Sunday, March 17, 2013

သလ္လာဝတီ တိုင်းမ် မှ တဆင့်  ဟန်ဝင်းအောင် နဲ့  အပေါင်းအပါများ သို့  အိတ်ဖွင့်ပေးစာ

ThanLarWaddy Times

ကိုဟန်ဝင်းအောင်…………………….
ခင်ဗျား ကို တော်လှန်ရေး သမားတစ်ယောက် အနေနဲ့  ကျွန်တော် လေးစားခဲ့  ပါတယ်။
လက်ပံတောင်း အရေး မှာ ခင်ဗျား တို့  သင်ပေးရာ က ခဲ့ ကြတဲ့  တောင်သူတွေ ကိုတော့ 
မတ်လ၁၄ ရက်နေ့  က ဒေါ်စုကြည် လာတုန်းက အဲဒီတောင်သူတွေ ကို ဒီလို က ပါဆိုပြီး
ခိုင်းတာ ကြိုးဆွဲ တာတွေ ကိုတော့  ကျွန်တော် လုံးဝ မကြိုက်ဘူးဗျာ။
အခုမှ မကြိုက်တာ မဟုတ်ဘူး။
တုံ သပိတ်စခန်း မှာ ဆန္ဒ ပြ တာတွေ လုပ်တိုင်း DVB က မတင်မာဆွေ တို့  ကိုမောင်မောင် တို့ 
ပြီးတော့  ခင်ဗျား တို့  ဂိုဏ်း က ခင်ဗျား ရဲ့  သာဝက ကိုသူ တို့  အင်တာဗျူး တိုင်း
ရွာသားတွေ ကို ဒီလိုမဖြေနဲ့  ဒီလို ဖြေ ဆိုပြီး သင်တာ တွေ ကို မုံရွာ က သတင်းထောက်တွေ
Citizen journalist တွေ အကုန်သိတယ်။ ခင်ဗျား တို့  က ပုံစံ သွင်းနေတာ လေ။
ဆန္ဒပြ ပွဲ တစ်ပွဲ ပြီး တိုင်း တုံရွာ ထိပ် လမ်းဘေး မှာ ခင်ဗျား တို့  မိန့် ခွန်း ချွေတဲ့ 
ပွဲတစ်ပွဲ လုပ်ဖို့  ဇာတ်စင် အတွက် ရွာသားတွေ က ပေပါခွံ ရွက်ပြီင်္း ပေပါထောင်ကာ
ပေပါပေါ်တက်ပြီး ကိုယ့်အရပ်နဲ့  ကိုယ့် ဇာတ် ဆို သလို ခင်ဗျား တို့  ပီတိဝေတာတွေ
ကို ကျွန်တော် မြင်ခဲ့ ဖူးတယ် …………..ကိုဟန်ဝင်းအောင်။
အဲဒီ အချက် ကို မုံရွာ က အောင်နေမျိုး က သူ့ ရဲ့  ဖေ့ ဘုတ်မှာ ခင်ဗျားတို့  ကို စင်မြင့်  ကြိုက်တဲ့ 
ဇာတ်ရူး တွေ လို့ ပြောတော့  ခင်ဗျားတို့  က အသည်းထဲက ပါ နာတယ်.။အင်း………….အောင်နေမျိုး ပြောတာ
မှန်နေတာ ကိုး။
ဆည်တည်း ရွာဟောင်း သုသန် မှာ လူသေကောင် ပါဖောင်းမန့်  လိုလို ဇာတ်လမ်းကို ခင်ဗျားတို့  က ခဲ့တာ ဇာတ်ရူးတွေမို့  လို့ ပေါ့ ။
သမိုင်း စာအုပ်တွေ ဖတ်ပြီး သူရဲကောင်းတွေ ကို ခင်ဗျား သဘောကျ ရင် ကျ ပါ။

ခင်ဗျား မင်းရူး တော့  မရူး ပါနဲ့ ။
ဦးအောင်ဇေယျ ထန်းလုံးခံတပ် နဲ့  မုဆိုး ဖို မှာ နေပြည်တော် တည်ခဲ့သလို
ဆည်တည်း ရွာဟောင်း မှာ ခင်ဗျား တို့  ဆူးချုံ ခံတပ် ဖွဲ့  ပြီး တထီး တနန်း နဲ့
အရူး ဘုံမြောက် ခဲ့ကြသေးတယ် မဟုတ်လား။
ကိုဟန်ဝင်းအောင်………………ကျွန်တော် တို့  က မုံရွာဒေသခံတွေပါ။
ကိုယ့် ဒေသ ကို ကိုယ်ချစ်တာပေါ့ ။
ကျွန်တော် က အာဏာရှင် မောင်သန်းရွှေ ကိုလည်း ရွံသလို အာဏာရှင် ကို အဖေ ခေါ် ပြီး
တိုင်းပြည် ဂုတ်သွေး စုတ်နေတဲ့  ခရိုနီ တွေ ကို လည်း ရွံတယ်။
အာဏာရှင် တွေ ကို တော်လှန် ပါ။
ကြိုက်တယ်။
ကျွန်တော် က ဒေါ်စု ကို အရမ်း လေးစားသူ လည်း မဟုတ်ဘူး။
သူ့ လို မလျှောက်နိုင် တဲ့  နိုင်ငံရေး ခရီး ကြမ်း ကို ကျွန်တော် တို့  လေးစားရမယ်။
ဒေါ်စု မှာ လည်း သူ့ အခက်အခဲ တွေ ရှိလိမ့် မယ်။
အာဏာ ရှင် စနစ် ရဲ့  ဆိုးမွေ တွေ ကို ဥုံဖွ ဆိုပြီး မန်း လို့  မရသေးဘူး။
ဘောလုံးစကား နဲ့ ပြောရရင် ဘောလုံး အသင်းလေးတွေ ဟာ လက်ရှိချန်ပီယံ ကို နိုင် ချင်ကြတယ်။အဲ
ဒီ လို နိုင်တာ ပိုပြီး လိုလားတယ်။
အခု လည်း ခင်ဗျား က မြန်မာ နိုင် ငံ က အလေးစားဆုံး .ဘောစကား နဲ့  ဆိုရင် နိုင်ငံရေး ချန်ပီယံ
နိုဗယ် ဆု ရှင် ကို ခင်ဗျား နိုင်ချင်တယ်။ဒေါ်စု ကိုမြောင်း ထဲ ရောက်သွားစေချင်တယ်။
ခင်ဗျား ရဲ့  အယူ က ဘုရား ကို သတ်ရင် ဘုရားဖြစ်ပြီ ဆိုတဲ့  ရှင်ဒေဝဒတ် နဲ့ တူနေတယ်။
ဒေဝဒတ် က သံဃာ ကို သင်းပင်း ခွဲ သလို ခင်ဗျား က တောင်သူ ချင်းသွေးခွဲ သလို
ဒေါ်စုကြည် နဲ့  တောင်သူတွေ မုံရွာသားတွေနဲ့  သွေးခွဲပေးနေတယ်။ဒါပေမယ့် ခင်ဗျားရဲ့
နိုင်ငံရေးလှည့် ကွက် ကို မြင်တဲ့  သူတွေ က ခင်ဗျား ဟာ ဘုရားစေတီ မဟုတ်ဘဲ တောင်ပို့ ဆိုတာ
သိကြတော့  မကိုးကွယ်တော့ ဘူး။ခင်ဗျား အပိုင်စား ထား နားရိုက်ထားတဲ့  တုံရွာ၊ဆည်တည်းရွာဟောင်း၊
မိုးကြိုးပြင် အလယ်ရွာ တွေ က လွဲပြီး ခင်ဗျား ရဲ့  လွဲမှားနေတဲ့  အယူအဆကို ခင်ဗျား ပိုင်တဲ့  ရွာတွေနား
က ဝက်မှေး၊ရွှေလှေ ၊ဖောင်းကတာ ရွာတွေ က လက်ခံကြရဲ့ လား။
သံဃာတော်တွေ ကို ဝိနည်း အသစ်တွေ ဒေဝဒတ် က သတ်မှတ်သလို ခင်ဗျား က negotiationစေ့ စပ်ဆွေးနွေး မှု မလုပ်ဘဲ ခင်ဗျား ရဲ့  သတ်မှတ်ထားတဲ့  စီမံကိန်း ရပ် ပဲ မျက်စိ မှိတ်ပြီး အော်ခိုင်းတယ်။
ဒါတောင်မှ ဒေါ်စု ကို ရိုက်ဖို့  နှက်စေဖို့  ခင်ဗျား တို့  နန်းတည်တဲ့  ဆည်တည်း ရွာ မှာ တုတ်တရမ်းရမ်း
နဲ့  ခင်ဗျားတို့  လုပ်ခဲ့ ကြသေးတယ်။
နားမလည်တဲ့  ရွာသားတွေ ကို နားရိုက်သွင်း ပြီး အော်ဟစ်ကြိမ်းဝါး ခိုင်းတယ်။
ဒီမှာ ကိုဟန်ဝင်းအောင်……………………………
ခင်ဗျား က သီဟတင်စိုး သိပ်ကြိုက်တယ် ထင်တယ်။
တော်လှန် မှ ချည်း လွပ်လပ်ရေး ရ တင်ထင်နေတာ ကိုး။
ကော်မရှင် အစီရင် ခံစာ ကို သေချာ မဖတ်ဘဲ………………….
ဒေါ်စုကြည် ကို မမေးဘဲ မျက်စိမှိတ်ပြီး အော်နေလို့  ကတော့  လိပ်ခေါင်းပျောက်ဆေး ပဲ ဝယ်ထားပေတော့။
ခင်ဗျား က မီဒီယာတွေ ရှေ့ မှာ လူထုအား ကို သုံးပြီး သံဃာအား ဘုရားမဆန်သာ စေတဲ့  အချိုးမျိုးနဲ့
နှိပ်ကွက်တယ်။
ဒေါ်စု က တုံရွာ မှာ ဆွေးနွေး တုန်း ခင်ဗျား က ရှောင်နေပြီး တုံရွာ ထဲ မှာ ဒူးနန့်  ပြီး ငါကွ ဆိုကာ
ရေနွေးကြမ်းသောက်နေတာ ကို့ ကျွန်တော်သိတယ်။
လိပ်ခွံတောင် သိမ်းတယ် ဆိုတာ လည်း အစီရင်ခံစာ မထွက်ခင် ခင်ဗျား နိုင်ငံရေး အမြတ်ထုတ်ချင် လို့  ဆိုတာ
ဒေသခံတွေ သိထား ပေမယ့်  မြန်မာ တနိုင်ငံ လုံးနဲ့  ကမ္ဘာ က မသိဘူး။ မတ်လ ၁၃ ရက်နေ့ 
ညပိုင်း မှာ လိပ်ခွံတောင် ကို ရဲတွေ တက်သိမ်းအောင် ချုံပင် ဆွဲ မီးရှို့ တာတွေ လုပ်တယ်။
ဒေါ်စုကြည် ကျဉ်းထဲ ကြပ်ထဲ ရောက်အောင် ခင်ဗျား တို့  ပို့ နေသလို အဲဒီလို ကျဆုံး သွားရင်
အာဏာရှင် ဟောင်း ရဲ့  လက်ကိုင်တုတ် တွေ ဝမ်းသာနေမယ်။
ခွေးဝမ်းသာအောင် လေလည် မနေ နဲ့ ကိုဟန်ဝင်းအောင်…………………….။
ဒေါ် စုကြည် တို့  သွေဖယ်ရင့် ကျွန်တော် တို့  နိုင်ငံတော် ပိုဆိုး သွားမယ်။
ဒီမှာ ကိုဟန်ဝင်းအောင်…………………………………………………….
သမိုင်း ကို ရိုင်းအောင် မလုပ်ပါနဲ့ ။
မဖြစ်နိုင်တာ ကို မျက်စိ မှိတ် မအော်နဲ့။
ဒေါ်စု ပြောသွား သလို ကိုယ် ချည်း ယူ လို့  မရသလို
သူ့ ချည်း လည်း မပေးနဲ့ ။
ဆွေးနွေးပါ။
ဆွေးနွေး ပြီး အဖြေရှာ ကြည့်  ပါ။
ဒေါ်စုကြည် က နိုင်ငံသမိုင်း ကို မရိုင်းစေခဲ့ဘူး။
ဒီလို မကောင်း ဘူးလား။
ဟို လိုလေး ရော ဆိုပြီး တင်ပြဆွေးနွေး ပါ။
ဒေါ်စု ဘာမေးမေး အော်ဟစ် ဆဲ ဆိုတာ နှင်ထုတ်တာ က အဖြေမဟုတ်ဘူး။
အစီရင်ခံစာ ရော ဖတ်ကြည့် ပြီး ပြီလား။
ခင်ဗျား အမှား ကို ဝန်ခံစရာ မလို ပါဘူး။ ပြင်လိုက် ပါ။
ခင်ဗျား တို့  ကို လေးစားခဲ့တဲ့ 
လက်ပံတောင်းဒေသခံတစ်ဦး