တရုတ်၊ မြန်မာဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးည ပဒေသာကပွဲကျင်းပ
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးည ပဒေသာကပွဲကြီးကို အနုပညာရှင်ပေါင်းများစွာဖြင့် အမျိုးသားကဇာတ်ရုံကြီးတွင် မေလ ၁၅ ရက်ည ၇ နာရီ၌ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါပွဲအား တရုတ်လုပ်သားပြည်သူများကြား နိုင်ငံတကာကူးလူးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပင်လယ်ရပ်ခြားပြန် တရုတ်အမျိုးသား အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။
၎င်းအပြင် မြန်မာပြည် တရုတ်ကုန်သည်များအသင်း၊ မြန်မာပြည် ဟုတ်ကျန့်တရုတ် အမျိုးသားများအသင်း၊ မြန်မာပြည် ကောင်းတုံကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်မြို့ ယူနန်သာရေးနာရေး အသင်းနှင့် Gold Uni Investment Co,Ltd.တို့မှ ကူညီပံ့ပိုးခြင်းဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရေးည ပဒေသာကပွဲကြီးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေး ဗက်ာမတီအဖွဲ့ဝင်များ အပါအဝင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
DNU
0 comments:
Post a Comment