Monday, February 13, 2012

ဖေဖေါ်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ ပါ

မေ့မရတဲ့ရင်းနှီးပြီးသား
ခေါင်းဆောင်တစ်ယောက်ရဲ့ မွေးနေ့မှာ
အတိတ်အကြောင်းတွေထက်
အပ်ကြောင်းတွေထပ်ပြောမနေချင်တော့ပါဘူး...

လွတ်လပ်မူကီးကြောင်နေတဲ့အာဏာကမ္ဘာမှာ
သူ့မိန့်ခွန်းတွေ အန်ပီဖိုးထဲထည့်သွင်းရင်း
ဒီမိုကရေစီချဉ်ခြင်းတတ်နေတဲ့ နားနှစ်ဖက်နဲ့
တစ်သက်တာ အသံတိတ်ကျက်မှတ်
ကိုယ့်စိတ်ကိုယ် အပြင်ကကြည့်တတ်အောင်
အတိတ်မေ့နေတဲ့ နေ့တွေကို ကြိုးနဲ့နာနာတုပ်ပြီး
မိုးကြိုးသွားသူ့မိန့်ခွန်းတွေနဲ့
အတွေးခေါ်ဆိုးတွေကိုရိုက်ထုတ်လိုက်တယ်..

အရင်ကဆို ကိုယ့် ကိုယ့်ကျင့်တရားကိုယ်
ကိုယ်ပေါင်လှန်မထောင်းမိအောင်
ဆိတ်ဆိတ်နေတတ်ခဲ့ပေမယ့်...

အရင်ကဆို မုသားမပါအင်္လကာမချောတဲ့
မုသာဝါဒ တွေနဲ့ကြီးပြင်းတတ်ခဲ့ပေမယ့်..

အရင်ကဆို မြေနှိမ့်ရာလှံစိုက် ဥပက္ခာတရားနဲ့
နေသာသလိုနေတတ်ခဲ့ပေမယ့်..

သူ့သမိုင်း..သူစရိုက်..သူစိတ်ဓါတ်
သူ့မိန့်ခွန်းတွေနဲ့ သူမွေးနေ့ရောက်ခဲ့ရင်တော့
တစ်သာတာမဟုတ်ခဲ့ပေမယ့် ရက်သတ္တတပတ်စာ
စည်းနဲ့ကမ်းနဲ့ ကိုယ့်ကိုယ်ကျင့်တရားကို
ခါးဝတ်ပုဆိုးထက် မြဲအောင်နေထိုင်တတ်ခဲ့ပါတယ်..
ကျွန်တော်က ..သူဆို ကိုယ့်ကိုကိုယ်ထက်တောင်
ပိုချစ်တယ်လေ..........။ ။တာရာမိုးလေး
.

0 comments: