Wednesday, March 20, 2013

"ရန်ကုန်တက္ကသိုလ် မကြာခင်ဖွင့်တော့မည်လော".......



ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အဦးများကို ပြင်ဆင်များပြုလုပ်လျက်ရှိပြီး ဌာနရုံးခန်းများ၏ ပရိဘောများအသစ်လဲခြင်း၊ဆေးရောင်တင်ခြင်း၊ အဆောက်အဦးများကိုလည်း ဆေးသစ်သုတ်ပြင်ဆင်မှုများပြုလုပ်ရှိသည်။
ရန်ကုန်တက္ကသိုလ်အား ၁၈၇၈ခုနှစ်တွင် အိန္ဒိယနိုင်ငံ ကလက္ကတားတက္ကသိုလ်၏လက်အောက်ခံ ကောလိပ်အဖြစ် အင်္ဂလိပ်အုပ်ချုပ်မှုရေးရာ အုပ်ချုပ်မှုဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ်အဖြစ်ပြောင်းလဲခဲ့ပြီး ၁၉၂၀ ခုနှစ်တွင် တက္ကသိုလ်ကောလိပ်နှင့် အမေရိကန်သာသနာပြုတို့ဖွင့်လှစ်ခဲ့သော ဂျက်ဆင်ကောလိပ်တို့ကိုပူးလိုက်ပြီး ရန်ကုန်တက္ကသိုလ် အဖြစ် စတင်တည်ထောင်ခဲ့သည်။ အောက်စဖို့စ်တက္ကသိုလ်နှင့် ကင်းဘရစ် တက္ကသိုလ်တို့ ဖွဲ့စည်းပုံနမူယူတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် လက်အောက်ခံအဖြစ် မန္တလေးကောလိပ်ကိုဆက်လက်တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး ၁၉၃၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဆရာအတတ်သင် သင်တန်းကျောင်း ဆေးပညာကောလိပ်ကိုထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၃၈ခုနှစ်တွင် မန္တလေး၌ စိုက်ပျိုးရေးကောလိပ်အားဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံရေးသမိုင်းဝင် ကျောင်းသားသပိတ် များကို ၁၉၂၀၊ ၁၉၃၆၊ ၁၉၃၈ ခုနှစ်များတွင် ဖြစ်ပေါ်ခဲ့ပြီး ၁၉၃၀ ခုနှစ်ဝန်းကျင်မှစကာ မြန်မာအမျိုးသားနိုင်ငံရေးနိုးကြားလှုပ်များဖြင့် ထင်ရှားလှသည်။ မြန်မာလွတ်လပ်ရေးပိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနု၊ ဦးဘဆွေ၊ ဦးကျောင်းငြိမ်း၊ ဦးသိန်းဖေမြင့် အစရှိသော မြန်မာနိုင်ငံရေးဦးဆောင်လမ်းပြခဲ့ကြသော မျိုးတိုင်းပြည်ခေါင်းဆောင်များကို တပြိုက်နက် မွေးထုတ်နိုင်ခဲ့သော သမိုင်းဝင်တက္ကသိုလ်တခုဖြစ်သည်။ ၁၉၄၀- ၁၉၅၀ တဝိုက်တွင် ရန်ကုန်တက္ကသိုလ်သည် အာရှတိုက်တွင် အဆင့်(၁)အဖြစ် ဂုဏ်ယူဝင့်ကြွားဖွယ်ရာရပ်တည်နိုင်ခဲ့သော တက္ကသိုလ်ဖြစ်ခဲ့သည်။ လွတ်လပ်သော တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဖြင့် ရပ်တည်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ၁၉၆၂ခုနှစ် အာဏာရှင် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက်တွင် လွတ်လပ်စွာရပ်သော တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့လက်အောက်မှ တပါတီအာရှင်စနစ်၏ ဗဟိုကော်မတီလက်အောက်သို့ ရောက်ရှိခဲ့ရသည်။ ၁၉၆၄ တက္ကသိုလ် အက်ဥပဒေအရ ရန်ကုန်ဝိဇ္ဖာသိပ္ပံတက္ကသိုလ် (RASU- ရာဇူး) ဟုအမည်ပြောင်းလဲခဲ့သည်။ အစဉ်လာကြီးမားလှတဲ့ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦး ဇူလိုင်(၇) ရက်နေ့ ကျောင်းသားအရေးတော်ပုံဖြစ်ပွားပြီး နောက်တရက်မနက်တွင် ဒိုင်းနမိုက်ဖြင့်ဖြိုချဖျက်ဆီးခံရပြီး ကျောင်းသားအများအပြားအသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာပညာရေးများနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ရပြီး ရန်ကုန်တက္ကသိုလ် အား ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်အဖြစ် အာဏာရှင် ဗိုလ်နေဝင်းမှ ခွဲထုတ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင်လည်း ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့်ရုပ်အလောင်းအား သာမာန်ပြည်သူ့တယောက်ကဲ့သို့ သဂြိုလ်မည်ကိုလက်မခံနိုင်သောကြောင့် တက္ကသိုလ်ကျောင်းသားများမှ ဦးသန့်ရုပ်အလောင်း တက္ကသိုလ်အတွင်းရှိ သမိုင်းဝင်ကျောင်းသားသမဂ္ဂဝင်းအတွင်းသို့ ဂူသွင်းရာမှ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ကျောင်းအများအပြား သေဆုံး၊အကျဉ်းကျခံခဲ့ကြရသည်။ ၁၉၈၈ လူထုအရေးတော်ပုံကိုရန်ကုန်တက္ကသိုလ်မြေ စတင်ဦးဆောင်ခဲ့ပြီး နောက် စစ်အာဏာရှင်စနစ်ကို တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများက ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၉၉၀ တွင် ရန်ကုန်တက္ကသိုလ်အားပိတ်ပစ်ခဲ့ပြီး တက္ကသိုလ်အသစ်များကို မြို့ပြင်တွင်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းတွင် မဟာဘွဲ့လွန်သင်တန်းနှင့် အချိန်ပိုင်းသင်တန်းတချို့သာဖွင်လှစ်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ နိုဝင်ဘာ ၁၉ရက် ၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတ ဘယရက်အိုဘားမားသည် မြန်မာနိုင်ငံအလည်အပါတ်ခရီးအတွင်း ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမတွင် သမိုင်းဝင်မိန့်ခွန်းပြောကြားပြီးနောက် ရန်ကုန်တက္ကသိုလ် ကျောင်းတွင်းကျောင်းပြင်ဆင်မှုများယနေ့အထိဆက်လုပ်ဆောင်ကြောင်းတွေ့ရှိရသည်။ ရန်ကုန်တက္ကသိုလ်သည် မျိုးချစ်နိုင်ငံရေးခေါင်းဆောင်များ၊တိုင်းရင်းသားခေါင်းဆောင်များလည်းမွေးထုတ်ခဲ့ရာဖြစ်သည်။ မွန်တိုင်းရင်းခေါင်းဆောင်နိုင်ရွှေကျင်၊ ကေအိုင်အို ဥက္ကဌဟောင်းဘရန်ဆိုင်းအစရှိသူလည်း ရန်ကုန်တက္ကသိုလ်ကျောင်းထွက်များဖြစ်ကြသည်။ မြန်မာ ဂီတ၊စာပေ၊ပန်းချီ အကျော်အမော် အနုပညာရှင်များမွေးထုတ်ရာ တက္ကသိုလ်တခုဖြစ်သည်။ ရန်ကု
န်တက္ကသိုလ်အမြန်ဆုံး အိပ်နေရာကနိုးထစည်ပင်ဖို့ စိတ်ကူးရင်း အဓိပတိလမ်းကိုတခေါက်လျောက်ကြည့်ခဲ့သည်။