Wednesday, September 12, 2012

ဦးပိုင်ကြောင့် မုံရွာမြို. ပြည်သူတွေဒုက္ခရောက်နေကြ



အထဲမှာ ညင်းပန်းနှိပ်စက်မှုတွေကို အပြင်းအထန်ခံစားခဲ့ရတယ်။ ရဲမဟုတ်တဲ့ အရပ်သားလူမိုက်တွေ လူမိုက်မတွေနဲ့ဝိုင်းပြီး
ဆောင့်ကန်တာ တွေ ဆံပင်ဆွဲဆောင့်တာတွေခံခဲ့ရတယ်။ ည(၂)နာရီကျော်ကလွတ်ပေးလိုက် တာ။မအေးနက် ၊မသွဲ့သွဲ့ဝင်း ၊မဖြူဖြူဝင်းတို့ကိုလည်းဘယ်ကိုခေါ်သွားမှန်း မသိရပါဘူး။

ကျွန်မတို့အခုလွတ်လာတဲ့(၉)ယောက်ထဲက-မစန်းစန်းလှ ဆိုရင် ရဲတွေက ဆောင့်ကန်လို့ အခုထတောင်မထနိုင်ပါဘူး။ အတွင်ခံ ဘော်လီအင်္ကျီကစဆွဲ ဆောင့်လို့ ကြိုးတွေပြတ်ကုန်တယ်။ ရဲတစ်ယောက်ရဲ့ အင်္ကျီ ကြယ်သီးတောင်
သူ့အင်္ကျီမှာ ငြိပါလာတာ စဉ်းစားတာကြည့်ကြပါ။ ထမီကျွတ်တာတောင်ရဲ သားက၀တ်ခွင့်မပေးခဲ့ဘူး။
မထိန်းကျင့် မစော်ကားရုံတစ်မယ်ပါဘဲ။ကျွန်မတို့ ကိုဝင်ဆွဲပြီး လုံးလားထွေးလားဖြစ်တဲ့အချိန်ကည(၁၀)နာရီလောက်မှာ မီးတွေလည်းအကုန်ပိတ်ပြီးအခုလိုဝင်လုံးတာ။ ကျွန်မတို့နဲ့ လုံးထွေသတ်ပုတ် တာတွေဖြစ်ကုန်တယ် ဟုပြန်လည်လွတ်မြောက်လာသူများကဆိုတယ်။
ThanLarWaddy Times

လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီး ၁၂ဦးထဲမှ ကိုးဦးကို စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး၊ သုံးဦးကိုမူ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

``မနေ့ညက ၁ နာရီမှာ လွှတ်ပေးတယ်။ မုံရွာရဲစခန်းကနေ ရွာအထိ လိုက်ပို့တာ။ ည ၂နာရီလောက်မှ ရွာရောက်တယ်။ ရဲစခန်းမှာ ရဲအင်အားနဲ့ ခြိမ်းခြောက်တော့ ကြောက်စရာသိပ်ကောင်းတယ်။ စစ်တာ၊ ဆေးတာကလ
ည်း များတော့ ရွာကိုပြန်ချင်တာပဲသိတယ်။ အကျဉ်းခန်းမှာ နေရတဲ့ဒုက္ခက သိပ်ကြောက်စရာကောင်းတော့ ကျန်ခဲ့တဲ့ မသွယ်သွယ်ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို လွတ်အောင်ကြိုးစားပေးကြပါ´´ဟု မုံရွာရဲစခန်းမှ ပြန်လည်လွှတ်ပေးလိုက်သော လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီးတစ်ဦးက ငို၍ပြောသည်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းအရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ၀က်မှေးကျေးရွာနှင့် ရွှေလှေကျေးရွာတို့မှ ဒေသခံအမျိုးသမီး ၁၂ဦးအား စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁၁ နာရီခန့်တွင် ယာယီဖမ်းဆီးခဲ့ခြင်းဖြစ်၍၊ ပြန်လွတ်မြောက်လာသူ ကိုးဦးမှာ ရဲစခန်းတွင် ၁၂နာရီနီးပါး နေခဲ့ရခြင်းဖြစ်သည်။ ကျန်ရှိနေသူသုံးဦးကို ထပ်မံလွှတ်ပေးရန်အတွက် ၄င်းတို့လွတ်မြောက်ရေး တောင်းဆိုသူများက ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းပြောသည်။
မုံရွာမြို့လယ် အချို့နေရာများတွင် ယနေ့နံနက်၌ လုံခြုံရေးကို တင်းကျပ်စွာချထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ နှစ်ဦးမှာ ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်ကြားမှုကြောင့် ထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ အပြစ်မရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
7Day News Journal

ဓာတ်ပုံ - မျိုးမင်းဦး
.