Monday, February 13, 2012

2012 မှာ ကမ္ဘာမပျက်ပါ



၂ဝ၁၂ မှာ ကမ္ဘာပျက်ကိန်းကြုံမယ်လို့ ပညာရှင်တွေက ဟောကိန်းတွေ ထုတ်ကြ၊ ရုပ်ရှင်ထုတ်လုပ်သူတွေကလည်း ထိတ်လန့် တုန်လှုပ်ဖွယ်ရုပ်ရှင် တွေကို ရိုက်ပြ၊  စာရေးဆရာတွေကလည်း ရေးသားကြ၊ ကမ္ဘာသူ ကမ္ဘာသားတွေကလည်း ဆွေးနွေးငြင်းခုံကြရင်း စိုးရိမ်ပူပန်မကင်းဖြစ်နေကြလို့ ပေါ်ပြူလာနယူးစ်အနေနဲ့ နာဆာက သိပ္ပံပညာရှင်တွေက သူတို့ကို မကြာခဏ မေးမြန်းလေ့ရှိကြတဲ့ မေးခွန်းတွေအပေါ် ဘယ်လိုဖြေဆိုခဲ့တယ် ဆို တာကို ရေးသားတင်ပြပေးလိုက်ပါတယ်။
Y2K တုန်းက ဖြစ်ခဲ့တဲ့ ထိတ်လန့်တုန်လှုပ်မှုကလည်း တကယ်တမ်းကျတော့ စီမံကိန်းရေးဆွဲကြသူတွေအနေနဲ့ အခြေအနေကို သုံးသပ်ဝေဖန်ပိုင်း ခြားပြီး ဆောင်ရွက်သင့်တာတွေကို စနစ်တကျစီမံကိန်းချမှတ် ဆောင်ရွက်နိုင်ခဲ့ကြတာကြောင့် ပြဿနာကြီးကြီးကျယ်ကျယ် မရှိလိုက်ဘဲ ပြီးဆုံးသွား ခဲ့ပါတယ်။ စွဲမက်ဖွယ် ရုပ်ရှင်အထူး ပြုလုပ်ဖန်တီးချက်တွေရှိပေမယ့် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာကြီးက ပျက်သုဉ်းသွားမှာတော့ မ ဟုတ်ပါဘူး။ ဒါပေမဲ့ နေဟာ အီကွေ တာနဲ့ အဝေးဆုံးမှာရှိမယ့်အချိန် တစ်ချိန်ဆိုတာကတော့ အမှန်ပါ။
Y2K တုန်းကလိုပါပဲ။ ၂ဝ၁၂ ခုနှစ် အခြေအနေကို ဝေဖန်ဆန်းစစ် မှုတွေလုပ်ခဲ့ကြပြီး ကမ္ဘာကြီးရဲ့ ပျက်သုဉ်းနိုင်မှုကို စေ့ငုသေချာစွာ လေ့လာခဲ့ကြ ပြီးပါပြီ။ အများယူဆထားကြသလို မဖြစ်နိုင်ဘူးဆိုတာကို မကြာခဏ မေးမြန်းလေ့ရှိကြတဲ့ မေးခွန်းတွေအပေါ် နာဆာကသိပ္ပံပညာရှင်တွေက ဒီလို ဖြေခဲ့ကြပါတယ်။
၂ဝ၁၂ မှာ ကမ္ဘာကြီးအဖို့ တစ်စုံတစ်ရာ အန္တရာယ်များရှိပါသလား။ အင်တာနက်ဝက်ဘ်ဆိုက် အများအပြားကတော့ ၂ဝ၁၂ ဒီဇင်ဘာ မှာ ကမ္ဘာပျက် မယ်လို့ ပြောနေ ကြပါတယ်။
ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ နှစ်ပေါင်းလေးဘီလျံမက ကြံ့ကြံ့ခံနိုင်ခဲ့ပြီးပါပြီ။ ယုံကြည်လောက်တဲ့ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေက ၂ဝ၁၂ ရဲ့ အန္တရာယ်ကို  မတွေ့မြင်ကြပါဘူး။
ဒါဆိုရင် ဒီဟောကိန်းရဲ့အစက ဘာပါလဲ။
ဆူမားရီးယန်းတွေ တွေ့ရှိခဲ့တဲ့ ဂြိုဟ်ဆိုတဲ့အရာကြီးဟာ ကမ္ဘာကို ဦးတည်လာနေတယ်ဆိုတဲ့ ပြောကြားမှုတွေကနေ လာတာပါ။ ဒီနီဘီရူးဆိုတဲ့ ဂြိုဟ်လိုအရာဝတ္ထုကြီး ရောက်လာမယ်လို့ ၂ဝဝ၃ ခုနှစ် မေလမှာစပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှ ဖြစ်မလာတော့ ကမ္ဘာပျက်မယ့်ရက်ကို နောက်ရွှေ့လိုက်တာ ၂ဝ၁၂ ဒီဇင်ဘာကို ရောက်သွားတာပါပဲ။ ဒီ ဒဏ္ဍာရီပုံပြင် နှစ်ပုဒ်ကို ရှေးဟောင်း မာယာပြက္ခဒိန်အလိုအရ ကမ္ဘာ့မြောက်ခြမ်းရဲ့ ဆောင်းရာသီအဝင် ကာလမှာ ပျက်သုဉ်းမှုဖြစ်လာရမယ် လို့ ဆက်စပ်လိုက်ကြတာပါ။
ဒါဆိုမာယာပြက္ခဒိန်က၂ဝ၁၂ခုနှစ် ဒီဇင်ဘာမှာ ကုန်ဆုံးတာလား။
ခင်ဗျားအိမ်ရဲ့ မီးဖိုချောင်နံရံ ပေါ်က ပြက္ခဒိန်က ဒီဇင်ဘာလ ၃၁ ရက်ကျော်သွားရင် ပျောက်ပျက်သွားမှာ မဟုတ်သလို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ မာယာ ပြက္ခဒိန်ဟာလည်း ပျောက်ပျက် သွားမှာ မဟုတ်ပါဘူး။ ဒီရက်စွဲဆို တာက ပြက္ခဒိန်ရဲ့ ကာလကို ရေ တွက်မှုပြီးသွားတဲ့နေ့ပါ။ ဇန်နဝါရီ ၁ ရက်ကစပြီး ဒီဇင်ဘာ ၃၁ ရက်မှာ ကုန်သွားသလိုပေါ့။
ဂြိုဟ်တွေဟာ ကမ္ဘာကို ထိခိုက် စေတဲ့နည်းနဲ့ဘက်လိုက်မှုပြောင်း သွားနိုင်ပါသလား။
လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ဂြိုဟ်တွေရဲ့ ဘက်လိုက်မှုပြောင်းသွားတာမျိုးမရှိပါဘူး။ တကယ်လို့ ဘက်လိုက်မှုပြောင်းသွားရင်တောင် အဲဒီဝင်ရိုးပြောင်းလဲမှုကနေ ကမ္ဘာအပေါ် သက်ရောက်မယ့်အကျိုးဟာ မပြောပလောက်ပါဘူး။ ဒီဇင်ဘာလတိုင်းမှာ ကမ္ဘာနဲ့နေဟာ မစ်ကီဝေးကြယ စုရဲ့ အနီးစပ်ဆုံး မှန်းခြေဗဟိုချက်ကို လိုက်ပြီးပြောင်းတာပဲ။ ဘာမှမဖြစ်ပါဘူး။
ဂြိုဟ်ပဲဖြစ်ဖြစ်၊ နီဘီရူးပဲဖြစ်ဖြစ် အိတ်က်စ်ဂြိုဟ်ပဲဖြစ်ဖြစ်၊ အဲရစ်ပဲဖြစ်ဖြစ် ကမ္ဘာကို ချဉ်းကပ်လာပြီး အကြီးအကျယ်ပျက်စီးစေမယ်ဆိုတဲ့ အန္တရာယ်မျိုး ရှိပါသလား။
နီဘီရူးပဲဖြစ်ဖြစ်၊ တခြားဘယ်လို ဇာတ်လမ်းပုံပြင်တွေပဲဖြစ်ဖြစ် ဒါတွေအားလုံးက ဒီလမ်းကြောင်း ပြောင်းတယ်ဆိုတဲ့ဟာတွေ အားလုံးက အင်တာ နက်က ပြောနေကြတာတွေပါ။ မှန်ကန်ခိုင်မာမှု မရှိပါဘူး။ တကယ်ပဲ အဲဒီလိုမျိုး ဂြိုဟ်တွေဟာ ကမ္ဘာကို ဦးတည်ပြီး လာမယ်ဆိုရင် အနည်းဆုံးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက နက္ခတ်သိပ္ပံပညာရှင်တွေက ဒါတွေကို ခြေရာခံနေခဲ့ကြရမှာပေါ့။ အဲဒါဆိုရင် အခုလောက်ဆို သာမန် မျက်စိနဲ့တောင် ကြည့်ရင်မြင်နေရမှာပေါ့။ ဒါမျိုးတွေမရှိတာ အထင်အရှားပါပဲ။ အဲရစ်ကတော့ တကယ်ရှိပါတယ်။ ဒါပေမဲ့ ဂြိုဟ် သိမ်ဂြိုဟ်မွှားကလေး ပါဗျာ။ ပလူတိုလိုပဲ နေစကြဝဠာရဲ့ ပြင်ပမှာ ဆက်ပြီးရှိနေဦးမယ့် ဂြိုဟ်သိမ်ဂြိုဟ်မွှားကလေးပါ။ ကမ္ဘာနားကို အများဆုံး သူကပ်လို့ရတဲ့ အကွာအဝေး က မိုင်ပေါင်း လေးဘီလျံပါ။
ဝင်ရိုးစွန်း ပြောင်းလဲမှုသီအိုရီဆိုတာ ဘာပါလဲ။ နာရီပိုင်းအတွင်း မဟုတ်ရင်တောင် ရက်ပိုင်းအတွင်း ဝင်ရိုးဟာ ၁၈ဝ ဒီဂရီ လည်မယ်ဆိုတာ အမှန် ပဲလား။
ပြောင်းပြန်လည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တိုက်ကြီးတွေရဲ့ နှေးကွေးတဲ့ ရွေ့လျားမှုတွေတော့ရှိပါတယ်။ (ဥပမာ အန္တာတိကဟာနှစ် သန်းပေါင်း ရာ ပေါင်းများစွာတုန်းက အီကွေတာနားမှာ ရှိခဲ့ဖူးပါတယ်) ဒါပေမဲ့ ဝင်ရိုးစွန်းပြောင်းပြန်ဖြစ်တယ်ဆိုတဲ့ ပြောနေကြတာတွေနဲ့ မဆိုင်ပါဘူး။ ဒါတွေက အင် တာနက်ပေါ်က သဘာဝဘေးအန္တရာယ် ဝက်ဘ်ဆိုက်တော်တော်များများက လူတွေကို လှည့်ဖြားနေကြတာတွေပါ။ သူတို့က ဝင်ရိုးရဲ့ လှည့်ပတ်မှုနဲ့ ကမ္ဘာကြီးရဲ့ သံလိုက်ဝင်ရိုးစွန်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောနေကြတာ။ သံလိုက် ဝင်ရိုးစွန်းဟာ ပျမ်းမျှအားဖြင့် နှစ်လေးသိန်းမှာတစ်ကြိမ် ပြောင်း တယ်လို့ဆိုပေမယ့် ကမ္ဘာပေါ်က သက်ရှိတွေအပေါ် ဘယ်လိုမျိုး အန္တရာယ်တစ်စုံတစ်ရာကိုမှ မဖြစ်စေပါဘူး။ နောက်ပြီးတော့လည်း သံလိုက်ဆွဲအား ပြောင်းဖို့ဆိုတာဟာ နောင်နှစ် သုံးလေးသန်းမှာတောင် မဖြစ်သေးဖို့က များပါတယ်။
၂ဝ၁၂ ခုမှာ ကမ္ဘာကြီးကို ဥက္ကာ ပျံနဲ့ တိုက်မိမယ့် အန္တရာယ်ရှိပါ သလား။
ဥက္ကာပျံအကြီးကြီးတွေနဲ့ တိုက် မိတယ်ဆိုတာမျိုးက အရမ်းရှားပါတယ်။ အကြီးဆုံးဖြစ်ခဲ့ဖူးတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၆၅ သန်းကျော်ကပါ။ အဲဒီတုန်း က ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်ချက်အရ တွေ့ရတာက ဒိုင်နိုဆောတွေကို သေစေခဲ့တဲ့ အရာဝတ္ထု လောက်ကြီးတဲ့ ဥက္ကာပျံမျိုး၊ ဂြိုဟ် မျိုးနဲ့ တိုက်မိစရာမရှိပါဘူး။
စာမျက်နှာကို ငဲ့ပြီး နိဂုံးချုပ် ပြောရရင်တော့ ကမ္ဘာပျက်မယ် ဆိုတာကို အတည်ပြုနိုင်မယ့် သိပ္ပံနည်းကျ အယူအဆ၊ အထောက်အထား မရှိပါဘူး။ နေ မုန်တိုင်းဆိုတာကတော့ ၁၁ နှစ် တစ်ကြိမ်ဖြစ်တတ်တယ်။ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေကို အနှောင့်အယှက် ဖြစ်စေတယ်။ ဒါပေမဲ့ ဒါတွေရဲ့ ဒဏ် ကို ခံနိုင်မယ့် အီလက်ထရောနစ်ပစ္စည်းတွေကို တီထွင်ထုတ်လုပ်ဖို့ အင်ဂျင်နီယာတွေက လေ့လာနေကြပါတယ်။ ၂ဝ၁၂ ခုနှစ်ကျမှ ထူးပြီး ပျက်စီးမှာ မျိုးတော့ မရှိ ပါဘူးလို့ နာဆာက သိပ္ပံပညာရှင်တွေက အခိုင်အမာ ပြောကြားထားလို့ ပြည်သူအပေါင်း စိတ်ဒုန်းဒုန်းချ ထားနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း ….။
KMA, Ref: NASA.

0 comments: