Wednesday, November 07, 2012

‎*********အထူးသတင်းပေးပို့ချက်***********

ဥပဒေကျူးလွန်သူခိုးဝင်နိုင်ငံခြားသားဘင်္ဂလီလူမျိုးများအား စိစစ်ဖော်ထုတ်အရေးယူမည့်လုပ်ငန်းစီမံချက် အခက်အခဲများဖြင့်ကြုံတွေ
( ဆင်တက်မော်ကျေးရွာအုပ်စု(ဆင်တာမော်ကျေးရွာ၊ အနောက်ရဲကျေးရွာ၊ )၊ ပြိုင်းတောင်ကျေးရွာအုပ်စု (စစ်ကဲပြင်အောက်၊ စစ်ကဲပြင်အလယ်၊ စစ်ကဲပြင်ထက်၊ စစ်ကဲပြင်တောင်) မှ ပေးပို့သည်။)
---------------------------------------
ဥပဒေကျူးလွန်သူခိုးဝင်နိုင်ငံခြားသားဘင်္ဂလီလူမျိုးများအား စိစစ်ဖော်ထုတ်အရေးယူမည့်လုပ်ငန်းစီမံချက်အရ ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာများကိုကွင်းဆင်းစစ်ဆေးမှုကို ၆-၁၁-၂၀၁၂ မှ ၁၃-၁၁-၂၀၁၂ နေ့အထိ တစ်ဖွဲ့လျှင်(၁၈)ဦးစီပါဝင်သော အဖွဲ့ပေါင်း (၁၅)ဖွဲ့ဖြင့် ဘင်္ဂလီကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးလျှက်ရှိသည်။ စစ်ဆေးရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းကို ၄င်းတို့၏ ဘိုးဘွားစဉ်ဆက်တို့၏ မွေးဖွားခဲ့သည့်အချိန်၊ မွေးဖွားခဲ့သည့် နေရာ၊ နေထိုင်ခဲ့သည့်နေရာနှင့် သေဆုံးခဲ့သည့်နေရာစသည်တို့ကိုစီစစ်လျှက်ခဲ့သည်။ သို့ရာတွင် လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာနေရာတွင် ဘင်္ဂလီ၊ အိစ္စလာမ်ဘာသာ ဆိုသည့်နေရာတင် ဘင်္ဂလီများမှ လက်မှတ်ေ
ရးထိုးခြင်းမရှိဘဲ ကန့်ကွက်လျှက်ရှိနေသောကြောင်း စီမံချက်လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများကြုံတွေ့နေရကြောင်းသိရသည်။ *****၄င်းတို့မှ ပြောကြားရာတွင် လူမျိုးအမည်နေရာတွင် ရိုဟင်ဂျာ ဟုသာ ထည့်သွင်းပေးရမည်ဟု တောင်းဆိုလျှက်ရှိ ကြောင်းသိရသည်။ ***** ၄င်းတို့အား ရိုဟင်ဂျာလူမျိုးဟုဆိုလျှင် ဘာသာစကားရှိသလားဟုမေးမြန်းရာ ယခု သူတို့ပြောနေသော စကားသည်ပင်လျှင် ဖြစ်ကြောင်း၊ စာပေအားမေးမြန်းရာတွင် ၄င်းတို့မှ မရှိဟုပြောသည်။ ထပ်မံ၍ ရိုဟင်ဂျာဘာသာစကားဖြင့် ပုံနှိပ်ထုတ်ဝေထားသော ကျမ်းစာရှိသလားဟုမေးမြန်းရာ ၄င်းတို့မှ ရိုဟင်ဂျာစာပေမရှိသဖြင့် ရိုဟင်ဂျာဘာသာစကားဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် ကျမ်းစာမရှိဟုပြန်ဖြေခဲ့သည်။ ဘင်္ဂလီများမှ ယခုကဲ့သို့ လူမျိုးအမည်နာမည်နှင့် ပတ်သက်၍ ဆက်လက်ကန့်ကွက်နေလျှင် မျှော်မှန်းမထားသည့် လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲမျိုးစုံကြုံတွေနိုင်ကြောင်း RSV သတင်းထောက်မှ ပေးပို့ပါသည်။

ယခု စီမံချက်တွင် ဘင်္ဂလီများအနေဖြင့် နိုင်ငံတော်သမ္မတကြီးက အစောပိုင်းကာလတွင် ရိုဟင်ဂျာဆိုသည့်လူမျိုးနှင့်ပတ်သက်၍ မရှိကြောင်းမိန့်ကြားခဲ့သည့် ပြောကြားချက်ကို ၄င်းတို့အနေဖြင့် လေးစားလိုက်နာမှုမရှိကြောင်းတွေရသည်။ အခြားသက်ဆိုက်ရာ ၀န်ကြီးဌာနများမှလည်း ရိုဟင်ဂျာဆိုသည့် လူမျိုးသည် မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ကပင်မရှိကြောင်း အတိအလင်း ထုတ်ပြန်ကြေငြာခဲ့သော်လည်း ဘင်္ဂလီများအနေဖြင့် ယခုအချိန်ထိလေးစားလိုက်နာမှုမရှိကြောင်းတွေ့ရသည်။

ပေါက်တောမြို့နယ်လုပ်ငန်းစီမံချက်ပြီးလျှက် စစ်တွေမြို့နယ်တွင်လည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

အေးချမ်းမွန်မှ Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။