Monday, March 25, 2013

တရားခံဘယ်သူလဲ???

Zaw Wann Maung
အတိအကျ စွပ်စွဲနေခြင်းမဟုတ်ပါ ပြန်လည်ဝေဖန်သုံးသပ်ကြည့်မိတာပါ။တစ်ခါလိမ်ခံရရင် အလိမ်ခံရသူရဲ့ အပြစ်မဟုတ်ပေမဲ့ အကြိမ်ကြိမ် အလိမ်ခံရရင်တော့ လိမ်သောသူ၏ အပြစ်ဟု မဆိုသာတော့ပါ။ယနေ့ဖြစ်ပျက်နေသော အခြေအနေနှင့် ယခင်ကဖြစ်ခဲ့သော အခြေအနေတို့ကို ယှဉ်တွဲပြီး လေ့လာသုံးသပ်သင့်ပါတယ်။စွပ်စွဲတာတော့ မဟုတ်ပေမယ့် ဦးခင်ညွန့်တစ်ယောက် ထောင်က လွတ်လာပြီး နောက်ပိုင်းမှာ ပြသနာတွေ ဆက်တိုက် ဖြစ်လာနေတာတွေ ဖြစ်နေတော့ သံသယဖြစ်မိပါတယ် ။ဒါ့အပြင် တလောက သူရရွှေမန်းတို့နဲ့ ယှဉ်တွဲပြီး ဖန်သားပြင်ပေါ်မှာ ပေါ်ထွက်လာတာ ဟာ လက်မရွံ့ စွမ်းအားရှင် ခေါင်းဆောင်ကြီး ဦးအောင်သောင်း အတွက် တုန်လှုပ်ခြောက်ခြားစရာများဖြစ်နေမလားလို့ပါ။ဘာ့ကြောင့်လဲဆိုတော့ ဦးအောင်သောင်းဟာ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်အား အာဏာသိမ်းမဲ့သူအဖြစ် ဒေါ်ကြိုင်ကြိုင်ကို ယုံကြည်အောင် သွေးထိုးလှုံ့ဆော်ပြောဆိုကာ ဖြုတ်ချဖို့ စည်းရုံး တိုက်တွန်းနိုင်ခဲ့သူ ဖြစ်လို့ပါဘဲ။တောင်သာ။ မြင်းခြံ။ မုံရွာဆိုတာ လာဘ်အစားဆုံးဝန်ကြီးအောင်သောင်းရဲ့နယ်မြေပါ။ သူကတော့ ရွှေဝါရောင်တော်လှန်ရေးမှာအဓိက အကြံပေးခိုင်းစေသူ။ ဒီပဲယင်းအရေးမှာလည်း အဓိကကြိုးကိုင်သူ။ အနှိပ်အနင်းတော်လွန်းလို့ မှူးကြီးရဲ့ အနှိပ်သည်လို့လည်းနာမည်ရဖူးသူပါ။ဒီပဲယင်းအရေးခင်းမှာလည်း သံဃာ အတုတွေဖန်တီး စစ်တပ်ထဲကဟာတွေနဲ့ ထောင်သားတွေမြှောက်ပေးပြီးနိုင်ငံရေးကိုဆွ ပြည်သူတွေနဲ့ ရန်တိုက်ပေး ပြီးမှဘဲသူတို့ ကဘဲတိုင်းပြည်ကိုကယ်တင်သလိုတွေလုပ် ပြည်သူကြားဝါဒဖြန့်  ခုကိစ္စလည်းမရိုးသားလောက်ဘူးဘုန်းကြီးနဲ့ ကုလားနဲ့ ရန်တိုက်ပေးတာလာဖြစ် ဆူပူလာရင်အာဏာပြန်သိမ်း စစ်အကျင့်ဆိုးတွေကိုလည်းပြည်သူများသတိထားစေချင်တယ် ညစ်ပေါင်းလဲများနေပါပြီ။၈၈၈၈ တုန်းကလဲ ကျောင်သားလူငယ်တွေအထက်တန်းကျောင်းသားတွေမြိုနယ်အသီးသီးမှလူငယ်အဖွဲ့အစည်းများ၊အလုပ်သမားများ၊မြို့ နယ်အသီးသီးမှလူထုကိုယ်စားပြုအဖွဲ့များ၊ထင်ရှားသောစာပေပညာရှင်များ၊အဆိုတော်များ၊ရုပ်ရှင်သရုပ်ဆောင်များ၊ဌာနအသီးသီးမှ ဝန်ထမ်းများ၊ တပ်မတော်ရေမှ ရဲဘော်များ၊ခလရ (၆) ကြည်းတပ် တပ်မတော်သားများ လေတပ် (၅၀၁)၊ (၅၀၂) တပ်မတော်သားများ နှင့် တပ်မ ၂၂ မှ ဗိုလ်ကြီး စိုင်းဝင်းကျော်နှင့် ရဲဘော်တချို့ ပါပါဝင်လာကြပြီး ဒေါက်တာမောင်မောင် အစိုးရမှာ မလှုပ်သာမလွန့်သာ အခြေအနေဖြစ်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့ သဘိတ်ဖြိုခွဲရေးအတွက် ဆင်ကြံကြံနေသော အစိုးရမှာ ဥာဏ်နီဥာဏ်နက်ထုတ်ပြီး သူတို့ဖက်မှ သူလျှိုတွေထည့်သွင်းပြီး ယုတ်မာမှူတွေ စတင်ခဲ့ကြပါတယ်။ပြည်သူလူထုမှ ဆန္ဒပြသူများအား ထမင်းထုပ်ဝေခြင်း သောက်ရေတိုက်ခြင်းဖြင့်အားပေးနေကြသည်များကိုမ.ဆ.လအချောင်သမားတောကြောင်များမှနေပြီးသောက်ရေအတွင်းအဆိပ်ခပ်မှု များကိုကျူးလွန်လာကြပါတယ်။အဆိပ်ခပ်သူအားဖမ်းမိလျှင် သူတို့ဘက်မှစောင့်ကြည့်နေသူများမှ ဓားဖြင့် ဝင်ထိုးပြီးနှုတ်ပိတ်သတ်ဖြတ် ခြင်းများပြုလုပ်လာကြပါတယ်။ဆန္ဒပြ သဘိတ်မှောက်သူများ ကြားထဲတွင် မ ဆ လ ပါတီမှ အမာခံများ ဝင်ရောပြီး အနှောက်အရှက်အဖျက်အဆီးများပြုလုပ်လာကြပါတယ်။ အစိုးရပိုင် ဂိုဒေါင်များ ကို ဖေါက်ထွင်းပြီး သူတို့ဖက်မှ စတင်သယ်ယူ ပါတော့တယ် ရပ်ကွက်မှ လူအချို့က ဝင်ရောက်သယ်ယူကြပါတယ်။ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြနေကြခြင်းကို နိုင်ငံတော်မတည်ငြိမ် အောင် နည်းမျိုးစုံ ဖြင့် ဖန်တီးလျှက်ရှိခဲ့ပါတယ်။တိုင်းပြည်ဆူပူမှု၊ လုယက်မှု၊ ခေါင်းဖြတ်သတ်မှုတွေနဲ့ ... စစ်တပ်က အာဏာသိမ်းပါတော့တယ်။ ဒီကိစ္စတွေကို တာဝန်ယူ ဦးဆောင် လုပ်ကိုင်သူတွေကတော့ ... ဦးခင်ညွန့်နဲ့ ဦးနေဝင်းသမီး .. ဒေါ်စန္ဒာဝင်းတို့ ဦးဆောင်ပြီး လုပ်ကြတယ်လို့ ဖေါ်ထုတ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဦးအောင်သောင်းဟာ လဲဗိုလ်သန်းရွှေရဲ့ အကြိုက်ကို သိသူပီပီ ကြံ့ဖွံ့အား အရောင်တင်ကာ လူမိုက်လုပ်ရင်း ဒီပဲယင်း အရေးအခင်းဖြစ်အောင် ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်သန်းရွှေမှ မုန်းတီးအောင် အခါမလပ် သွေးထိုးနေပြီး မိမိရဲ့ အကျင့်ပျက် ခြစားမှုအား ကာကွယ်ရင်း အောက်လမ်းနည်းနဲ့ ရာထူးအာဏာကို ချုပ်ကိုင်ထားသူ ဖြစ်ပါတယ်။ဗိုလ်ခင်ညွှန့်အား အာဏာရယူဖို့ ကြိုးစားနေကြောင်းနဲ့ ဗိုလ်နေ၀င်းမြေးတွေကိစ္စ၊ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား ပျော့ပြောင်းတဲ့ကိစ္စများအား သွေးထိုးပြောဆို နိုင်ခဲ့ကာ နောက်ကျောကို ဓါးနဲ့ထိုးသလို ဆောင်ရွက်ခဲ့လို့ ဗိုလ်ခင်ညွှနလဲ ကျဆုံးခဲ့ရရှာပါတယ်။အဲဒီတော့ သူတို့တွေ ကြားမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေဟာ ပြည်သူတွေ ခါးစီးမခံသင့်ပါဘူး အကြမ်းဖက်သူလူတစ်စုကို ဝိုင်းဝန်း ဖေါ်ထုတ်ကြပါ။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့သော နိုင်ငံရေး လုပ်ကြံမှုကြီးကို ယနေ့ထိတိုင် မြန်မာနိုင်ငံသူနိုင်ငံသားများ အမှတ်တရ ရှိနေကြအုံးမှာပါ။ တိုင်းတပါး၏ ပရောဂ မပါဘဲ ပြည်တွင်းက မြန်မာလူမျိုး အာဏာရှင်ကြီးတွေ စီမံလမ်းညွှန်ခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုကြီး ဖြစ်ပါတယ် ။၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလဲ စွမ်းအားရှင်တွေရဲ့လုပ်ရပ်တွေကို့ မြင်တွေ့ခဲ့ကြရမှာပါ။ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့အစည်း ရဲ့လုပ်ရပ်ဆိုတာ မသိပေမဲ့ ဘာသာရေး အထိကရုန်းကို ဖန်တီးနေတာဟာ မမှန်သောလုပ်ရပ်ဟု ယူဆမိပါတယ်။နောက်တချက်က အစိုးရမှာ တခုခု အကြပ်အ တည်း ဖြစ်လာတိုင်း ထွက်ပေါက် တခု ရှာလေ့ ရှိတယ်။ တနိုင်ငံလုံး မီးပျက် ဆန္ဒ ပြတဲ့ အချိန် ရခိုင် ပြဿနာ ပေါ်လာတယ်။ အခု လက်ပံတောင်းတောင် ပြဿနာ ပေါ်လာချိန် လေယဉ်နဲ့ ကေအိုင်အေ ကို တိုက်တယ်။ အခုလဲ လူမျိုးရေး ဘာသာရေး မှိုင်းတိုက်ပြီး အထိကရုံးဖြစ်အောင် ဖန်တီးနေပြန်ပါပြီ။အဲဒီတော့ လူတွေရဲ့ အာရုံဟာ တခြားကို ရောက်သွား ပြန်ပါတယ်။မြန်မာပြည်ဟာ ဒီလိုနဲ့ ဘယ်ဘဝထိသွားအုံးမယ်မသိပါဘူး။မူလ ခိုးဝင် ဘင်္ဂလီဆန့်ကျင်ရေးကနေ လမ်းကြောင်းပြောင်းပြီး ဘာသာရေးတိုက်ခိုက်မှုဘက်ရောက်ကုန်ပြန်ရော။ဘယ်သူကဘဲစလုပ်လုပ် ဘယ်အဖွဲ့အစည်းကဘဲစစ အဲလိုအချိန်မှာ အပေါ်က မိန့်မိန့်ကြီးပြုံးပြီး ထိုင်ကြည့်နေတဲ့သူက ဘယ်သူဖြစ်မယ်ထင်ပါသလဲ။အာဏာကို လက်မလွှတ်ခြင်တဲ့ အာဏာရှင်တွေရဲ့ အလိုကျပါဘဲ။ ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတစ်ခုခုဖြစ်လာရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာရန်တိုက်ပေးတဲ့ အစဉ်အလာဆိုးဟာ အခု အချိန်မှာ မဖြစ်သင့်တော့ပါဘူး။ ဦးနေဝင်းလက်ထက်ကလည်း ဆန်ရေစပါးရှားပါးမှု ပြသနာကို စစ်ထောက်လှမ်းရေးတွေက တရုပ်အမျိုးသားတွေကိုရိုက်နှက် စေပြီး တရုပ် ဗမာအရေးအခင်း ဖန်တီးခဲ့တယ်။နောက်ဆုံးနစ်နာရတာ ပြည်သူလူထုပါဘဲ။ မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင် လှည့်ကွက်၊ မျက်လှည့်ပြပွဲ၊ မြန်မာ့သမိုင်းဝင် အဖြစ်အပျက်ဆိုးတွေ အကြိမ်ကြိမ်ပေါ်ခဲ့ပြီးပါပြီ။ စစ်အုပ်စု လုံခြုံရေး နှင့် အကျိုးစီးပွားအတွက် အခုမြင်တွေ့နေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့) အစိုးရသစ်ဆိုတာတွေ ပေါ်လာခဲ့တယ်။ ဒီလို အတုအယောင် အပြောင်းအလဲတွေနဲ့ အသွင်ပြောင်းတဲ့ ဒီမိုကရေစီ ဖြစ်စဉ်တွေဟာ တရားဝင် အာဏာရှင်အစိုးရတွေ ပေါ်လာလေ့ရှိတတ်ပါတယ်။မိမိတို့ရဲ့ ဦးတည်ရာ လမ်းကြောင်း ပျောက်မသွားဘို့နဲ့ ကျုပ်တို့အားလုံးက တမြေတည်းနေ တလှေတည်းစီး တခရီးတည်း သွားနေကြတဲ့ ပြည်သူတွေထဲက လူတွေပါ။ ဘုံရန်သူက စစ်ဘီလူး ခေါင်းဆောင်တွေ၊ ဖျက်ရမယ့် စနစ်က စစ်အာဏာရှင်စနစ်၊ ရည်ရွယ်ချက် တူကြပါတယ်။ကျွန်တော်တို့မှာ လိုနေတာက စည်းလုံးညီညွတ်မှူပါ။ ပုဆိုးပဲဝတ်ဝတ်၊ ထဘီပဲခြုံခြုံ၊ ဘောင်းဘီပဲ ဝတ်ဝတ်၊ ခရစ်တော်ပဲ ကိုးကွယ်ကိုးကွယ်၊ ဗမာစကားပဲ ဝဲဝဲ ကျုပ်တို့အားလုံးက တမြေတည်းနေ တလှေတည်းစီး တခရီးတည်း သွားနေကြတဲ့ ပြည်သူတွေထဲက လူတွေပဲ။ ဘုံရန်သူကို ဝိုင်းဝန်းတိုက်ခိုက်ကြဖို့ သူတလူငါတမင်းလုပ်မနေကြပဲ စုပေါင်းညီညာကြဖို့ တိုက်တွန်းလိုပါတယ်။
ဇော်ဝမ်းမောင် (အ.က.သ)ဟောင်း တစ်ဦး