Friday, June 17, 2011

အန္တရာယ်ရှိနေဆဲ ဖြစ်သော ချာနိုဘိုင်းလ်နျူဓာတ်အားပေးစက်ရုံ




လွန်ခဲ့သည့် ၂၅နှစ်ခန့်က  ပေါက်ကွဲပျက်စီးခဲ့သော  ယူကရိန်းနိုင်ငံရှိ ချာနိုဘိုင်းလ် စက်ရုံဧ။် အကြီးအကဲ အီဂေါ်ဂရာမော့ကင်၏  ဧပြီ ၂၁ရက် နေ့ ပြောကြားချက်များအရ နျူးကလီးယားဓာတ်ပေါင်းဖို  အပျက်အစီးများအောက်တွင်  ကျန်ရစ်နေဆဲဖြစ်သည့် လောင်စာတောင့်များသည်  အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။

ချာနိုဘိုင်းလ်  နျူကလီးယားစက်ရုံဧ။်  အစိတ်အပိုင်းနေရာ  အများ အပြားတွင်   နျူကလီးယားဓာတ်အားပေးစက်ရုံဝန်ထမ်းများ၏ စမ်းလေ့လာမှု  မှာ  အပျက်အစီးများနှင့်  ရေဒီယို သတ္တိကြွမှု  အဆင့်မြင့်မားနေခြင်းကြောင့် ဓာတ်ပေါင်းဖိုဧ။်  ၆၀ရာခိုင်နှုန်းကိုသာ စူးစမ်း လေ့လာ နိုင်ပြီး ကျန် အစိတ်အပိုင်းများအတွက် ခက်ခဲနေ ရခြင်းဖြစ်သည်။

ဓာတ်ပေါင်းဖို အပျက်အစီးများအောက်ရောက်နေသော  နျူးကလီးယား လောင်စာ အခြေအနေကို  မသိနိုင်ခြင်းအန္တရာယ်ကြီးတစ်ရပ်ဖြစ်ပြီး  ပေါက်ကွဲပျက်စီးခဲ့သော  နျူးကလီးယား  ဓာတ်ပေါင်းဖိုဧ။်  ရေဒီယိုသတ္တိကြွလောင်စာတောင့်များဧ။်  ၉၅ရာခိုင်နှုန်းခန့်သည် အပျက်အစီးများအောက်တွင်  ရှိနေခြင်းကြောင့် ဖြစ်သည် ဟု အီဂေါ်ဂရာမော့ကင် မှ ပြောကြားခဲ့သည်။

၁၉၈၆ခုနှစ်တွင် ပေါက်ကွဲ  ပျက်စီးခဲ့သည့်  ဓာတ်ပေါင်းဖို အမှတ်(၄)ကို  ကွန်ကရစ်အုပ် ဆောင်းအသစ်  တပ်ဆင်နေလျက်ရှိသည်။
သတင်း။ mmdailynews
.

0 comments: