Thursday, December 06, 2012

ဆြာဂျိန်းရေးသော အီသီယိုးပီးယားဆောင်းပါးကိုပြန်လည်ချေပသှ်


ငရဲ သား
ဆြာဂျိန်းရေးတာ နည်းနည်းအဆင့်ကျော်နေတယ်ဗျ..။

(-----ဒီလို မဖြစ်ညစ်ကျယ်တော်လှန်ရေးမျိုးနဲ့ ဦးသိန်းစိန်အစိုးရ ပြုတ်ကျ၊ တရုတ်တွေထွက်ပြေး၊ ( ဒေါ်စုကိုတောင် ထားခဲ့ပြီး) တကဲ့ ဒီမိုဖိုက်တာ အစိုးရတက်လာ ၊ နဂါးနီသီချင်းဆိုလို့ရပြီလို့ ထင်နေကြရတော့ ----)

ဆိုတာက အခြေခံဥပဒေမရှိရင်တော့ ဟုတ်တာပေါ့ဗျာ...။

အခြေံဥပဒေလို အရင် အထုပ်အရှုပ်တွေအတွက် လုံအောင်ကာထားတဲ့ ခြံစည်းရိုးရှိနေတဲ့ကြားထဲက ဒီလို ဖန်တီးရင် ဘယ်သူတွေ ပိုကြိုက်မတုန်း....။ ဒါက ..ဇာတ်လမ်းတစ်ခုမဟုတ်ဘူး...။ ၈၈ တုန်းက ဘယ် ဥပဒေတံတိုင်းမှ မကာထားဘူး..။

လက်ရှိအခြေအနေမှာ ဒီ ဥပဒေရှိနေသရွေ့/ အဲဒီဥပဒေရဲ့နောက်မှာ တပ်မတော်ရှိနေသရွေ့ ... ဆြာဂျိန်းပြောတဲ့ စိတ်ကူးယာဉ် အဆင့်ကို ဘယ်တော့မှမရောက်ဖူးဆိုတာ... အားလုံးအသိ...။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်အခြေအနေဆိုင်ရာပြဌာန်းချက်က အလကားထည့်ထားတာမဟုတ်သလို ..အခြေခံဥပဒေပုဒ်မ (၄၄၅) ကလည်း အလကားထည့်ထားတာမဟုတ်ပါ..။

ဆြာဂျိန်းရေးတာ.ထောက်ပြတာ မှန်ပေမယ့်.. .တကယ်တမ်း အထုပ်အရှုပ်ပေါ်မှာစိုးလို့ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်နှိမ်နင်းတာက .. နောက်ကြောင်းပြည်လှည့်ချင်နေတဲ့ သူတွေရဲ့ ဆုံးဖြတ်ချက်ဆိုတာ ...လေ့လာရင်တွေ့မှာပါ..။ ရည်ရွယ်ချက်မရှိရင် တောင်းပန်/ရှင်းလင်းပြီးတာ ကြာပေါ့။

တကယ်တမ်း အဲဒီအခြေအနေအထိ အဖြစ်မခံနိုင်တာက ဦးသိန်းစိန်နဲ့ ဒေါ်စု မှန်ပေမယ့် အဲဒီအခြေအနေအထိ ပြန်ရောက်ရင် ပြည်တွင်းမှာ လက်ငင်း အကျိုးပိုရှိမယ့်သူတွေက .. ဘယ်သူတွေလဲ... တွေးကြည့်ရင် လွယ်ပါ့ဗျား..။
အဟဲ.. .ဦးပိုင်ရဲ့ အခန်းကဏ္ဍ ဘာလို့ ပျောက်သွားတာတုန်း..... ဒါနဲ့ ..အီသီယိုးပီးယားမှာ ဦးပိုင်လို ဖွဲ့စည်းပုံတူတဲ့ စီးပွားရေးလုပ်ငန်းစု ရှိပါသလား..။

ပူးပေါင်းဆောင်ရွက်မှုတွေတိုင်းမှာ အခွင့်ထူးခံမဟုတ်တဲ့ ပေါ်လစီတွေကြောင့် အကျိုးဖြစ်ထွန်းခဲ့တာကိုလည်း ...ထည့်ရေးဖို့ သင့်ပါတယ်..။