လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်
ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု (ပထမပိုင်း)
10-3-2012
By: မောင်ဆောက်-ကျောက်ကာ
(စုဆောင်းတင်ဆက်သည်)
ငတက်ပြားအစ
ဦးအောင်သောင်းဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိ ဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ၀ဲလောင်ရွာဇာတိလိုလို လိမ် ပြောလေ့ရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ၀ဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။
ဦးအောင်သောင်းဟာ OTS - 30 ကျောင်းဆင်း ဖြစ်ပြီး နမခ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံး ရာထူးသာ ရရှိခဲ့ပါတယ်။န၀တခေတ် မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ် နမခ တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ် ထွန်းကြည် ကုန်သွယ်ရေး ၀န်ကြီး ဖြစ်သွားချိန်တွင် မန္တလေး တိုင်းစစ်ဌာနချုပ်ရှိ နန်းတွင်း ဧည့်ရိပ်သာမှာ ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့အတူ လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ကုန်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး ရက်ပိုင်းသာ လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ ကျင်းပပြီး ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် ထွန်းကြည်က ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့ အဖားတော်မှုကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေးရေ၀န်ကြီးအဖြစ် ဆက်လက် ရာထူးတိုးခဲ့ပါတယ်။

CRPP အမည်နှင့်ရည်ရွယ်ချက်ပြင်ဆင်မည်
မတ်၊ ၉၊ ၂၀၁၂ (YPI)
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ - CRPP ( ၁၉၉၀ ) အား အမည်နှင့် ရည်ရွယ်ချက်ကို ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြင်ဆင်မည်ဖြစ်ကြောင်း ယင်းကော်မတီဝင်တစ်ဦးဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းကပြောသည်။
“ CRPP ဆိုတာဖွဲ့လို့မရတော့ဘူးလေ။ CRPP ကိုယ်စားပြုတဲ့လွှတ်တော်က လွန်သွားပြီ။ အဲဒီပုံစံလုပ်လို့မရတော့ဘူး။ အခြားပုံစံတစ်မျိုးပြောင်း လုပ်ရမယ်” ဟု၎င်းကဆိုသည်။
CRPP အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်ကလည်း ယခုအချိန်တွင် အခြေအနေများပြောင်းလဲလာသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPP) ဟူသော နာမည်နှင့် ရည်ရွယ်ချက်ကိုပါ ပြောင်းလဲရခြင်းဖြစ်ကြောင်း ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲုတွင် ရွေးကောက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်များကို န.၀.တ အစိုးရမှ လွှတ်တော်ခေါ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ယင်းကိုယ်စားလှယ်အများစုမှ စုပေါင်းကာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ လွှတ်တော်ပေါ်ပေါက်ရေးနှင့် လွှတ်တော်မပေါ်ပေါက်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်ရေး တို့ဖြစ်သည်။
ယခုအခါ ထိုရည်ရွယ်ချက်များအစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ၂၀၀၈ ဖွဲု့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးစသော ရည်ရွယ်ချက်များ ပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်ကဆိုသည်။
၎င်းက “ ဒေါ်အောင်ဆန်းစုကြည့်က လွှတ်တော်တွင်းကနေ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက အပြင်ကလုပ်မယ်။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပေါင်းလုပ်မယ့်သဘောပါ” ဟုပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော အမည်အား အစားထိုးရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ကော်မတီဝင်များ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမည်ဖြစ်
ကြောင်း ၎င်းကဆက်ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ အမျိုးသားဒီမိုကရေစီပါတီ၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ လူ့အခွင့်ုအရေး
နှင့် ဒီမိုကရက်တစ်ပါတီ တို့မှ ၁၉၉၀ ရွေးကောက်ပွဲနိုင်ကိုယ်စားလှယ်များပါဝင်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးသိန်းဖေလည်း ပါဝင်သည်။
၎င်းပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားပြီး ကျန်ရှိသောပါတီများမှာမူ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ထားကြသည်။ ။
စာနယ်ဇင်းသမဂ္ဂပေါ်ပေါက်ရေး စည်းဝေး
10-3-2012
မြန်မာစာနယ်ဇင်းသမဂ္ဂပေါ်ပေါက်ရေး
အစည်းအဝေးတစ်ရပ်ကို ယနေ့ နေ့လယ် ၁ နာရီက
ဆရာ စံလမ်းရှိ SS Food Center မှာ
ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့အခြေစိုက်
သတင်းဂျာနယ်များမှ တာဝန်ရှိသူအချို့တက်ရောက်ခဲ့ ကြပြီး
လွတ်လပ်၍အမှီအခိုကင်းသော စာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေးနှင့် သတင်းထောက် များ
အတွက်တာဝန်ယူမှုနှင့် အကာအကွယ်ပြုနိုင်မှု ကိစ္စရပ်များ
ကိုဆွေးနွေးခဲ့ကြကြောင်းသိရ သည်။
အစည်းအဝေးသို့ ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ်များမှ
တာဝန်ရှိသူများဖြစ်ကြသည့် ဦးဖေမြင့်(ပြည်သူ့ ခေတ်ဂျာနယ်)၊ ဦးမော်လင်း၊
ဦးစန်းဦး(စိတ်ကူးချိုချို )၊ ဦးချစ်ဝင်းမောင်၊ ဦးအားမာန်
(7 Day News)၊ ဒေါ်အေးအေးဝင်း(နိုင်ငံခြားသ တင်းထောက်များအသင်း)၊ ဦးဇော်သက်ထွေး
(Freelance)၊
ကိုမျိုး(မြန်မာစာ)၊ ဦးဝေဖြိုး(Eleven Media Group) ၊ဦးမာဂျေ၊
ဦးဝင်းကျော်ဦး၊
ဦးသူရအောင်၊ ဦးမြင့် မောင်ကျော်၊
ဦးဥာဏ်လင်းအောင်၊ဦးသောင်း ထိုက် (True Newsဂျာနယ်)၊
ဦးဝင်းမော် အစရှိသူများတက်ရောက်ခဲ့ကြေ ကာင်းသိရသည်။
ပြည်သူ့ ပါတီ NLDကို မဲပေးကြစို့ 
၁၀-၃-၂၀၁၂
ပြည်သူ့ ပါတီ NLD
တိုင်းရင်းသားများ စုံစုံညီ
ပြည်သူ့ အကြိုး တို့ သည်ပိုး
ဝိုင်းလို့ ကူမယ် နိုင်ငံအကျိုး။
လူ့ အခွင့်အရေး အရင်းခံ
စည်းလုံးမှုနဲ့ ပူးပေါင်းရန်
လွတ်လပ်မှုကို ဦးစားပေး
ဒီမိုကရေစီ ဆင်နွဲရေး။
တရားဥပဒေ စိုးမိုးရေး
၂၀၀၈ ဥပဒေ ပြင်ဆင်ပေး
တိုင်းရင်းသားဒို့  ငြိမ်းချမ်းရေး
NLD ကို မဲတွေပေး။
မြသိန်းရွေးကောက်ပွဲကော်မရှင်မှ သတ်မျတ်ချက်များဟာ ကွဲလွဲခြားနားမှုများ ရှိနေ
၁၀-၃-၂၀၁၂
လာမယ့် ဧပြီ(၁)ရက်နေ့ မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နိင်ငံလုံးက၀င်ရောက်
ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့်
လာမယ့် ဧပြီ(၁)ရက်နေ့ မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နိင်ငံလုံးက၀င်ရောက်
ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့်
စစ်ကိုင်းတိုင်းပြည်သူ့ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်နဲ့  ရန်ကုန်တိုင်း၊မင်္ဂလာ
တောင်ညွန့် မဲဆန္ဒနယ်က တစည ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဒေါ်စန္ဒာမြင့် တို့ နှစ်ဦးကိုမြို့ နယ်အဆင့် လူဝင်မှုကြီးကြပ်ရေးဌာနတွေက ကိုယ်စားလှယ်လောင်းရဲ့ နိင်ငံသား
ဖြစ်မှုမှာ ငြိစွန်းမှုရှိတယ်လို့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့ ပါတယ်။
ဒါပေမယ့်  NLD ကိုယ်စားလှယ်လောင်း ဦးစောလိုင်ဟာ ၁၉၉၀ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်
ဒါပေမယ့်  NLD ကိုယ်စားလှယ်လောင်း ဦးစောလိုင်ဟာ ၁၉၉၀ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်
စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးချယ်ခံခဲ့ရဖူးပါတယ်။ထို့ အတူ တစည ပါတီ ကိုယ်စား
လှယ်လောင်း ဒေါ်စန္ဒာမြင့်ဟာလည်း၂၀၁၀ ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်း၊ လမ်းမတော်မြို့ 
နယ်မှတိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် တစည ပါတီကဘဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး
ပြိုင်ဘက်ကြံ့ဖွံ့ ပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရဖူးပါတယ်။ ဒေါ်စန္ဒာမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲ
မှာတုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ လက်ရှိတည်ဆဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ ဘဲ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခြဲ့ ပီး အခု ကြားဖြတ်ရွေးကောက်ပွဲမှာမှ ကိုယ်စားလှယ်အရည်အချင်း
မပြည့်မီသူအဖြစ် ပယ်ဖျက်ခံရတာဟာရှေ့ နောက်မညီညွတ်ဘူး ဖြစ်နေပါတယ်။
၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာတုန်းက ၀င်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းသည်
၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာတုန်းက ၀င်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းသည်
နိုင်ငံသားဖြစ်ရမည်ဟု သတ်မှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွမြှာတော့ ကိုယ်စားလှယ်
လောင်း၏ မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ရမည်ဟု တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
ဒီလို သတ်မှတ်တဲ့အထိ ဦးစောလှိုင်နဲ့ ဒေါ်စန္ဒာမြင့်တို့ ဟာ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီနေပြီး
ဒီလို သတ်မှတ်တဲ့အထိ ဦးစောလှိုင်နဲ့ ဒေါ်စန္ဒာမြင့်တို့ ဟာ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီနေပြီး
သူတို့ ရဲ့ မိဘနှစ်ပါးစလုံးဟာတရားဝင်နိုင်ငံသားလက်မှတ်ကိုင်ေ ဆာင်ထားသူများဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံသားဖြစ်မှုဆိုတဲ့အဓိပ္ဖာယ် ကို ဖွင့်ဆိုရာမှာတော့
၂၀၁၀တုန်းက ကော်မရှင်ရဲ့ သတ်မှတ် တဲ့စံနှုန်းနဲ့  ယခု
ကြားဖြတ်ရွေးကောက်ပွဲမှာ ကော်မရှင်ရဲ့ သတ်မှတ်စံနှုန်းဟာပြောင်းလဲသွား ခဲ့ပါတယ်။
ယခု ကြားဖြတ်မှာတော့ ကိုယ်စားလှယ်လောင်းရဲ့ မိဘနှစ်ဦးစလုံးဟာကိုယ်စားလှယ်လောင်း
ဒါပေမယ့် နိုင်ငံသားဖြစ်မှုဆိုတဲ့အဓိပ္ဖာယ်
ယခု ကြားဖြတ်မှာတော့ ကိုယ်စားလှယ်လောင်းရဲ့ မိဘနှစ်ဦးစလုံးဟာကိုယ်စားလှယ်လောင်း
မွေးဖွားချိ န်မှာ နိုင်ငံသားဖြစ်နေရမယ်လို့ စံနှုန်းကို တိုးမြှင့်သတ်မှတ်ခဲ့လို့  အခု NLD ဦးစောလှိုင်နဲ့ 
တစညဒေါ်စန္ဒာမြင့်တို့ ဟာ ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။
ဒါ့ကြောင့် တစည ပါတီက ဒေါ်စန္ဒာမြင့်အနေနဲ့  အဆင့်ဆင့် အယူခံတင်ရာမှာတိုင်းကော်မရှင်အဆင့်
ဒါ့ကြောင့် တစည ပါတီက ဒေါ်စန္ဒာမြင့်အနေနဲ့  အဆင့်ဆင့် အယူခံတင်ရာမှာတိုင်းကော်မရှင်အဆင့်
က ပယ်ချခဲ့လို့  ၉- ၃- ၂၀၁၂ ရက်နေ့  ညနေ ၃း ၀၀နာရီမှာ တစည ပါတီ တိုင်းရုံးခန်းရှိရာကို ပါတီ
ခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်များ၊သတင်းစာနယ်ဇင်းများကို ဖိတ်ကြားပြီး သတင်းထုတ်ပြန်ခဲ့ရာမှာ
သတင်းသမား (၄၀)ဦးခန့် တက်ရောက်ပြီး သတင်းရယူခဲ့ကြပါတယ်။
အဲဒီ ရှင်းလင်းပွဲမှာ တစည ပါတီမှ သတင်းထုတ်ပြန်ခဲ့ရာ နိုင်ငံသားဖြစ်မှုသတ်မှတ်ရာမှာ ဖွဲ့ စည်းပုံ
သတင်းသမား (၄၀)ဦးခန့် တက်ရောက်ပြီး သတင်းရယူခဲ့ကြပါတယ်။
အဲဒီ ရှင်းလင်းပွဲမှာ တစည ပါတီမှ သတင်းထုတ်ပြန်ခဲ့ရာ နိုင်ငံသားဖြစ်မှုသတ်မှတ်ရာမှာ ဖွဲ့ စည်းပုံ
အခြေခံဥပဒေမှ သတ်မှတ်ချက်များနဲ့ ရွေးကောက်ပွဲကော်မရှင်မှ သတ်မျတ်ချက်များဟာ ကွဲလွဲခြား
နားမှုများရှိနေကြောင်း၊ ရွေးကောက်ပွဲဥပဒေသည် ပင်မဖွဲ့ စည်းပုံအခြေခံဥပဒေ၏အောက်တွင်
သာရှိသည့် အထောက်အကူပြုဥပဒေ(Suppotting Law) သာ ဖြစ်သည့်အတွက် ဖွဲ့ စည်းပုံဥပဒေ၏
နိုင်ငံသားသတ်မှတ်ချက်အဓိပ္ဖာယ်ကိုသာ ယူသင့်ကြောင်း၊ ဤ ကိုယ်စားလှယ်ပယ်ဖျက်ခံရမှုကိစ္စကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်သို့ ဆက်လက်တင်ပြထားပြီး အမျိုးသားအခွင့်အရေးကော်မ
ရှင်သို့ လည်းပေးပို့ တိုင်ကြားဆောင်ရွက်မည်ဖြစ်ကြော င်း၊ နောက်ပိုင်း ကျင်းပဦးမည့်ရွေးကောက်ပွဲ အသီးသီးတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများမှကိုယ်စားလှယ်လောင်းများအတွက်ပါ
ရည်ရွယ်ပြီး လွှတ်တော်အတွင်းအဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြော င်းကို ဥပဒေ
အကြောင်းအရာများနှင့် အသေးစိတ်အချက်အလက်များကိုတစည ပါတီ ခေါင်းဆောင်များနှင့်
ကာယကံရှင်ဒေါ်စန္ဒာမြင့်မှရန်ကုန်တိုင်း တစည ပါတီရုံးခန်း၌ အချိန် (၃)နာရီကြာမျှ
တက်ရောက် လာသူများကို ဆွေးနွေးရှင်းလင်းတင်ပြသွားခဲ့ ပါတယ်။
ဒီဖြစ်စဉ်ကိုကြည့်ပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မူဝါဒအရ ပြောင်းလဲမှုမရှိဘဲ ပြည်ထောင်စု
ဒီဖြစ်စဉ်ကိုကြည့်ပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မူဝါဒအရ ပြောင်းလဲမှုမရှိဘဲ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှ င်ရဲ့  အဓိကတာဝန်ရှိသူလို့ ဆိုနိုင်မယ့် ဥက္ကဌ (လူ) အပြောင်းအလဲကြောင့်
ဖြစ်ဟန်တူပါတယ်လို့ သုံးသပ်မိပါတယ်။
S ခင်ဇိုင်
S ခင်ဇိုင်
မှတ်ချက်
ဒီမိုကရေစီနိုင်ငံတွေမှာတော့ ဒီလိုအတွေအခေါ်မရှိပါဘူး ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြီး ဒီနိုင်ငံအကျိုး
ထမ်းဆောင်မယ်ဆိုရင် လူမဲတောင်မှသမတ ဖြစ်နိုင်ပါတယ်။ ဒီဥပဒေတွေဟာပြင်ဖို့ သင့်ပါတယ်။
အမြင်ကျဉ်းမြောင်းတဲ့ဝါဒီတွေရဲ့ လုပ်ရပ်ဖြစ်ပြီး လူမျိုးရေးခွဲခြားတာပါ ကြံ့ဖွတ်မဲရဖို့ တော့ မလွဲပါဘူး။
နိုင်ငံတကာမှာတော့ ဒီမိုကရေစီဟာ လူအခွင့်အရေးအပြည့်အ၀ရှိပါတယ်။မြန်မာနိုင်ငံမှာတော့ စစ်အစိုးရရဲ့ အတုအယောင်ဒီမိုကရေစီပါ။စစ်မှန်တဲ့ ဒီမိုကရေစီရဖို့  အရေးကြီးပါတယ်။
နိုင်ငံတကာမှာတော့ ဒီမိုကရေစီဟာ လူအခွင့်အရေးအပြည့်အ၀ရှိပါတယ်။မြန်မာနိုင်ငံမှာတော့ စစ်အစိုးရရဲ့ အတုအယောင်ဒီမိုကရေစီပါ။စစ်မှန်တဲ့ ဒီမိုကရေစီရဖို့  အရေးကြီးပါတယ်။
အလုပ်သမားသမဂ္ဂတွေ မှတ်ပုံတင်ပြီး တရားဝင် ဖွဲ့ စည်းနိုင်ပြီ
Myo Tha Htet's Photos
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် အမိန့်ကြော်ငြာစာ အမှတ်၊ ၂၂/၂၀၁၂ ဖြင့် ၂၀၁၂ ခုနှစ် မတ်လ (၉) ရက် [၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂) ရက်]နေ့တွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ စတင်အာဏာ တည်သည်ဟု သတ်မှတ်လိုက်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
အလုပ်သမားသမဂ္ဂတွေ မှတ်ပုံတင်ပြီး တရားဝင် ထောင်နိုင်ပြီ။

(ရည်ညွှန်း-ကြေးမုံ၊ မတ် ၁၀၊ ၂၀၁၂)။
0 comments:
Post a Comment