Friday, March 22, 2013

အဓိကရုဏ်းအား တစ်နိုင်ငံလုံးသို့ မပြန့်နှံ့စေလိုပါလျှင်

Won Thar Nu

အဓိကရုဏ်းအား တစ်နိုင်ငံလုံးသို့ မပြန့်နှံ့စေလိုပါလျှင် တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း စိမ့်ဝင်လှုပ်ရှားလျှက်ရှိသည့် လူမျိုးခြားများအား အချိန်မှီဖော်ထုတ် ထိန်းသိမ်းရန် မဖြစ်မနေလိုအပ်သည်။

ရရှိထားသော သတင်းအချက်အလက်များအရ မိထ္ထီလာအဓိကရုဏ်းအား တစ်နိုင်ငံလုံးအတိုင်းအတာသို့ ပြန့်နှံ့စေရန်အတွက် အရှိန်အဟုန်မြှင့်တင်မည့် လှုပ်ရှားမှုများဆောင်ရွက်ရန် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသည့် လူမျိုးခြားတချို့နှင့် မည်သည့်စာရွက်စာတမ်းအထောက်အထားမှ မပါသော လူမျိုးခြားအချို့ တနင်္သာရီတိုင်းအတွင်းရှိ ကော့သောင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စုဝေးခဲ့ကြပြီး ယနေ့မှစ၍ တနင်္သာရီတိုင်း မြိတ်မြို့တွင် မြန်မာလူမျိုးများဖက်မှ ၉၆၉တက်ကြွလှုပ်ရှားသူများအား ထိပ်တိုက်ရင်ဆိုင်ကာ အဓိကရုဏ်းဖန်တီးမည့် အစီအစဉ်များရှိနေကြောင်း သိရှိရပါသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်အတွင်းသို့ မော်လမြိုင်နှင့် တနင်္သာရီတိုင်းတို့မှ လူမျိုးခြားတချို့ ၀င်ရောက်တည်းခိုနေကြောင်း၊ ၎င်းတို့တွင် လ၀ကဆိုင်ရာ အထောက်အထားများ မပါရှိပဲ ၎င်းတို့နှင့်အတူ လိုင်စင်မဲ့ဆိုင်ကယ်တချို့ပါ ယူဆောင်လာသည်ကို တွေ့ရှိရကြောင်း သတင်းရရှိပါသည်။ အဆိုပါလူစုအား ၎င်းတို့နှင့်ဘာသာတူ ရပ်ကွက်တာဝန်ရှိသူတစ်ဦးမှာ တည်းခိုနေထိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးထားကြောင်း သိရှိရပြီး အဆိုပါလူစု ယခုကဲ့သို့အခြေအနေမျိုးတွင် ရုတ်တရက်ရောက်ရှိလာခြင်းမှာ မရိုးသားသည့်အကြံအစည် တစ်ခုခုရှိနိုင်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးမှ ကောက်ချက်ချပြောဆိုသွားပါသည်။

ယခုအချိန်တွင် ဗုဒ္ဓဘာသာဝင်များ၏ ၉၆၉လှုပ်ရှားမှုအား ဘာသာခြားများက မျက်ခြေမပြတ်စောင့်ကြည့်လျှက်ရှိပြီး ၎င်းတို့ထဲတွင် အချို့က ၉၆၉ လှုပ်ရှားသူများအား အမည်၊လိပ်စာစာရင်းကောက်ယူ စုဆောင်းလျှက်ရှိကြောင်း သိရှိရသည်။ အဆိုပါစာရင်းကောက်ယူသူ လူမျိုးခြားများမှ ၉၆၉လှုပ်ရှားမှုအား သင်္ကြန်မတိုင်မှီ နိဂုံးချုပ်သွားစေရမည်ဟု ရည်မှန်းထားကြောင်း သိရှိရသည်။ တချိန်တည်းမှာပင် ပြည်ပအခြေစိုက် ဘင်္ဂလီအရေးလှုပ်ရှားသူတစ်ဦးသည် ဘင်္ဂလားဒေ့ခ်ျဖက်မှ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ကာ ဒေသတွင်းဘင်္ဂလီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါလှုပ်ရှားမှုများသည် လက်တစ်ဆုပ်စာလူတစ်စုမှ ပြည်တွင်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို အသုံးချ၍ အဓိကရုဏ်း သွေးမြေကျမှုများအား ရည်ရွယ်ချက်ရှိရှိဖန်တီးမည့် အလားအလာများရှိနေသည်ဟု ၀ံသာနုမှ သုံးသပ်မိပါသည်။

သွေးမြေကျမှုများ ရှိလာမည်ကို သိလျှက်နဲ့ လက်ပိုက်ကြည့်နေခြင်းသည် တာဝန်ရှိသူတို့၏ သင့်လျှော်သော လုပ်ရပ်မဟုတ်ကြောင်း နိုင်ငံတော်အစိုးရအား အလေးအနက် သတိပေးလိုပါသည်။

ဝံသာနုသတင်းဌာန