by မဟာကြောင်
အခု ရေးသားမည့် အကြောင်းအရာများသည် Foreign Policy မှာ Yun Sun (ယွန်ဆန်) ရေးသားသော ဆောင်းပါးကို သင်တော်အောင် မဟာကြောင် ဘာသာပြန်ပေးတာဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာ ဝေဖန်ဆန်းစစ်မှုများသည် ဆောင်းပါးရေးသူ၏ အာဘော်များသာ ဖြစ်ပါသည်။ ဆောင်းပါးရေးသားသူ၏ အာဘော်ကို မရရှိပါက ဘာသာပြန်သူ မဟာကြောင်၏ အားနည်းချက်သာ ဖြစ်ကြောင်း ၀န်ခဲ့ပါသည်။
http://www.foreignpolicy.com/articles/2013/01/15/has_china_lost_myanmar
မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ်မစ၍ ဖြစ်ပေါ်နေသော် အရှိန်အဟုန်ပြင်းပြီး မြန်ဆန်လှသော ပြုပြင်ပြောင်းလဲမှုများသည် တရုတ်တို့အတွက် ခေါင်းခဲစရာ ပြဿနာ ဖြစ်နေလေသည်။ တရုတ်တို့သည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အိမ်နီးချင်း နိုင်ငံမှ အလကားနီးပါး ရရှိသော သဘာဝ သယံဇာတ ပစ္စည်းများကို လက်ဝါးကြီးအုပ် ဝါးမျိုနေသကဲ့သို့ မိမိတို့ဖက် အလေးသာသော သံခင်းတမာန်ခင်းများဖြင့် သာသာယာယာ ရှိခဲ့ပေသည်။ သို့သော် ယခုအခါတွင် မြန်မာပြည်၌ ရှုပ်ထွေးလှသော ဒီမိုကရေစီစံနစ် ဖော်ဆောင် ပြုပြင် ပြောင်းလဲမှုများကြောင့် ပြည်သူအများသည် ယခင်အခါက စစ်အစိုးရနှင့် ပလဲနံပ သင့်၍ စီးပွားရေးဆိုင်ရာ လက်ဝါးကြီး အုပ်မှုနှင့် သွေးစုပ်မှုများကြောင့် တရုတ်အစိုးရကို အမျက်သိုနေကြကာ တန်ပြန် တော်လှန်နေကြပေပြီ။ ဒေသတွင်းဆိုင်ရာ လုံခြုံမှုများကြောင့် ကချင်မြောက်ပိုင်း မငြိမ်မသက်မှုများ တရုတ်နိုင်ငံ၏ နယ်မြေများကိုပါ ထိပါးလာနိုင်သည့် အချက်များကြောင့် ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်ပြည်သူ့တပ်မတော်ကို နယ်စပ်သို့ ပို့လွတ်ခဲ့ရသည်။
တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံအား အနောက်ဘက် အိန္ဒိယသမုဒ္ဒရာသို့ နည်းဗျူဟာကျသော ထွက်ပေါက်တစ်ခုအဖြစ် ယူဆ၍ မရနိုင်တော့ချေ။ ထို့အပြင် အရှေ့တောင်အာရှ ဒေသတွင်းတွင်လည်း ယခင်ကကဲ့သို့ ထောက်ခံမှု ပေးစွမ်းနိုင်သော နိုင်ငံအဖြစ်လည်း ယုံစား၍ မရတော့ချေ။ ဝါရှင်တန် အစိုးရနှင့် ရွှေလမ်း ငွေလမ်း ခင်းနေပြီ ဖြစ်သော နေပြည်တော် အစိုးရကြောင့် တရုတ်တို့သည် အမေရိကန်တို့၏ အာရှဒေသတွင်း ပါဝါချိန်ခွင်လျှာ ညှိလာသည့် အရေးကို စိုးရိမ်တစ်ကြီး စောင့်ကြည့်နေရပေပြီ။ လတ်တလော အဖြစ်အပျက်များသည် ပီကင်း အစိုးရအတွက် ကောင်းသော အလားအလာ မဟုတ်ပေ။ တရုတ်လက်နက် ကုမ္ပဏီနှင့် စစ်တပ်ထိန်းချုပ်သော မြန်မာ့ဦးပိုင်လီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံ အလယ်ပိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ ရက်ပေါင်းများစွာ ကြာရှည်သော ဆန္ဒပြမှုများဖြင့် ကြုံတွေ့နေရသည်။ ဒေါ်လာ ဘီလီယံ ၃.၆ တန်သော မြစ်ဆုံစီမံကိန်းသည် ပြည်သူအများ၏ဆန္ဒကြောင့် ဟု ဆိုကာ သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ထားခဲ့သည်။ လက်ပံတောင်းတောင် အရေးအခင်းသည် တရုတ်ရင်းနှီးမြုပ်နှံမှုအတွက် အန္တရာယ်ရှိသော အလားအလာ ဖြစ်လာနေသည်။
တရုတ်တို့သည် မိမိတို့ အကျိုးစီးပွားအား ကာကွယ်ရန်မှာ နည်းပါးသော အခွင့်အလမ်းသာ ရှိသည်ကို သိနားလည်လာပြီ ဖြစ်သည်။ အရှေ့တောင်အာရှ လေ့လာဆန်းစစ်သူများနှင့် အစိုးရပိုင်းဆိုင်ရာ အကဲဖြတ်များ ပါဝင်သော တရုတ်အစိုးရ၏ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒ အဖွဲ့အစည်းများ အတွင်းတွင် မြန်မာ့အရေးကို တရုတ်တို့၏ သြဇာ အာဏာ ပြန်လည် ကြီးစိုးရေးအတွက် ယခင်က မိတ်ဆွေဟောင်းများ ဖြစ်သော မြန်မာ့ပြည်တွင်း လက်နက်ကိုင် တိုင်းရင်းသားများနှင့် ပြန်လည် ဆက်ဆံရေး ဟူသည့် ဆွေးနွေးချက်များသည် စားပွဲဝိုင်းပေါ်သို့ ကျယ်လောင်စွာ ရောက်လာပေပြီ။ ယူနန် ရဲကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပရော်ဖက်ဆာ Liang Jinyun က အငြင်းပွားဖွယ်ရာ သုံးသပ်ချက် တစ်ခုကို တင်ပြခဲ့သည်။ အဆိုပါ မိတ်ဆွေဟောင်းများကို ကိုင်တွယ်တတ်ပါက မြန်မာနိုင်ငံအတွင်း ဖြစ်လာနိုင်သော တရုတ်-အမေရိကန် ဆက်ဆံရေးများတွင် ဖဲချပ်တစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော ၁၉၄၈ ခုနှစ်မှစ၍ ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် လက်နက်ကိုင် တော်လှန်ခဲ့သော ဝ နှင့် ကချင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရုတ်တို့သည် မြဲမြံသော ဆက်ဆံရေး ရှိခဲ့ကြသည်။ အဆိုပါ ဆက်ဆံရေးသည် ၁၉၆၀ လွန်ပြည့်နှစ်များတွင် အထူးအားကောင်းခဲ့သည်။ ထိုအချိန်များသည် ဝနှင့် ကချင်အများစု ပါဝင်သော ဗမာပြည် ကွန်မြူနစ်ပါတီကို တရုတ်အစို့းရက အထောက်အပံ့ ပေးနေခဲ့ပြီး ဗကပ ကလည်း ဗဟိုအစိုးရအား တော်လှန်ရာ၌ အောင်မြင်မှု ရရှိနေသည့် အချိန်ဖြစ်သည်။
၁၉၉၀ နှစ်ဦးပိုင်းကာလများတွင် တရုတ်အစိုးရမှ မြန်မာအစိုးရအား အထောက်အပံ့ ပေးနေသော လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ရပ်တန့်ခဲ့သည်။ သို့သော် ယူနန် အစိုးရကမူ ဒေသချင်း ထိစပ်လျက် ရှိသောကြောင့် စီးပွားကူးသန်းရောင်းဝယ်မှု ဆိုင်ရာ ဆက်ဆံမှုနှင့် ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး အစီအစဉ်များ ဆက်လက် ထားရှိခဲ့သည်။ ၂၀၁၁ ခု စက်တင်ဘာလ၌ ဝ လက်နက်ကိုင်တပ်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သော်လည်း ကချင်လက်နက်ကိုင်တပ်များနှင့်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် မြန်မာစစ်တပ်မှ လေကြောင်း အကူအညီဖြင့် စစ်သည်အင်အား ၁၅,၀၀၀ ကျော် ရှိသည် ဆိုသော ကချင်လက်နက်ကိုင်တပ်အား တိုက်ခိုက်ခဲ့သည်ကို ဝန်ခံခဲ့သည်။
တရုတ်အစိုးရအနေနှင့် လူသိရှင်ကြား ပြောကြားမှုများ ပြုလေ့ ပြုထ မရှိချေ။ အမေရိကန် အစိုးရနှင့် မြန်မာအစိုးရအကြား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်ကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးပါသော အိမ်နီးချင်း နိုင်ငံ တစ်ခု ဖြစ်ပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာချက်တစ်ရပ် ပြုခဲ့သည်။ သို့သော် လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် မြန်မာအစိုးရအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်းသည် ယခုအခါ တရုတ်အစိုးရက လိုအပ်သော အခြေအနေရောက်အောင် တွန်းပို့နိုင်ခြင်း မရှိဟု ယူဆသည်။ ထို့အတွက် တရုတ်အစိုးရအနေဖြင့် ယင်းတို့၏ ချဉ်းကပ်ပုံ နည်းလမ်းကို ပြန်လည် ဆန်းစစ်သင့်သည်ဟု တရုတ်အစိုးရ၏ နိုင်ငံရေးဆိုင်ရာ သီးသန့် ဆွေးနွေးပွဲတစ်ခုမှ အစိုးရ၏ ဆန်းစစ်သူ တစ်ဦးက ပြောကြားသည်။
ပီကင်းမှ ထင်ရှားသော နိုင်ငံရေး စောင့်ကြည့် လေ့လာသူ တစ်ဦးကမူ တရုတ်အစိုးရအနေဖြင့် ယင်း၏ ဝှက်ဖဲ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်များကို ယခုအခါတွင် ထုတ်သုံးရန် လိုအပ်လာပြီဟု ထင်မြင်ချက်ပေးခဲ့၏။ ယင်းထင်မြင်ချက်ကို လွန်ခဲ့သော နှစ်ပိုင်းက စာရေးသူ တွေ့ဆုံခဲ့သော စောင့်ကြည့်လေ့လာသူ အများပိုင်းအနေဖြင့် သဘောတူသည့် အရိပ်အရောင် ပြခဲ့သော်လည်း လူသိရှင်ကြား ပြောဆိုခြင်း မပြုကြပေ။
တရုတ်အစိုးရအနေဖြင့် ကချင်နှင့် နေပြည်တော်ကြားဝင်ပေးးခြင်းဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ဘေကျင်းအစိုးရကအနေဖြင့် ဆက်လက် လုပ်ကိုင်နိုင်သေးကြောင်း မြန်မာအစိုးရက တဖက်မှ သတိပေးရန် လိုအပ်သလို တခြားတဖက်မှလည်း နယ်စပ်မှ တိုင်းရင်သားလက်နက်ကိုင်များကို နေပြည်တော်ကြားမှ ရုန်ကန်မှုများ ကို ထောက်ခံပေးခြင်းဖြင့် မြန်မာစစ်တပ်ကို တိုက်ခံမှုများ လျောကျသွားအောင် ဖိအားပေးနိုင်မည် ဖြစ်ပေသည်။
ထိုအတောအတွင်းတွင် နယ်စပ်ကုန်သွယ်မှုဖြစ်သော ကျွန်း၊ ကျောက်စိမ်းနှင့် တခြား သဘာဝတွင်းထွက်များ ကုန်သွယ်ရေး (ဘိန်းဖြူ၊ ယာဘဆေးဝါးများ သွင်းလာခြင်းကို လက်မခံလိုသော်လည်း ရှောင်လွဲလို မရနိုင်သော နယ်စပ်ပေါက်များမှ ထွက်လာခြင်းကိုလည်း ဆက်လက်ရှိနေပါအုန်မည်။ ) ကို ဆက်လက် ဖွင့်လှစ်ထားရှိနိုင်အောင် တရုတ်ဖက်မှ ပြုလုပ်မည်ဖြစ်သည်။
နိုင်ငံခြားရေးဌာနမှ ကျွမ်းကျင်သူများနှင့် အလွတ်သဘောပြောဆိုရာတွင် ၄င်းတို့မှ ထိုအမြင်ကို သိပ်လက်မခံချင်ပါ။ တရုတ်၏ ရေရှည်ရပ်တည်ချက်ဖြစ်သော တခြားနိုင်ငံ၏အတွင်းရေးများကို ၀င်ရောက်စွက်ဖက်ခြင်းကို မလိုလာသောကြောင့် ထိုကဲ့သို့ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ယခုကဲ့သို့ ပါဝင်နေခြင်းသည် မြန်မာအစိုးရ နေပြည်တော်နှင့် ပိုမိုဝေးကွာသွားမှာကို မလိုလားပါ။ မြန်မာနိုင်ငံ၏ လတ်တလော ဒီမိုကရေစီ အကြမ်းဖက်များ လှုက်ရှားမှုများ (Democracy Frency မြန်မာ ဒီမိုကရေစီ အရေး ကျွမ်းကျင်သူမှ မှတ်တမ်း မတင်သည် စကားတစ်ခု) သည် လောလောဆယ် အားဖြင့် တရုတ်ကို ထိခိုက်နေသော်လည်း အချိန်ကြာသည်နျင့် အမျှ တဖြေးဖြေး ပျောက်ကွယ်သွားပြီ။ နေပြည်တော်အနေဖြင့် တရုတ်၏ အကူအညီ ကို ပြန်လည်လိုအပ်လာမှ ဖြစ်သည်။ ထိုသို့မဟုတ်လျင် မြန်မာနိုင်ငံသည် မငြိမ်မသက်မှု များ ပိုမို ဖြစ်လာလိမ့်မည်ဟု ထိုကျွမ်းကျင်သူများမှ ယုံကြည်နေဆဲပင်ဖြစ်သည်။ နောက်ဆုံးတော့ မြန်မာနှင် တရုတ်ဆိုသည်မှာ ဆယ်စု နှစ်ပေါင်းများစွာ ကြာအောင် ဆွေးမျိုးပေါက်ဖော်ဖြစ်နေခဲ့ပြီး ယနေ့အချိန်အထိ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်နှီးမြုပ်နှံသူ ကုန်သွယ်သူသာ ဖြစ်သည်ဟု ယုံကြည်နေဆဲပင်ဖြစ်သည်။
တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းများကမူ တရုတ်၏ ၀င်ရောက်ပါဝင်မှုကို ကြိုဆိုကြသည်။ မဟာဗမာကြီးစိုးသည် နေပြည်တော်သည် မည်သည့်သဘောတူညီချက်ကိုမျှ လက်ခံဖို့ ငြင်းဆိုမည်ဖြစ်ပြီး ယခုကဲ့သို့ နိုင်ငံတကာဖိအားရှိမှသာ ၄င်းတို့အား လက်ခံနိုင်လိမ့်မည်ဟု KIA ဘက်မှ ယုံကြည်ထားသည်ဟု အတည်မပြုနိုင်သေးသော နေရာမှ သိရသည်။ အမေရိကန်သည် နေပြည်တော်အစိုးရကို ကူညီရန်ပိုမိုဂရုစိုက်သောကြောင် KIA နှင် ၀ တို့မှာ တရုပ်သည် ၄င်းတို့၏ အင်အားအကောင်းဆုံး မိတ်ဆွေဟု ယုံကြည်ထားသည်။
လွန်ခဲ့သော နှစ်များအတွင်း KIA မှ သံတမန်အဖွဲ့များ အမေရိကသို့ အကြိမ်ကြိမ် စေလွတ်ကာ အမေရိကန်အစိုးရ၏ စိတ်ဝင်စားမှု နည်းပါခဲ့သောကြောင့် စိတ်ပျက်ခဲ့ရပါသည်ဟု KIA မှ ပြောကြားခဲ့သည်။
ဝတိုင်းရင်းသားလက်နက်ကိုင်များမှာ အမေရိကန်က ၄င်းတို့အား ဘိန်းကုန်ကူးသူ လက်နက်မှောင်ခိုသူများ အဖြစ် ထင်နေမှုအား ပပျောက်အောင် လုပ်ဆောင်ခြင်းကို လက်လျော့လိုက်ပြီဖြစ်ကြောင် တရုတ်အာဏာပိုင်အချို့၏ ပြောကြားခဲ့သည်။
မြန်မာသည် တရုတ်နှင့် တဖြေးဖြေး ဝေးကွားနေမှုကို ဘေကျင်း အစိုးရအနေဖြင့် ကြောက်ရွံနေသည်ဆိုသည့်အချက်ကို လက်ခံကာ တရုတ်အနေဖြင့် ကချင်နှင် ၀ လက်နက်ကိုင်များ မြန်မာအစိုးရကို နိုင်ငံရေး ဆွေးနွေးမှု ၄င်းတို့ဘက်ကို ပိုမို ထောက်ခံသင့်သည်ဟု ဆိုသည်။
ထိုကဲ့သို့ လုပ်ရန်မှာ တရုတ်အတွ် အမြင်အားဖြင့် မည်သို့မျှ မကောင်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော တရုတ်တို့ ဖိနှိပ်ခဲ့သော တိဘက်နှင် Uyghurs လူမျိုးများလည်း ထိုကဲ့သို့ တောင်းဆိုလာနိုင်သောကြောင်ပင် ဖြစ်ပေသည်။
တရုတ်အနေဖြင့် ထိန်းချုပ်ရခက်သည် KIA နှင့် ၀ တိုင်းရင်းသား လက်နက်ကိုင်များကို ထောက်ခံမလား ပြည်မအစိုးရ၏ ဖိနှိပ်ထားသော တိဘက်တို့အား ကြည့်မလားဆိုတာကတော့ တရုတ် ချိန်ဆထိုးရမည်း နိုင်ငံရေးကစားမှုများ လိုအပ်နေပါတော့သည်။
မဟာကြောင်
skip to main |
skip to sidebar
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
အမေ ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင် အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့  လူတိုင်းဟာ အမေရှိကြတယ်။ မရေမရာ ပဟေဋ္ဌိတွေကြောင့် အ...
-
သတင်း - နိရဉ္စရာ သတင်းဌာန အရေအတွက် အားဖြင့် ပမာဏ အများဆုံး ဖြစ်သော...
-
မြန်မာနိုင်ငံတွင် အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာ ရုံမျမက ကမ္ဘာတွင် ဒုတိယ အကြီးဆုံး ဖြစ်လာမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို ပဲခူးမြို့၌ ...
-
ပင်လုံကျောက်တိုင် ပင်လုံစာချုပ် 12-2-1947 Historic Pinlong Agreement signed by Bogyoke Aung San and Ethnic...
-
၂၀၁၂ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီ၊ မရမ်းကုန်းမြို့နယ် NLD ရုံးသစ်ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက် ရုပ်သံသတင်း။ ။DVB အမျိုးသားဒီ...
-
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးနှ...
-
အွန်လိုင်းချက်တင်၌ ခင်မင်နေသူတစ်ဦး ခေါ်ရာ နောက်သို့ အယုံလွယ်၍ လိုက်မိခဲ့သော အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို လိမ်ခေါ်သွားသူ အ...
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988