Wednesday, May 08, 2013

ဒီအစိုးရကို ယုံကြည်မှုအပြည့်အ၀ ထားနိုင်ဘီလား


AungmyoTun FBမှ
 
နေမျိုးဇင် (တပ်ထွက် ဗိုလ်ကြီးဟောင်း)နဲ့  တစ်မိနစ်တာလောက် စကားပြောခဲ့ဖူးတဲ့
ဖြိုးဝေအောင် မြေချ အခမ်းအနားကအပြန်ကို သတိရတယ်ဆိုတာက နေမျိုးဇင်
ဒဏ်ငွေမဆောင်ဘဲ ထောင်ကိုရွေးလိုက်တဲ့ ကိစ္စပေါ် အခြေတည်တယ်။
အရင်ရက်တွေက ရေးမယ်ရေးမယ်ဆိုပြီး ရေးလိုက်ပြန်ဖျက်လိုက် လုပ်ခဲ့ရတဲ့
စတေးတပ်တစ်ခုမှာ နေမျိုးဇင်ရဲ့  နောက်ဆက်တွဲ ပြဿနာတွေ ပါခဲ့တယ်
ငါများ ရေးလိုက်ရင် သူ့ ကို ထောင်ဒဏ်ပိုချအောင် အစဖော်ပေးလိုက်သလို
ဖြစ်နေမလားမသိ ဆိုပြီး တွေးရတာကတစ်ဖက်၊ သိသင့်သိထိုက်တဲ့ မက်ဆေ့ကို
ပေးသင့်တယ် ဆိုပြီး ခုခံချေပရတာကတစ်ဖက်နဲ့  အတော်ခက်ပြီးနောက်
မရေးဖြစ်ခဲ့ဘူး။ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတုနဲ့  အပြင်ကို
ပြန်ရောက်လာတဲ့ စစ်အာဏာရှင်ဆန့် ကျင်ရေး။ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်ခဲ့တဲ့
နိုင်ငံချစ်စိတ်ရှိကြတဲ့ နိုင်ငံသားတွေရဲ့  ခြေကျင်းဝတ်တန်းလန်းနဲ့  လွတ်မြောက်မှုဘဲ။

ထောင်ဒဏ် နှစ် ၆၀ ကျော် အချခံရပြီး ပြန်လည်လွတ်မြောက်ခဲ့တဲ့သူတချို့ နဲ့ 
လူထုလူတန်းစားအချို့  လမ်းပေါ်ထွက်ဆန္ဒပြမှုတွေထဲ လက်ရှောင်နေခဲ့တဲ့ကိစ္စကို
စကားစမြည် ဆိုကြည့်တဲ့အခါ ဒီတစ်ခါ ဆွဲစိရင် အရင်ကျန်နေသေးတဲ့
ထောင်ကြွေးဟောင်းတွေပါ ပေါင်းထည့်ခံရနိုင်တယ် လို့  သုံးသပ်ပြောဆိုမှုကို
နားနဲ့ ဆတ်ဆတ် ကြားလိုက်တဲ့အခါ ဒီလို စဉ်းစားချက်မျိုး သူတို့ တတွေခေါင်းထဲ
ကျန်နေရကောင်းလားလို့  မြင်မိတာထက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ 
လွတ်မြောက်မှုဟာ စစ်အာဏာရှင်တစ်စုရဲ့  ဟန်ရေးပြ၊ အမှတ်ယူရေး၊ နိုင်ငံရေး
အမြတ်ထုတ်မှု ဆိုတာကို ပိုမိုပြီး ရှင်းရှင်းထင်းထင်း မြင်လိုက်မိတယ်။
အခုထိ သူတို့ တတွေဟာ ရွှေရည်စိမ်လွတ်မြောက်မှုကို မေ့တေ့တေ့ မဖြစ်နိုင်သေး
ဆိုတာ ယုံကြည်မိတယ်။ သူတို့ တတွေဟာ ပြည်သူ့ လွတ်လပ်ခွင့်၊ ပွင့်လင်း
လူ့ အဖွဲ့ အစည်းဆိုတာထက် သူတို့ တတွေရဲ့  မျော့ကြိုးလို တန်းလန်းငြိပါနေတဲ့
ကြွေးကျန်ထောင်ဒဏ်နှစ်များစွာကိစ္စကို အရင်ဦးစွာ ဖြေရှင်းသင့်တယ်။

ခုတော့ နေမျိုးဇင်ရဲ့  ကြွေးကျန် ၆ နှစ် တပေါင်းတည်း ကျခံစေဖို့  ဦးသိန်းစိန်
အစိုးရရဲ့  တရားရေးမဏ္ဍိုင်က ဆုံးဖြတ်ချက်ဟာ ဒီအချက်ကို ပြန်အစဖော်ပေးတဲ့
လုပ်ကွက်တစ်ခုလို့  မြင်တယ်။ အတိုက်အခံတွေဘက်ကသာ ယုံကြည်မှု
အသေအလဲ တည်ဆောက်ချင်တာ နန့် နန့် တက် ထွန့် ထွန့် လူးနေပေမယ့်
စစ်အုပ်စုအနေနဲ့  သူတို့ ရပ်တည်ချက်ကို တစ်ပြားသားမှ ဈေးဆစ်မခံ၊
လျှော့ဈေးချမပေးဘူးဆိုတာ ခုထိ သဘောမပေါက်သေးရင်တော့ ပြည်သူတွေ
ကွဲကြ ပြဲကြဦးမှာဘဲ။
.