Saturday, December 03, 2011

NLD ပါတီဝင်သစ်များကြိုဆိုလက်ခံရေးနှင့် ရုံးခန်းများဖွင့်လှစ်နိုင်ရန် ပြည်နယ်တိုင်းများသို့ ခရီးစဉ်များစတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပါတီဝင်သစ်များလက်ခံရေး ၊ ပါတီရုံးခန်များ ဖွင့်လှစ်နိုင်ရေးတို့  ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့ နယ် ဒေသများသို့  ယခင်ပါတီဝင်ဟောင်းများဦးဆောင်ကာ ခရီးစဉ်အသီးသီးကို ယခုသီတင်းပါတ်အတွင်း စတင်ထွက်ခွာနေကြပြီဟုသတင်းရရှိပါသည်။အဆိုပါလစ်လပ်နေရာများဖြစ်သော ကချင်ပြည်နယ်ပြည်နယ်တွင်းရှိ (ဖားကန့် ၊ မိုးကောင်း ၊ဗန်းမော် ) ၊ စစ်ကိုင်းတိုင်းအတွင်းရှိ (စစ်ကိုင်း ၊ ပုလဲ ၊ မင်းကင်း) ၊ တနင်္သာရီတိုင်းအတွင်းရှိ ( ကျွန်းစု ၊ လောင်းလုံ ) ၊ ပဲခူးတိုင်းအတွင်း ရှိ ( တောင်ငူ ၊ သနပ်ပင်၊ လက်ပံတန်း ) ၊ မကွေးတိုင်အတွင်းရှိ (မကွေး ၊ ရေစကြို ၊မြိုင် ၊ ပခုက္ကူ ၊ ပွင့်ဖြူ ) ၊ မန္တလေးတိုင်း နှင့် နေပြည်တော်တိုင်း အတွင်းရှိ (ဇဗ္ဗူသီရိ ၊ပုဗ္ဗသီရိ ၊ဒက္ခိဏသီရိ ၊ ဥတ္တရသီရိ ၊ ကျောက်ပန်းတောင်း ၊နွားထိုးကြီး ၊ မဟာအောင်မြေ ၊ တံတားဦး ၊မိထ္တီလာ ၊ ပြင်ဦးလွင် ) ၊ရန်ကုန်တိုင်း အတွင်းရှိ ( ကော့မှုး ၊သုံးခွ ၊ ဒဂုံဆိပ်ကမ်း ၊ မဂ်လာတောင်ညွှန့်  ၊လှည်းကူး ၊ မရမ်းကုန်း ) ၊ ရှမ်းပြည်နယ်ရှိ ( ကလော ) ၊ဧရာဝတီတိုင်းအတွင်းရှိ ( ပုသိမ် ၊ မအူပင် ၊မြောင်းမြ ၊ ၀ါးခယ်မ ၊မြန်အောင် ) စသည့်ဒေသများသို့  ယခုသီတင်းပါတ်အတွင်းစတင်ကာခရီးစဉ်များကို ပဏာမ အနေဖြင့် ဒေသခံ များနှင့် တွေ့ ဆုံးနိုင်ရန် ခရီးစဉ်များ စတင်ထွက်ခွာနေပြီဟုသိရပါသည် ။အချို့  ခရီးစဉ်များအနေဖြင့် အနည်းငယ်နှောင့်နှေးနိုင်သည်ဟု ပါတီတွင်း နီးစပ်သူများထံမှ သိရပါသည် ။ သို့ သော် ဌာနချုပ်အနေဖြင့် စည်းရုံးရေးခရီးစဉ်များ အားတရားဝင်ထုတ်ပြန် ကြေငြာခြင်း မရှိသေးကြောင်း သိရပါသည် ။
.

0 comments: