Thursday, December 06, 2012

အီသီယိုးပီးယားက မြန်မာကိုဖြတ်ကျော်တိုးတက်သွားပြီတဲ့လား

ဘကတမှ

James Mint
အီသီယိုးပီးယား ဆိုတာ လူမျိုးစုပေါင်း ၉၃ စု နဲ့ အရင်တုံးက မညီမညွတ် နဲ့၊ ပြည်တွင်းစစ်ကြောင့်၊ ရာသီဥတုကြောင့် ၊ တပြည်လုံးငတ်ပြီး၊ လူတွေသန်းချီငတ်သေလို့ ကမ္တာက ထမင်းကျွေးပြီး ကယ်ထားရတဲ့နိုင်ငံ..... အခုတော့ Ethiopia ရဲ့ GDP က 94.76 Billions Dollars တဲ့၊ GDP per Capita တဦးချင်းပျမ်းမျှ ဝင်ငွေက တနှစ် 1110 Dollars တဲ့၊ မြန်မာပြည် ရဲ့ GDP က အဘတို့ တောက်လျှောက်လိမ်ခဲ့တော့ အမှန်ရှာမတွေ့ဘူး 11 Billions Dollars က နေ 82.72 Billion Dollars ထိကွဲနေတယ်၊ GDP per Capita ကလဲ 375 Dollars ကနေ 1300 Dollars ထိကွဲတယ်၊ World Bank Site မှာဆို Blank ပဲလုပ်ထားတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် Ethiopia နဲ့ သူ့နိုင်ငံသားတွေက၊ မျက်မြင် အရ မြန်မာပြည် ထက်ပို ချမ်းသာ အဆင်ပြေနေတာ၊ တွေ့ရလို့ ထပ်ရှာကြည့်တော့ Ethiopia ရဲ့လူဦးရေက 84.7 Millions တဲ့၊ စာတတ်မြောက်မှူက 42.7 % တဲ့၊ ဘာတွေထွက်လို့ စီးပွားဖြစ်လို့ လူတွေ အဆင်ပြေနေကြတာလဲထပ်ကြည့်မိတော့၊ ကော်ဖီ၊ ရွှေ၊ သားရေ၊ နွား၊ ဆိတ် တဲ့....

အထင်ကြီးစရာ တခုမှ မရှိလို့ မေးကြည့်ရတယ်၊ ဘာလို့လဲလို့......... အားလုံးရဲ့ အဖြေက တူတူ လောက်ပဲ၊ အစိုးရနဲ့ အတိုက်အခံ၊ နဲ့ လူမျိုးစုတွေနဲ့ မတည့်ပေမဲ့၊ တိုင်းပြည်အတွက်ဆိုရင် ညီညွတ်ကြတော့၊ Foreign Direct Investor တွေ အများကြီးလာတယ်.... Telecom တို့ Banking တို့၊ Real Estate တို့၊ အဝင်အထွက် များမှုကို အသုံးချပြီး အဒစ်စ် အဘာဘာ လေဆိပ်ကို နိုင်ငံတကာ အဆင့်မီ Africa ရဲ့ဝင်ပေါက်တခု ဖြစ်အောင် လုပ်နိုင်ခဲ့တယ်၊ Ethiopian Airlines ဟာ Africa အကောင်းဆုံး လေကြောင်းဖြစ်လာပြီး နိုင်ငံပေါင်း ၅၀ ကျော်ကို တိုက်ရိုက် ပျံသန်းတယ်.....

နိုင်ငံရဲ့ Historic Value ကို အသုံးချပြီး Hotel and Tourism ကို တိုးတက် အောင်လုပ်နိုင်ခဲ့တယ်၊ အများကြီးပဲ အားကျစရာ အတုယူစရာတွေ၊ အရင်းစစ်ရင်တော့ ညီညွတ်ကြလို့ပဲ၊ ငတ်လို့သေရတဲ့ ဘဝက တက်လာတဲ့နိုင်ငံဆိုတော့ ပြန်ပြီးထပ်ကြုံ ရမှာ သေအောင် ကြောက်ကြတယ်၊ ဘယ်လောက်ပဲ သဘောကွဲကွဲ၊ လူတွေ ထမင်းဝဝစားရဖို့ အဆင်ပြေဖို့ကို National Interest အဖြစ် ထားပြီး လုပ်ကြရင်းတက်လာတာ၊ Ethiopia အကြောင်း မကောင်းတဲ့ မူကွဲ တွေ ရှိကောင်းရှိမယ်၊ ဒါပေမဲ့ကျွန်တော်က ကိုယ်တွေ့၊ မျက်စိနဲ့မြင် နားနဲ့ကြားလာကို ပြန်ပြောတာ......

ကြေးနီမိုင်းသပိတ်ကိစ္စ၊ ပြည်တွင်း FB နဲ့ ပြည်ပ မြန်မာ သတင်းဌာန တွေမှာတော့ မှာ တော့ မြန်မာပြည် မနက်ဖြန် ပျက်တော့မလို၊ သပိတ်စုံ သူပုန်ထကြတော့မလိုနဲ့ ချနေကြတာ၊ ဆန္ဒပြပွဲ သတင်းတွကြည့်တော့လဲ၊ မနက်တပိုင်း လမ်းလျှောက်၊ ညနေတပိုင်းလမ်းလျှောက်၊ ဒါပဲ........ နေ့လည်ထမင်းစားနားကြ၊ ညဘီယာသောက်ဖို့နားကြလား မသိဘူးနော်၊ ထင်တာပြောတာပါ မှန်နေလို့မဆဲကြနဲနော်....... လူကိုလက်နဲ့ဖမ်းဆွဲခေါ် တာလောက်ကို ရဲတွေမိုက်ရိုင်းတယ်တဲ..... ဪ ၈၈ တုံးက လနဲ့ချီပြီး လမ်းပေါ်မှာ အိပ်၊ လမ်းပေါ်မှာစား (လှူ သူရှိမှ စားရတာ)၊ ဘရင်းဂန်းနဲ့၊ G3 နဲ့ပစ် နေတဲ့ကြားက သပိတ်မလှန်ဆက်ချ၊ လူတွေကို ဘရင်းဂန်းနဲ့ပစ်ဖမ်း၊ မသေမရှင်တွေကို ကြံတော သင်္ချိုင်း (ခုကားပွဲစားတန်း) က မီးသဂြိုလ်စက် ပို့ပြီးမီးရှို့ လက်စဖျောက် နေတုံး ထွက်ပြေး လွတ်မြောက်လာတဲ့လူတွေက ဘယ်လိုပြောရမလဲပေါ့နော်........

၈၈ တုံးကချခဲ့ကြတာ ရည်ရွယ်ချက် ကြီးကြီးနဲ့၊ ဒေါ်စုလို ခေါင်းဆောင်မရှိဘူး၊ ဘာတောင်းတောင်းမလုပ်ပေးပဲ၊ တပ်ကပစ်ရင် တည့်တည့်ပစ်တယ် ဆိုပြီးမူးမူးနဲ့တပြည်လုံးကို စိမ်ခေါ်တဲ့ လူကြီးကို တတိုင်းပြည်လုံး စိတ်တူကိုယ်တူချကြတာ၊ ခုချနေကြတာ ဘာအတွက်လဲ မေးပါရစေ....... ဒေါ်စုလို ခေါင်းဆောင်မျိုး လဲရှိပြီ၊ ဦးဆောင်ပြီးလဲဖြေရှင်းပေးနေတယ်၊ ဦးသိန်းစိန်က အရင်လူကြီးလောက် ဆိုးနေလို့လား....... တောင်းဆိုတဲ့ လက်ပံတောင်းကိစ္စ၊ ရပ်စေချင်တာလား..... မပူနဲ့ ဒေါ်စုကပါးပါးနပ်နပ်နဲ့လုပ်ပြသွားလိမ့်မယ်........

ဘုန်းကြီးတွေ ထိခိုက်သွားတဲ့ကိစ္စ တာဝန်ယူစေချင်တာလား...... ဒေါ်စုနဲ့ ၈၈ တွေဦးဆောင် ပြီးတောင်းဆိုလိမ့်မယ်..... သူတို့ကိုထောက်ခံဝန်းရံဖို့လိုတယ်..... ဒါမှမလိုချင်ဘူး ချမှာပဲ၊ တရုတ် Project အကုန်ဖျက်၊ သိန်းစိန်အစိုးရ ကျဆုံးရေး တို့ အရေးလုပ်နေရင်တော့၊ ဘာဖြစ်လာမယ်ထင်လို့လဲ....... ဒီလို မဖြစ်ညစ်ကျယ်တော်လှန်ရေးမျိုးနဲ့ ဦးသိန်းစိန်အစိုးရ ပြုတ်ကျ၊ တရုတ်တွေထွက်ပြေး၊ ( ဒေါ်စုကိုတောင် ထားခဲ့ပြီး) တကဲ့ ဒီမိုဖိုက်တာ အစိုးရတက်လာ ၊ နဂါးနီသီချင်းဆိုလို့ရပြီလို့ ထင်နေကြရတော့ အင်း....... မပြောတော့ဘူး ဆရာတို့ရေ၊ ပဲခူးရောက်အောင် ကိုယ့်လှေကိုယ်ထိုး ကြပေတော့.........

Ethiopian တွေက ဪ Myanmar ပြည်လား သိတယ်လေ၊ သယံဇာတ ပေါတယ်လေ၊ ပညာတတ်တွေလဲပေါတယ်၊ မင်းတို့ ကံကောင်းတယ်လို့ ပြောကြရင် ဘာပြန်ပြောရမှန်းမသိဘူး...... သူတို့ကိုကြည့်ပြီး အားကျ လွန်းလို့၊ ဪငါတို့ မြန်မာတွေ သူတို့လို မငတ်ဘူးလို့၊ ငတ်လို့မသေ ဘူး သေးလို့များ မညီမညွတ်နဲ့ ရွှေနိုင်ငံကြီးဖင်ခုထိုင်ပြီ၊ အချင်းချင်း ချလို့ကောင်းတုံး ရှိသေးတာလား စိတ်ပေါက် ပြီး တွေးမိတယ်...... အဓိက အားလုံးမှာ လောဘ၊ ဒေါသ၊ မောဟ တွေများပြီး Africa က Fail States တွေ လျှောက်တဲ့လမ်းကို လျှောက် နေကြတာ၊ လွတ်လပ်ရေးရပြီးကတဲက၊ ရေခံမြေခံကောင်းလွန်းလို့ ထမင်းမငတ်ဘူးတော့ ဟုတ်လှပြီထင်တုံး၊ ဦးသိန်းစိန်လို တော်တော်များများး လက်ခံနိုင်တဲ့ ခေါင်းဆောင်မျိုး၊ ဒေါ်စုလို ကမ္ဘာက လက်ခံတဲ့ ခေါင်းဆောင်မျိုး ရတော့၊ မြန်မာဟေ့လို့ လက်ခမောင်းခပ်ဖို့ ခါးတောင်းကျိုက် ပြင်တုံးရှိ သေးတယ်၊ ရွှေ မြန်မာတွေ က ချိုမိုင်မိုင် ထွက်က နေကြ တော့၊ ရွှေပြည်တော် မျှော်တိုင်း ဝေးနေတုံးပါပဲလို့သာ စိတ်လျှော့လိုက်ပါတယ် ခင်ဗျာ.......

ဒီစာကို ကော်ပီကူးပါတယ်..... ကျွန်တော် စိတ်လျှော့လိုက်တယ်တို့ စာမရေးတော့ဘူးလို့ ထင်နေသူများ ၀မ်းသာလုံးဆို့ပီး နတ်ရွာလားမှာစိုးလို့ အသိပေးပါတယ်..... သူငယ်နာမကင်းဘူးလို့ မြင်သူများ အကြောင်းရှိလို့ ဒီစကားထွက်ရခြင်း ဖြစ်ပါတယ်