Tuesday, November 06, 2012

ကလေးမြို့ ကျောက်တစ်လုံးအနီး ဘင်္ဂါလီ (၁၉) ဦး ဖမ်းမိ



၅.၁၁.၂၀၁၂ တနင်္လာနေ့ နံနက်(၈း၃၀) အချိန်တွင် ကလေးတစ်မြို့နယ်လုံးဆိုင်ရာအမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းကြီးနှင့်အတူ တာဝန်သိအမျိုးသားတစ်ဦး၏ သတင်းပေးမှုဖြင့် မြန်မာနိုင်ငံတွင်း
တရားမ၀င်နေထိုင်သူများဟု ယူဆရသောဘင်္ဂါလီ (၁၉) ဦးတို့ကိုတာဝန်သိပြည်သူများ ၀ိုင်းဝန်းပြီး ဖမ်းဆီးကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူစေခဲ့ကြောင်း သတင်းရရှိပါသည်။ ၄င်း ဘင်္ဂါလီ များရှိကြောင်း
သတင်းပေးသူမှာ တောတောင် ချောင်းများတွင် ငါးဖမ်းရင်း တွေ့ရှိရာမှသတင်းပေးနိုင်ခဲ
့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသောဘင်္ဂါလီများကိုသက်ဆိုင်ရာလက်သို့ မအပ်နှံမှီ ကာလအတွင်း ကလေးမြို့ မင်္ဂလာဥယျာဉ်
ပရိယတ္တိစာသင်တိုက်နှိုက် ခေတ္တ ထားရှိခဲ့ပြီး ကလေးမြို့ ပြည်သူ (၁၀၀၀)ခန့်အား မြင်သာစွာ ပြသခဲ့ပါသည်။ ထိုကျောင်းတွင်ပင် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး
အသင်း ဥက္ကဋ္ဌ နေသာ ဆရာတော်မှ အွန်လိုင်းများတွင်မြန်မာများက သူတိုဘင်္ဂါလီများကို မတရားနှိပ်စက် နေကြောင်း သတင်းတွေ
တင်ထားပါတယ်။ အခု ပြုလုပ်တဲ့ ပွဲကတော့ မြန်မာတွေ သူတို့အပေါ် နှိပ်စက်နေတာမဟုတ်ဘူးဆိုတာ အားလုံးသိစေချင်လို့ပါ လို့ မိန့်ကြားသွားခဲ့ပြီး
အသင်းကြီးအနေဖြင့် ရိုဟင်ဂျာ (၅၀) ဦးကို ယခု လပိုင်းအတွင်းဋ္ဌာနဆိုင်ရာမျာ
း ပြည်သူများနှင့်တကွ အသင်းကြီးရဲ့ လှုပ်ရှားမှုများဖြင့်ဖမ်းဆီးပေးနိုင်ခဲ့ကြောင်းကိုလည်း အသင်းကြီး၏ ဒုဥက္ကဋ္ဌ
မင်္ဂလာဥယျာဉ်စာသင်တိုက် ဆရာတော်မှ ပြောကြားခဲ့ပါသည်။ အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး
အသင်းကြီးအနေဖြင့်လည်း ကလေးမြို့နယ်နှင့် နီးစပ်ရာမြို့/မြို့နယ်များသို့ လှည့်လည် ပြီး အမျိုးဘာသာ သာသနာ
ကာကွယ်စောက်ရှောက်နိုင်ရေး အသိပေး အမြင်ဖွင့် ဟောပြောပွဲများပြုလုပ်နေကြေ
ာင်းကိုပါ သိရပါသည်။၎င်း ဘင်္ဂါလီများနှင့် ပတ်သက်၍ ဥပဒေရေးရာအရ အရေးယူနိုင်ရန်
ပြည်သူရဲတပ်ဖွဲ့ ကလေးမြို့နှင့်လူဝင်မှုကြီြး
ကပ်ရေးနှင့်အမျိုးသားရေးရာဦးစီးဌာန (ကလေးမြို့ လ၀က) တို့မှစစ်ဆေးနေကြောင်း သတင်းရရှိပါသည်

မင်းရဲစစ်နိုင်


အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ
်ပါသည်။
Photo From :The Hot News
.