Friday, October 14, 2011

မလွတ်မြောက်သေးတဲ့ ညီတယောက်အတွက် ဇာဂနာရဲ့ကဗျာတပုဒ်

ညီလေးတစ်ယောက်ပါ

တစ်ခါမှ မငြင်းဆန်ဖူးခဲ့
သူများအတွက်လုပ်ရမယ်ဆို
ဘယ်လိုကူရကူရ
ဘယ်လောက်ကူရကူရ
ညီလေးတစ်ယောက်ပါ
ညာဖက်လက်မောင်းဖျောင်းကနဲကျိုးသလို
ဆစ်ကနဲနာကျင်ခဲ့ရ
မျက်မှန်ထူအောက်က သူ့မျက်ဝန်းတွေ
ငေးမောနေတာမဟုတ်
လွင့်မျောနေတာမဟုတ်
ခု သူဘယ်မှာလဲ
ပါဝင်ခွင့်မရတဲ့လောက ကို
သူငေးမောနေလေမလား။
ညီလေးတစ်ယောက်ပါ။


(နေဘုန်းလတ်သို့) ဇာဂနာ

by: D Par Aung
.

0 comments: