ရမ်းဗြဲမြို့နယ် တစ်မြို့နယ်တည်း
မှာ အခုမကုန်ဆုံးသေးတဲ့ ၂၀၁၂
-ခုနှစ် တစ်နှစ်တည်းမယ် ခိုးဝင်
ဘင်္ဂါလီ ဘ၀ကနေ တိုင်းရင်းသား
ကမန်လူမျိုးအဖြစ်သို့ အသွင်ပြောင်းသွားတဲ့ လူဦးရေပေါင်း အယောက် နှစ်ရာကျော် ရှိနေပြီ လို့ ရမ်းဗြဲမြို့ (မြို့သူမြို့သားများ နဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန) အသိုင်းအ၀ိုင်း က ပြောတယ်။
အဲသည်အော်ပရေးရှင်းမှာ အဓိကလှုပ်ရှားသူ (actor) အနေနဲ့ လ၀ကမြို့နယ် ဦးစီးမှူး ကို တွေ့မြင် ရပါတယ်။ ပြည်နယ်ဦးစီးကတော့ဖြင့် ဘယ်သူ ဘယ်ဝါတွေရဲ့ ဖိုင်တွေကို မြန်မြန်ထက်ထက် တင်ပေး ဖို့ တောင်းနေတဲ့အကြောင်း မြို့နယ်ဦးစီးမှူးက သူ့လက်အောက်ငယ်သား စုမှူးတွေဆီ ကို တောင်းခံ ပါတယ်တဲ့။
မြို့နယ်ဦးစီးအနေနဲ့ သူက လုပ်ချင်လို့လုပ်တာ မဟုတ် ဘဲ ပြည်နယ်မှူး ခိုင်းလို့ သာ လုပ်ရတဲ့ပုံစံမျိုး ပြောပြီး လုပ်ခိုင်းပါတယ်တဲ့။
အဲဒီတော့ ညွှန်ကြားခံရတဲ့ ၀န်ထမ်းတွေအနေနဲ့ မရှိ တာတွေကို အရှိပြ၊ လိမ်ညာဖြည့်စွက်ပြီးသကာလ ဖိုင်တွေကို ပြည်နယ်မှူးဆီ ရောက်အောင် ပို့ပေး လိုက်ပြီးတဲ့အခါ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေဟာ အုံဖွ အစွမ်းနဲ့ ကမန်တွေ ဖြစ်လာကြပါ သတဲ့။
အဲသလို ကမန်ဘ၀ကို ဘ၀ကူးကောင်းဖို့ အလို့ငှာ ကုန်ကျစရိတ်က ပုံမှန်ပေါက်ဈေး ဆိုရင် ပြည်နယ်မှူးကို (ကျပ်ငွေ)ဆယ်သိန်းပေးရပြီး၊ မြို့နယ်မှူးက သုံးသိန်းကနေ ငါးသိန်း ကြားယူပြီးတော့ အောက်က စုမှူးလောက်အဆင့် ၀န်ထမ်းတွေကိုတော့ တစ်သောင်း၊ တစ်သောင်းခွဲလောက်ပဲ ခွဲဝေပေးပါသတဲ့။
လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်လောက်က ခိုးဝင်လာပြီး ငွေပေးပြီး ကမန်ဖြစ်ခဲ့တဲ့ ဘင်္ဂလီတွေ ရဲ့ မြန်မာပြည် မှာမွေးတဲ့ ဒုတိယမျိုးဆက်တွေ ဟာ အခုအခါမှာ ကမန်လူမျိုးအဖြစ်နဲ့ တက္ကသိုလ် တက်နေကြ ပြီး ဖြစ်တယ်။
သူတို့လို မိသားစုတွေဟာ ပထမမျိုးဆက်ရော၊ ဒုတိယမျိုးဆက်ပါ ကမန်လူမျိုး အတုတွေ အဖြစ် (ဘုမသိ ဘမသိတဲ့ အစိုးရရဲ့ အမြင်မှာ ကမန်လူမျိုး အစစ်တွေအဖြစ်) ရပ်တည် ကြီးထွားရင်း သူတို့ရဲ့ မူလ ဇစ်မြစ် ဖြစ်တဲ့ ဘင်္ဂါလီ အသိုက်အ၀န်းကို ဒီတိုင်းပြည်ထဲမှာ အင်အားကြီးသထက်ကြီးစေခဲ့ပြီ။
ဒါ့တင်ဘယ်ကမလဲ၊ သူတို့နောက် လွန်ခဲ့တဲ့ ၉ နှစ် ၁၀နှစ်က ခိုးဝင်လာတဲ့ဘင်္ဂလီတွေလဲ အားကျမခံဘဲ ကမန်တွေ ဖြစ်နေကုန်ကြပါပြီ။ ဒီလိုပဲ မကြာခင်မှာ သူတို့ ဒီမှာ မွေးလိုက် ကြတဲ့ ကလေးတွေဟာလည်း အပြိုင်အဆိုင် ကမန်တွေပဲ ဖြစ်လာကြတာပဲပေါ့။
မှတ်ပုံတင်လုပ်ကြတဲ့အခါ ကမန်လူမျိုးဖြစ်ကြောင်းကို ကမန်လူမျိုး နှစ်ဦးရဲ့ အာမခံချက် (ထောက်ခံချက်) ကိုပူးတွဲတင်ပြရပြီး အဲဒီထောက်ခံချက်အတွက် လက်မှတ်ထိုးပေးရသူ ကမန် နှစ်ဦးကတော့ ဘင်္ဂလီတွေ အတွက် လုပ်ပေးရတာမျိုးဆိုရင် လက်မှတ်ထိုးခ ငွေတောင်းယူ ကြပါ တယ်။
နောက်ပိုင်း ဘင်္ဂလီတွေဟာ ကမန်လူမျိုး နာမည်ပေါက် သွားကြပြီးတဲ့အခါ ဘင်္ဂလီ အချင်းချင်း (ကမန်အတုတွေကပဲ) လက်မှတ် ထိုး ပေးကြတဲ့ အတွက် မူလကမန်တွေဟာ အရာမရောက်တော့ ဘဲ ဈေးကွက်ပျက် သွားပြီးတော့ လက်မှတ်ထိုးခ ငွေကြေးလည်း မရရှိတော့တဲ့အကြောင်း ကမန်တွေ ကလည်း ဖွင့်ဟ ၀န်ခံကြပါတယ်တဲ့။
ကမန်(ဆိုး)တွေဟာ အဲဒီလို တိုင်းပြည် နဲ့ လူမျိုးအပေါ်သစ္စာဖောက်တဲ့ လုပ်ရပ်တွေ လုပ်ကြတဲ့အပြင်၊ မူလကတည်းက အစဉ်အဆက် ရခိုင်တိုင်းရင်းသားတွေလို ၀တ်စားဆင်ယင် ပြောဆိုပြုမူလာခဲ့ကြတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို စွန့်ပယ်ပြီး အာရပ်ယဉ်ကျေးမှုတွေနဲ့ အတင်းအစားထိုးလာကြတာကို အတော်များများ တွေ့မြင်လာရတယ်။
ဘင်္ဂါလီသွေးနှောလာတဲ့ ကမန်လူမျိုးထုအကြားမှာ အရင်ကဆိုရင် ရခိုင်နာမည်တွေချည်းပဲ ထားရှိကြရာကနေ ရခိုင်နာမည်ကော ကုလားနာမည်ပါ ခံယူလာကြသူတွေ များလာတယ်။
ကမန်တွေ ရခိုင်ယဉ်ကျေးမှု မြန်မာယဉ်ကျေးမှုနဲ့ ကင်းကွာလာတာနဲ့အမျှ၊ ဘင်္ဂလီတွေနဲ့ မရောနှော ချင်ကြ တဲ့ နိုင်ငံသားလက်မှတ် အစစ်ကိုင်ဆောင်သူ ငွေကြေးတတ်နိုင်သူ ကမန်စစ်စစ်အချို့ကတော့ ရမ်းဗြဲ ကနေ ရန်ကုန်ကို ပြောင်းရွှေ့သွားခဲ့ကြတယ်။
ကမန်ခေါင်းဆောင်တစ်ဦးရဲ့ ပြောကြားချက်အရ ကမန်ဦးရေဟာ သုံးသောင်းလောက် သာရှိနိုင်တယ် ဆိုပေမယ့် ဒေသခံရခိုင်လူမျိုးတွေကတော့ ဒီ့ထက် ပိုနည်းနိုင်တယ်လို့ ယူဆကြတယ်။
ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ ကမန်လူမျိုးတွေအဖြစ် နိုင်ငံသား စိစစ်ရေးကဒ် ကိုင်ဆောင်ထားသူတွေရဲ့ အရေအတွက် ဟာ သုံးသောင်းထက်မက အလွန်အမင်း များပြားစွာရှိနေခဲ့ပါပြီ။
အဲသည် ကမန်လူမျိုးအတုတွေရဲ့ လ၀က ရုံးထဲက အမှုတွဲဖိုင်တွေကို သာမန်ယေဘုယျ အမြင်လောက်နဲ့ လ၀က မဟုတ်တဲ့ အပြင်လူတွေက သမန်ကာလျှံကာ ကြည့်ရင် တောင်မှ လိမ်ထားမှန်း အလွယ်တကူ သိနိုင်ပါတယ်လို့ လ၀က ၀န်ထမ်းတဦးက ပြောပြ တယ်။
အထက်အရာရှိတွေကို မလွန်ဆန်နိုင်လို့ လုပ်ပေးခဲ့ရပေမယ့် သူတို့ရဲ့ ရင်ထဲမှာတော့ အလွန်နာကျင်ရတယ်လို့ပြောပြတယ်။ အလုပ်ပြုတ်မှာ ကိုတော့ လုံးဝ မကြောက်ပေမယ့် ထောင်တော့ အကျမခံနိုင်လို့ ကိုယ်တိုင်ဖော်ထုတ်ဖို့ မ၀ံ့ရဲဘူးလို့ ဆိုပါ တယ်။
ဒုတိယဗိုလ်ချုပ်ကြီးလှမင်းရဲ့ ပြီးခဲ့တဲ့ ရမ်းဗြဲနဲ့ ကျောက်နီမော်ခရီးစဉ်တွေမှာ ဒေသခံ ရခိုင်လူမျိုး တွေက လူအများရှေ့မှာ လက်ညှိုးတည့်တည့်ထိုးပြီး ဒီလူဟာဘင်္ဂလီပါ၊
ကမန်ဖြစ်အောင်လုပ်ထားတာပါ စသည်ဖြင့် လူပေါင်း များစွာကို ညွှန်ပြပြောဆိုခဲ့တဲ့ အခါ၊ အပြောခံရသူများ ဘက်က ခေါင်းငိုက်စိုက် ချတဲ့အမူအရာနဲ့ တုံ့ပြန်ကြပြီး ၀န်ကြီးတွေ တာဝန်ရှိသူတွေကတော့ မျက်နှာလွှဲပြီး ပါးစပ်ပိတ်တဲ့ ပုံစံနဲ့ တုံ့ပြန် ကြပါတယ်။
အဲ.. ဦးခင်ရီတော့ မပါဘူးပေါ့ဗျာ။ သူသာပါရင်တော့ ဘာပြောမလဲ မသိနိုင်ပါဘူး။ ခိုးဝင် ဘင်္ဂလီ မရှိပါဘူး။ အားလုံး ကမန်ဖြစ်သွားကြပါပြီ ခင်ဗျား လို့များ ခပ်တည်တည် နဲ့ ပြောချ လိုက်လေ မလားဆိုတာ စဉ်းစားမိပြီး ပြုံးမိပါသေးတော့တယ်။
(ရှင်မင်းယာ ရေးသားသည်။)
Coral Arakan News
skip to main |
skip to sidebar
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
အမေ ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင် အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့  လူတိုင်းဟာ အမေရှိကြတယ်။ မရေမရာ ပဟေဋ္ဌိတွေကြောင့် အ...
-
နိုဝင်ဘာ ၁၂ရက်နေ့ -------------------- ညနေ ၇နာရီ ၄၀မိနစ်မှာ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စတင် ထွက်ခွါပြီး ဘန်ကောက်မှာ တစ...
-
မြန်မာနိုင်ငံတွင် အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာ ရုံမျမက ကမ္ဘာတွင် ဒုတိယ အကြီးဆုံး ဖြစ်လာမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို ပဲခူးမြို့၌ ...
-
ပင်လုံကျောက်တိုင် ပင်လုံစာချုပ် 12-2-1947 Historic Pinlong Agreement signed by Bogyoke Aung San and Ethnic...
-
၂၀၁၂ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီ၊ မရမ်းကုန်းမြို့နယ် NLD ရုံးသစ်ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက် ရုပ်သံသတင်း။ ။DVB အမျိုးသားဒီ...
-
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးနှ...
-
အွန်လိုင်းချက်တင်၌ ခင်မင်နေသူတစ်ဦး ခေါ်ရာ နောက်သို့ အယုံလွယ်၍ လိုက်မိခဲ့သော အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို လိမ်ခေါ်သွားသူ အ...
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988