစိုးရရဲ့ အာဘော်သာဖြစ်ပြီ
ပြည်သူအားလုံးအကျုံးဝင်/မ၀င် မပီပြင်တဲ့ကိစ္စ။ ဒေါ်စုပြောတာရှင်းရှင်းလေးပါ။ ဘင်္ဂါလီမိသားစုတစုကို သားသမီး(၂)ယောက်နှုံးပဲ
ယူရမယ်လို့ကန့်သတ်မိန့်ထုတ်တာ လူ့အခွင့်အရေးစံနှုံးနဲ့ မကိုက်ညီလို့ ကန့်ကွက်တယ် တဲ့။ လူ့အခွင့်အရေးအရဆိုရင် အမှန်ပဲလေ။ ဘာလို့လဲဆိုတော့
ဒီအမိန့်ဟာ ပြည်သူတို့ရဲ့အသံဖြစ်တဲ့ လွှတ်တော်ထဲမှာ အသေအခြာ ဝေဖန်ဆွေးနွေးပြီး ပြဌာန်းလိုက်တဲ့ ဥပဒေရဲ့အောက်က အမိန့်မဟုတ်လို့ပဲ။

ဒီမိုကရေစီစနစ်မှာ အာဏာဟာ ပြည်သူတွေဆီက စီးဆင်းရတာဖြစ်လေတော့ နိုင်ငံတခုမှာနေထိုင်တဲ့ ပြည်သူတွေက သူတို့အကျိုးစီးပွါး မထိခိုက်အောင် ကာကွယ်ပြဌာန်းဖို့ လိုအပ်တယ်ထင်လို့ ပြဌာန်းလိုက်တဲ့ဥပဒေတရပ်ဟာ အဲဒီနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျပြဌာန်းထားတာဖြစ်လို့ ပြင်ပက စောဒကတက်လို့မရပါဘူး။

ဂျပန်၊စင်္ကာပူ၊ပြင်သစ်၊သြဇီ စတဲ့ နိုင်ငံတွေမှာလဲ နိုင်ငံသားမဟုတ်သူတွေအတွက် သီးခြားပြဌာန်းထားကြတဲ့ ဥပဒေတွေရှိကြတာပါပဲ။ အခုလက်ရှိဖြစ်နေတဲ့
ခိုးဝင်အဖြစ်အပျက်တွေကရော.. ဘယ်ကမြစ်ဖျားခံလာခဲ့ပါသလဲ။ အရင်ကဆို ပါတီထောင်သူတွေ.. ပါတီဝင်တွေဟာ မကောင်းဆိုးဝါးလိုလို ပြည်ဖျက်တွေလိုလို ပြောပြီး ပါတီနိုင်ငံရေး နဲ့ အမျိုးသားနိုင်ငံရေးကို ခွဲထုတ်၊အပုတ်ချ၊ ပါတီဝင်တွေကို အာဏာရူးတွေလို့သမုတ်၊ ကျောင်းသား/၀န်ထမ်း ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုတဲ့ အမိန့်တွေထုတ်၊ သူတို့ကျတော့ အမျိုးသားနိုင်ငံရေးဆိုပြီး ကြံ့ဖွတ်အသင်းကြီးထောင် ၀န်ထမ်းတွေ၊
ကျောင်းသားတွေကို မ၀င်မနေရ သိမ်းသွင်း၊ ဟော... နေ့စေ့လစေ့ဖြစ်လာတော့ မဖုံးနိုင် မဖိနိုင်တော့ပဲ အမျိုးသားနိုင်ငံရေးလို့ အသံကောင်းဟစ်ထားခဲ့တဲ့သူတွေက ပါတီကြီးထောင်ပြီး အာဏာရူးခဲ့တာ လူတိုင်းအသိပဲ။

ပြောပြန်တော့လဲ အောင်မင်းလွန်ကာကျမယ်။

အဲဒီအမျိုးသားနိုင်ငံရေးကိုသာ လုပ်ဆောင်ပါတယ်လို့ ပြောနေတဲ့သူတွေ လက်ထက်မှာပဲ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်သူတွေရဲ့ လက်ချက်နဲ့ မဲရဘို့၊
လာဘ်ငွေရဘို့၊ဆိုတဲ့ ကိုယ့်တဘို့ထဲ ကြည့်ခဲ့တဲ့ သူတို့ ငါတကောကောခဲ့တဲ့အကျိုးဆက်ဟာ ဒီနေ့ပြည်သူတွေ မျက်စိလည် လမ်းမှားနေစေတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒေါ်စုမှာ မြန်ပြည်ချစ်စိတ်မရှိရင် သူ့အကို အတ္တဘောကြီးလို စစ်အစိုးရထောက်ပံ့ကြေးနဲ့ အေးအေးလူလူ မိသားစုနဲ့ အတူနေလိုက်မှာပေါ့။ အကြံကြီးကြီး
ကြံထားတဲ့သူဟာ အသေးအမွှားပေးဆပ်ရမှာကို မကြောက်သလိုပဲ၊ ကျွန်တော်တို့တတွေ စိတ်ပူနေရတဲ့၊လာဘ်ပေးပြီး ခိုးဝင် နေထိုင်သူတွေရဲ့အန္တရာယ်ကို
အမှန်တကယ် ကျော်လွှားနိုင်ဖို့ဆိုတာ ဒီမိုကရေစီနည်းကျ ဥပဒေတရပ်ပြဌာန်းမှုအောက်မှာမှသာ အမှန်အကန်လုပ်နိုင်မှာပါ။ ကျွန်တော်တို့က ကုလားကိုပဲမဲနေကြတယ်။့ တယုတ်တွေကတော့ ၀မ်းစွေ့..၀မ်းစွေ့...၀မ်းဝမ်းစွေ့ နဲ့ သိမ်းလာတာ မန္တလေးနန်းမြို့တောင် ကျလုရောပေါ့။

သူတို့လွတ်နေကြတယ်။ ကုလားအတွက်အမိန့်ထုတ်ပြီး တရုတ်အတွက်ဆို အသံတိတ်နေကြတဲ့ သူတစုကို ဥပဒေဆိုတဲ့ တူကြီးနဲ့ထုနိုင်အောင် အမေစု စီစဉ်နေတာလို့သာ ထင်မိပါတယ်။ ပီပြင်တဲ့ နိုင်ငံသားဥပဒေတရပ် ပြဌာန်းပြီး ဥပဒေအတိုင်း ပီပီပြင်ပြင် ကိုင်တွယ်နိုင်ကြပြီဆိုရင် ခိုးဝင်လူမျိုမဲ့ရန်၊ စီးပွါးရေး အုပ်စီးမဲ့အကြံ၊ ဘာသာရေးလွှမ်းမိုးမဲ့ဥာဏ် စတာတွေကို ဥပဒေနဲ့ ထိန်းချုပ် ကြပ်မတ်သွားရန်သာရှိကြောင်းပါ။



( ကျွန်တော့်လို ရေးမြို့ဆိုတဲ့ တောမြို့လေးကလူရဲ့ အမြင်ဆိုတော့လဲ ... အောင်လသီချင်းလေးလိုပဲ..." မှားတာရှိရင် တောင်းပန်ပါတယ် "ဆိုတဲ့

သီချင်းလေးကို သီဆိုရင်း ခွင့်လွှတ်ပေါ့ဗျာ။)

(မျိုးဝင်း)။

Credit & Copy From >Saya Myo Win