Saturday, June 09, 2012

မောင်တောနှင့် ဘူးသီးတောင်တွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်




နေပြည်တော် ဇွန် ၈

ယနေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူ အကြမ်းဖက် မှုများသည် ဒေသ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက် ပျက်ပြားစေသည့် အတွက် မောင်တောမြို့နယ်၊ အထွထွေေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄၊ ညမထွက်ရ အမိန့်အမှတ် ၁/၂၀၁၂ ကို ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။ အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-



မြို့နယ် အထွထွေေ အုပ်ချုပ်ရေး ဦးစီးဌာန

မောင်တောမြို့နယ်

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄

ညမထွက်ရ အမိန့်အမှတ် ၁/၂၀၁၂

၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်

(၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်)

ပြစ်မှုဆိုင်ရာ အထွထွေေ အမှုအမှတ် ၁/၁၂

၁။        ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ အများပြည်သူတို့ သိစေရန် ထုတ်ပြန်လိုက်သည်။ မောင်တောမြို့ ရပ်ကွက်များ အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော နေအိမ်များ မီးရှို့ ဖျက်ဆီးခံရခြင်း၊ လူစုလူဝေးဖြင့် ဝင်ရောက်ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ မောင်တော မြို့နယ်နေ ပြည်သူလူထုများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် မောင်တောမြို့တွင် တည်ရှိသော လမ်းများ၊ အများပြည်သူတို့ သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းကြား၊ ပန်းဥယျာဉ်(သို့မဟုတ်) အများပြည်သူ ဆိုင်ရာ နေရာများတွင် (၅)ဦး သို့မဟုတ် (၅)ဦးထက် ပိုသော လူများ စုရုံးခြင်းကြောင့် မီးရှို့မှုများ၊ ရုန်းရင်း ဆန်ခတ်မှုများနှင့် ပစ်စည်းလုမှုများ ထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်ဟု ကျွန်ုပ် ယုံကြည်သည်။

၂။         သို့ဖြစ်၍ မောင်တောမြို့၊ စည်ပင်သာယာ နယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့ သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်း နေရာများတွင် (၅) ဦး သို့မဟုတ် (၅)ဦးထက်ပိုသော သူများ စုဝေးခြင်း မပြုရန်နှင့် ညနေ ၁၈:၀၀ နာရီ အချိန်မှ နံနက် ၀၆:၀၀ နာရီ အထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ဆင့်လိုက်သည်။

၃။        ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိမချင်း အတည်ဖြစ်သည်။

၎။        ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဤရုံးတံဆိပ် ရိုက်နှိပ်၍ ကျွန်ုပ် လက်မှတ်ရေးထိုး ထုတ်ဆင့်လိုက်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး

အလားတူ ဘူးသီးတောင်မြို့နယ် ၌လည်း ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

သတင်း။ ။Ministry of infomation.

0 comments: