Monday, February 18, 2013

သာကေတ မြို့နယ် ဗလီ ဆောက်လုပ်နေခြင်းနှင့်ပက်သက်၍

ဝံသာနုအယ်ဒီတာ အာဘော်

သာကေတအာရဗီကျမ်းစာသင်ကျောင်း ပြဿနာနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာ ငြင်းခုန်ဝေဖန်မှုတွေ အများကြီးဖြစ်သွားတာကို တွေ့ရှိရပါတယ်။ ဒီကျောင်းဟာ တရားဝင်ခွင့်ပြုချက်မရှိပဲ ကိုယ့်သဘောနဲ့ကိုယ် တည်ဆောက်ထားတာလို့ သိရပြီး ရပ်ကွက်နေပြည်သူတွေ ငြိုငြင်ရာကနေ ပြဿနာစတက်တာလို့ သိရပါတယ်။ ပြည်တွင်းသတင်းထောက်တွေရဲ့ လိမ်မာပါးနပ်မှုကြောင့်သာ ရဲတပ်ဖွဲ့က အခြေအနေကိုအချိန်မှီ ထိန်းသိမ်းနိုင်ခဲ့တာလို့ သတင်းထောက်တစ်ဦးက ပြောပြသွားပါတယ်။ သတင်းရရချင်းသာ အွန်လိုင်းပေါ်ကနေ သတင်းလွှင့်လိုက်ရင် လူတွေဒီထက်ပိုဝိုင်းအုံလာပြီး အခြေအနေတော်တော် ဆိုးဝါးသွားမယ့် သဘောမှာရှိတယ်လို့ အဲဒီသတင်းထောက်ကပဲ ပြောပြသွားပါတယ်။

ဒီသာကေတကကျောင်းဟာ တလောက ခလေးတွေကိုဆိုင်းဘုတ်ထောင် ဆန္ဒပြခိုင်းတဲ့ကျောင်း ဖြစ်မယ်ထင်ပါတယ်။ ဟုတ်မဟုတ်တော့ အတိအကျမသိရသေးပါဘူး။ ရခိုင်မှာဖြစ်သွားတဲ့ ဘင်္ဂလီဆူပူအုံကြွမှုရဲ့ ဂယက်ကြောင့် ပြည်တွင်းနေမူဆလင်တွေနဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေကြားမှာ တင်းမာမှုတွေမြင့်တက်လာခဲ့တာ ကြာပါပြီ။ ပြည်တွင်း၊ပြည်ပအခြေစိုက် မူဆလင်အခွင့်အရေး လှုပ်ရှားသူတွေရဲ့ နိုင်ငံရေးနယ်ပယ်ထဲ ထိုးဖောက်ဖို့ ခြေလှမ်းတွေဟာလည်း ဒီ၂၀၁၃ခုနှစ်ထဲမှာ တဖြည်းဖြည်း ခြေလှမ်းစိတ်လာတာကို မြင်နေရပါတယ်။

တဖက်ကလည်း မြန်မာတွေဖက်က အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရေး ကြွေးကြော်သံတွေနဲ့အတူ မူဆလင်ဆန့်ကျင်ရေး၊ ၇၈၆ စီးပွားရေး အားမပေးရစတဲ့ နှိုးဆော်မှုတွေ တပြိုင်နက်ထွက်ပေါ်လာခဲ့ပါတယ်။ ၀ံသာနုအနေနဲ့ နှစ်ဖက်စလုံးရဲ့ လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပါတယ်။ နှစ်ဖက်အုပ်စုတွေရဲ့ တူညီတဲ့အချက်တစ်ခုကတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်မုန်းတီးစိတ်ကို အခြေခံပြီး လှုပ်ရှားနေကြခြင်းဖြစ်ပါတယ်။ ကွာခြားချက်ကတော့ မူဆလင်တွေက ကျစ်ကျစ်လစ်လစ်နဲ့ စည်းလုံးညီညွတ်စွာ ကျောထောက်နောက်ခံကောင်းကောင်းနဲ့ လှုပ်ရှားနေပြီး မြန်မာတွေဖက်ကတော့ လူအင်အားများပေမယ့်လို့ ပါတီစွဲ၊၀ါဒစွဲ၊ဂိုဏ်းကဏ္ဍအစွဲတွေကြားမှာ စည်းလုံးညီညွတ်မှုကို မနည်းရုန်းကန် တည်ဆောက်နေရပြီး ကျော်ထောက်နောက်ခံလည်း မရှိပါဘူး။ အမျိုးသားရေးလှုပ်ရှားသူတွေဟာ ကိုယ့်ထမင်းကိုယ်စားပြီး ဒီလှုပ်ရှားမှုမှာ ၀င်ပါနေကြသူတွေပါ။ သိရသလောက် တစ်ဦးတစ်ယောက်မှ ဒီအလုပ်အတွက်ထောက်ပံ့ကြေး မရကြပါဘူး။ ဒါဟာ မူဆလင်တွေနဲ့ယှဉ်လိုက်ရင် အဓိကအားနည်းချက်ဖြစ်ပါတယ်။ အဲဒီလိုအထောက်အပံ့မရှိတဲ့အတွက် စည်းရုံးရေး၊သတင်းအချက်အလက် စုဆောင်းရေး ကဏ္ဍတွေမှာ အားနည်းချက်တွေအများကြီး ရှိနေပါတယ်။ အများစုက အမုန်းတရားနဲ့ နာကျည်းမှုကိုရှေ့တန်းတင်နေကြတဲ့အတွက် ဗျူဟာမြောက်စွာ စနစ်တကျချိတ်ဆက်ဆောင်ရွက်မှုပိုင်းမှာ အားနည်းနေကြပါတယ်။ နောက်တစ်ချက်က မိမိတို့ရဲ့လက်ရှိအနေအထားကို သေချာသုံးသပ်ဖို့ ပျက်ကွက်နေကြပါတယ်။

မုန်းတီးမှုကိုအခြေခံပြီး မူဆလင်တွေကို မြန်မာနိုင်ငံကနေ အမြစ်ပြတ်မောင်းထုတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့စိတ်ကူးယဉ်မှု သက်သက်သာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ နိုင်ငံတော်အစိုးရက ကိုယ့်နောက်မှာမရှိပါဘူး။ နိုင်ငံတကာရဲ့ထောက်ခံမှုကိုလည်း မရနိုင်ပါဘူး။ ဗလီတစ်လုံးကို မီးရှို့လိုက်ရင် မူဆလင်တွေအတွက် ဗလီနှစ်လုံးစာထောက်ပံ့ကြေးက အဆင်သင့်ရှိနေတယ်ဆိုတာ မမေ့သင့်ပါဘူး။ မိမိတို့ဖက်က အိမ်တစ်လုံးမီးလောင်သွားရင် ဘယ်သူကအိမ်ပြန်ဆောက်ဖို့ ငွေပေးမလဲဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ မူဆလင်တွေဖက်က ဗလီနှစ်လုံးစာ၊ အာရဗီစာသင်ကျောင်း နှစ်လုံးစာထောက်ပံ့ကြေး ရလာဖို့ တစ်လုံးကိုထိုးကျွေးဖို့ ၀န်မလေးဘူးဆိုတာ သတိထားသင့်ပါတယ်။ ဒီလူတွေထဲက အချို့ဟာ မြန်မာနိုင်ငံတစ်နိုင်ငံထဲကနေ လှုပ်ရှားနေသူတွေမဟုတ်ဘူးဆိုတဲ့ အချက်ကို အများစုက သတိမထားမိကြသေးပါဘူး။ ထိုင်း၊ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေ၊ အင်ဒိုနီးရှား၊မလေးရှားစတဲ့ နိုင်ငံတွေက အစ္စလာမ်မစ်အဖွဲ့အစည်းတွေနဲ့ စနစ်တကျချိတ်ဆက် လှုပ်ရှားနေကြတာပါ။ အထဲမှာတစ်ခုခုဖြစ်အောင် ဖန်တီးပြီး အပြင်ကနေ၀ိုင်းအော်တတ်တာ သူတို့အကျင့်ပါပဲ။ သူတို့လိုသမျှ ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေအများကြီး ရှိနေပါတယ်။ လက်နက်အပြည့်အစုံတပ်ဆင် လေ့ကျင့်ပြီးသား နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေ အဆင်သင့်ရှိနေပါတယ်။ သူတို့နဲ့ယှဉ်လိုက်ရင် မြန်မာတွေဖက်မှာ ပြည်တွင်းပြည်ပချိတ်ဆက်လှုပ်ရှားမှုတွေ အရမ်းအားနည်းနေပြီး ထောက်ပံ့မယ့်အဖွဲ့အစည်းလည်း မရှိသေးပါဘူး။

အစိုးရဖက်က မူဆလင်နိုင်ငံအချို့ဆီက အလှူငွေလက်ခံပြီးတဲ့နောက်ပိုင်းမှာ လေသံပြောင်းသွားပြီး ဘာတစ်ခုမှ အားကိုးမရတော့တာ အားလုံးအသိပဲဖြစ်ပါလိမ့်မယ်။ ဂါမပညတ်လို့ခေါ်တဲ့ ရပ်ကွက်၊မြို့နယ် ထုံးတမ်းစဉ်လာစည်းကမ်းအရ မူဆလင်တွေကို လက်သင့်မခံဘူးဆိုပေမယ့် တရားဥပဒေကိုတော့ လွန်ဆန်လို့မရပါဘူး။ ဥပဒေကိုချိုးဖောက်ပြီးလုပ်မယ်ဆိုရင် ကိုယ့်ဒေါသက ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးတာ ခံရတတ်ပါတယ်။ မူဆလင်တွေဖက်က မြန်မာတွေကို ကိုယ့်အရိုးနဲ့ကိုယ့်ပြန်ထိုးတဲ့ အကွက်တွေ သုံးနေကျဆိုတာကို မမေ့သင့်ပါဘူး။ တကယ်တော့ အမျိုးသားရေးဆိုတာ တဖက်က ကျူးကျော်စော်ကားမှုကို ခုခံခြင်းပဲဖြစ်ပါတယ်။ မုန်းတီးမှုနဲ့ တဖက်အုပ်စုကို ကိုယ့်ဖက်ကနေ စတင်တိုက်ခိုက်ခြင်း မဟုတ်ပါဘူး။ မူဆလင်တွေထဲမှာ ဗုဒ္ဓဘာသာမြန်မာနိုင်ငံကို အစ္စလာမ်ဘာသာရေးဥပဒေ ကျင့်သုံးတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ စိတ်ကူးယဉ်ပြီး မျိုးဆက်နဲ့ချီ ငွေအား၊လူအားနဲ့ ဇောက်ချလှုပ်ရှားနေသူတွေရှိသလို မြန်မာလိုနေ၊မြန်မာလိုဝတ်၊မြန်မာလိုတွေးပြီး မြန်မာအဖြစ်ဂုဏ်ယူနေကြတဲ့ မူဆလင်တွေလည်း အများကြီးရှိတယ်ဆိုတာကို သတိမူသင့်ပါတယ်။ မုန်းတီးမှုကို အခြေခံပြီး အမျိုးသားရေးလုပ်မယ်ဆိုရင် အကျိုးဆက်က အဲဒီကွဲပြားနေတဲ့ မူဆလင်အုပ်စုနှစ်ခုကို တစ်ခုတည်းဖြစ်အောင် စုစည်းပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

အလှူဒါန လက်နဲ့မကွာတဲ့ မြန်မာတွေဟာ လှူဒါန်းမှုအတွက် နိဗ္ဗာနဿပစ္စယော ဟောတုဆိုပြီး ရေစက်ချပြီးတာနဲ့ ကုသိုလ်တရားနဲ့ သာဓုကလွဲရင် ဘာမှမကျန်ပါဘူး။ မူဆလင်တွေဖက်ကတော့ လှူဒါန်းမှုအများစုဟာ သူတို့လူမျိုးတွေ ကြီးပွားတိုးတက်ဖို့၊ နေရာရဖို့ ရည်မှန်းချက်တွေ အများကြီးရှိနေပါတယ်။

ခုချိန်မှာ မြန်မာတွေအတွက် အဓိကလိုအပ်နေတာကတော့ အလွှာပေါင်းစုံပါဝင်တဲ့ ပါတီစွဲ၊ပုဂ္ဂိုလ်စွဲ၊လူမျိုးစွဲတွေ ကင်းပြီး နိုင်ငံရေးအကျိုးအမြတ် မမျှော်ကိုးတဲ့ အမျိုးသားရေးသီးသန့် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ပြည်နယ်၊မြို့နယ်၊ရပ်ကွက်အဆင့်ထိ စနစ်တကျဖွဲ့စည်းပြီး ဘဏ္ဍာရေးအင်အားကောင်းကောင်းနဲ့ သတင်းအချက်အလက်တွေကို စနစ်တကျစုဆောင်းပြီး နိုင်ငံတော်အဆင့်ထိ ထိုးဖောက်လှုပ်ရှားနိုင်မယ့် အဖွဲ့အစည်းကြီးတစ်ခု မဖြစ်မနေ လိုအပ်နေပါတယ်။ ပြည်ပအခြေစိုက်မြန်မာတွေနဲ့ ဆက်သွယ်ပြီး မူဆလင်အုပ်စုတွေရဲ့ နိုင်ငံတကာကို ၀ါဒဖြန့်မှုတွေကို စနစ်တကျချေပနိုင်ဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှုတိုင်းဟာ တည်ဆဲတရားဥပဒေဘောင် အတွင်းအကျုံးဝင်ဖို့လိုအပ်ပြီး မိမိတို့ရဲ့ရည်မှန်းချက်ကို နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ပေးနိုင်အောင် လွှတ်တော်တွင်းကနေ အကြံပြုတင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ မူဆလင်တွေနဲ့ ပတ်သက်တဲ့ မတရားမှုတွေ၊ တရားဥပဒေချိုးဖောက်မှုတွေကို စနစ်တကျဖော်ထုတ်ပြီး တရားဥပဒေဘောင်အတွင်းကနေ အရေးယူနိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ မတရားမှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတွေအတွက် ကူညီထောက်ပံ့မှုတွေပေးပြီး ဒီလိုဖြစ်ရပ်မျိုးတွေကို ရှောင်ရှားနိုင်အောင်၊ မျိုးချစ်စိတ်ဓာတ် ထက်သန်လာအောင်သင်တန်းပေး၊ ဟောပြောပို့ချမှုတွေကို ဆောင်ရွက်သင့်ပါတယ်။ ဒီလိုဟောပြောပို့ချတဲ့နေရာမှာလည်း တဖက်အုပ်စုကို မုန်းတီးဖို့သင်ကြားတာမျိုး မဟုတ်ပဲ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာတရားကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားတတ်လာအောင် သင်ကြားပေးသင့်ပါတယ်။ နိုင်ငံနဲ့ချီပြီး အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာ ပေါ်ပေါက်လာတဲ့အချိန်မှာ မိမိတို့ဌာနေတိုင်းရင်းသားတွေရဲ့ စီးပွားရေး၊လူမှုရေး၊ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ကဏ္ဍရပ်တွေမှာ နိုင်ငံခြားမျိုးနွယ် တရုတ်၊ကုလားတွေရဲ့ ရင်ဘောင်တန်းနိုင်ဖို့ အဖွဲ့အစည်းကနေ ဦးဆောင်ပြီး စည်းလုံးညီညွတ်စွာ ကြိုးစားသင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

အယ်ဒီတာ
ဝံသာနု
--------------------------------
ရာဇဓိရာဇာအာဘော်

လက်ရှိ သာကေတ က ပြဿနာ ရင်းမြစ်ကို မှန်းကြည့်ရာမှာ မူလ အဆောက်အဦး ကတော့ ကိုရမ် ကို အာရဗီလို သင်တဲ့ ကျောင်း (မဒရက်ဆာ) ဖြစ်ပုံရပါတယ်။ သက်ဆိုင်ရာကို ရေအပြည့်အဝ လောင်းပြီး တရားဝင် ဖွင့်ထားတဲ့ ပုံပါ။ အရင်ကတော့ မြန်မာများတဲ့ ရပ်ကွက်မှာ ဆိုတော့ လူနေအိမ်လိုလို ကျူရှင်လိုလိုနဲ့ လုပ်ပြီး မသိမသာ ခပ်ကုပ်ကုပ်နဲ့ လုပ်ခဲ့ မယ် ထင်ပါတယ်။

အခုဟာက ခေါင်မိုးပြင်မယ်ဆိုပြီး ထပ်ခိုးတင်တာ ဒါမှမဟုတ် နှစ်ထပ် ဖြစ်အောင် ကြံတဲ့ သဘော ရှိပါတယ်။ အခုလို ပွင့်လင်းမြင်သာ လာတဲ့ အချိန် ပြည်သူတွေ အသိအမြင် နိုးကြားလာတဲ့ အချိန် မှာ ဒီကိစ္စဟာ ထိပ်တိုက် ပဋိပက္ခ အနေနဲ့ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။

ဒီပြဿနာဟာ နေရာကွက် ပြီး ဖြစ်တဲ့ ပုံစံ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဖြစ်နေပြီ လို့ ယူဆရပါတယ်။ ဘာဘဲဖြစ်ဖြစ် ဥပဒေနဲ့ အညီ အရေးယူ သွားရမှာ ဖြစ်ပြီး အထောက်အထား ခိုင်လုံခဲ့ရင် တာဝန်ပျက် ကွက်တဲ့ အာဏာပိုင်တွေကိုပါ အရေးယူရမှာ ဖြစ်ပါတယ်။

အဲ... အကြမ်းဖက်တာမျိုး ကို တော့ လုံးဝ မလုပ်သင့်ပါဘူး။ အကယ်၍ ပြည်သူတွေ အနေနဲ့ ဒါမျိုးကို မနှစ်ခြိုက်ရင် ကျောင်းရှေ့မှာ ဆိုင်းဘုတ်တပ် ဆန္ဒပြ တာမျိုး ကို ငြိမ်းချမ်းစွာ ပြုလုပ်သင့်ပါတယ်။

အာဏာပိုင်များ အနေနဲ့ လည်း ရေရှည် လုံခြုံရေးကို စဉ်းစားပြီး ဒီလိုကျောင်းမျိုးတွေကို ထိလွယ်ရှ လွယ်တဲ့ နေရာမျိုးတွေ က နေ ရွှေ့ပြောင်း ပေးတာမျိုး၊ ပဋိပက္ခဖြစ်နိုင်တဲ့ နေရာမျိုးတွေမှာ ကျောင်းဆောက်ခွင့် မပြုတာမျိုး စတာတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားဖို့ လိုလာပါပြီ။ အင်ဒိုနီးရှား၊ မလေးရှား စတဲ့ နိုင်ငံတွေမှာလည်း အလားတူ ပြဿနာတွေကို ဒီလိုဘဲ ဖြေရှင်း သွားကြတာပါဘဲ။ သတိချပ်စေ ချင်ပါတယ်။

[ဓာတ်ပုံ - စစ်တွေမြို့ရှိ မဒရက်ဆာ (Photo Credit Paula Bronstein/Getty Images)]

by ရာဇာဓိ ရာဇာ