Monday, March 11, 2013

၉၆၉ အဖွဲ့၏ ခွင့်လွှတ်နိုင်မှုနှင့်မေတ္တာ တရား

ပုဂံပြည် မှ သူရဲကောင်း's photo.

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့တွင် ၉၆၉ တရားပွဲများကို စီစဉ်ကျင်းပပေးသူ လူငယ်ခေါင်းဆောင် ၃ ဦး အပေါ် ဟာဂျီ ဦးလှတင် ဆိုသူကမဟုတ်မမှန် စာရွက်စာတမ်းများဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ
တိုင်ကြားခဲ့ကြောင်းနှင့် လပွတ္တာ ရဲစခန်းမှ ခေါ်ယူ စစ်ဆေးရာမှ မဟုတ်
မှန်ကြောင်း ပေါ်ပေါက်လာပါသဖြင့်..လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်သူ
ကိုဇော်တိုးက တရားလို ပြုလုပ်ပြီး ဟာဂျီ ဦးလှတင်ကို တရားရုံး၌
တရားစွဲဆိုခဲ့သည်.(သတင်းဖော်ပြပြီး)

ထိုအခါမှပင် ဦးလှတင်ဘက်မှ ၄င်း၏ အမှားကို ခွင့်လွှတ်ပေးပြီးအမှုကျေအေးပေးပါရန် အကြိမ်ကြိမ်တောင်းပန် လာပြီး လပွတ္တာ
သာသနပါလ ဂဏ၀ါစက သံဃကွန်ယက်မှ ဆရာတော် များဖြစ်ကြသော
ဥက္ကဌ ဆရာတော်ဘဒ္ဒန္တ ဥတ္တရ (ဓမ္မာစရိယ)(သာသနောဒယကျောင်းတိုက်)
ဒု ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ နာရဒ (ဓမ္မာစရိယ)(မင်းကျောင်း ပရိယတ္တိ
စာသင်တိုက်) အတွင်းရေးမှုး ဆရာတော် ဘဒ္ဒန္တ စန္တသီရိ (ဓမ္မာစရိယ)
(ကျိုက်ထီးရိုး ပရိယတ္တိ စာသင်တိုက်) ဆရာတော်များရှေ့မှောက် ၌ သင်္ကန်း
(၃ )စုံ ကပ်လှု၍ ၀န်ချတောင်းပန်ခဲ့ပါသည် အဆိုပါ တောင်းပန်ပွဲ သို့
လပွတ္တာ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဘိုဘို မင်းသိုက်၊ အမှတ် (၄) ရပ်ကွက်
အုပ်ချုပ်ရေးမှုး ဦးတိုးတိုး၊သာသနာရေး ဦးစီးမှုး ဦးဝင်း၊နိုင်၊လပွတ္တာ မြို့မိ
မြို့ဖများ၊ဦးလှတင်ဖက်မှ ဦးဖိုးကောက်(အမဲလေလံဆိုင်)၊ ဦးအောင်လွင်
(အောင်ချိုခိုင်သစ်စက်) တို့တက်ရောက်ခဲ့ပါသည်။

အဆိုပါပွဲတွင်
ဆရာတော်များက ဘာသာနှစ်ခုကြား ပြသနာဖြစ်ခြင်းကို မလိုလားပါ၊ယခု
ဥက္ကထ ကိုဇော်တိုး ဦးဆောင်သော သဒ္ဓမ္မ ၀ံသ ရက္ခိတ အသင်းသည်
ကိုယ့်ဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်ခြင်းသာဖြစ်ကြောင်း၊
အသင်းသူ အသင်းသား အားလုံးသည် လည်း
ဆရာတော်များ၏သြ၀ါဒအောက်တွင်သာ ရှိကြောင်း၊
မရျင်းလင်းသည်များရှိလျင် မိမိတို့ထံလျောက်တင်နိုင်ကြောင်း၊
မိမိ၏တပည့်များ မှားယွင်းလျင် ဆရာတော်များက ဆုံးမ မည်ဖြစ်ကြောင်း
မိန့်ကြားခဲ့ပါတယ်။ မင်းကျောင်းဆရာတော် ဦးနာဒရက အခွေနှင့်
စာရွက်စာတမ်းဆိုသည် မှာ ယခုခေတ်အခါ၌အဖက်ဖက် က
ထွက်နေသည်သညဖြစ်ကြောင်း မိန့်ကြားခဲ့ပြီး၊သာသနောဒယ
ဆရာတော်ကလည်း အသင်း၏ရည်ရွယ်ချက်များနှင့် ၉၆၉ ၏ အဓိပ္ပယ်သည်
မည်သည့် ဘာသာကိုမှ ထိခိုက်ခြင်းမရှိကြောင်း ထပ်မံရှင်းလင်းမိန့်ကြားပါသည်၊

ထိုနောက် ဆရာတော်များက ကိုဇော်တိုးကို ယယဦးလှတင် အပေါ်
ကျေအေးပေးလိုက်ရန် ခွင့်ပြု မိန့်ကြားသဖြင့် ဦးလှတင်ကလဲ နောင်
ယခုကဲ့သို့ မပြုလုပ် ပါဟုခံဝန်ရေးထိုး ပြီး
ကိုဇော်တိုးကလည်းကျေအေးလွှာ ကို အသိသက်သေများရှေ့တွင်
လက်မှတ်ရေးထိုးပေးလိုက်ပါကြောင်း သိရှိရပါသည်။

Options
ဦး ယဉ်ကျေး

ကိုးခြောက်ကိုး ဆိုတာ ဒီလို ၊ ဒီနေရာမှာ တရားလို ဟာ သူတို့
ဆိုလျှင် ရမတဲ့လား ။ ထားပါတော့ ၊ ကိုးခြောက်ကိုး က ငြိမ်းချမ်းရေးကို
ဖော်ဆောင်နေတာလား ၊ပဋိပက္ခကို ၊ ဦးတည်နေတာလား ဆိုတာ ဆြာ့ ၊
ဆြာကြီးများ သေချာ သုံးသပ်ကြစေချင်ပါတယ် ။