ရန်ကုန်၊ မေ ၃၀
နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ်မီး ထုတ်ယူနိုင်သည့် ဆိုလာစနစ်ကို ပြည်တွင်းအိမ်တိုင်းမှ အရစ်ကျ ငွေချေစနစ်ဖြင့် ၀ယ်ယူတပ်ဆင်နိုင်ရန် OK Myanmar ကုမ္ပဏီမှ စီစဉ် ပေးသွားမည်ဟု သတင်းရရှိသည်။ ယခုလလယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ရှိ နေအိမ်များတွင် စမ်းသပ်တပ်ဆင်ခဲ့ပြီး ပြည်သူများ သဘောကျ အဆင်ပြေကြသောကြောင့် တစ်နိုင်ငံလုံး မြို့ရွာကျေးလက်များသို့ အရစ်ကျ ငွေချေစနစ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးသွားမည်ဟု သိရသည်။
ဆိုလာစနစ် သုံးစွဲလိုလျှင် ခေါင်မိုးနေရာ၌ ဆိုလာပြားများ တပ်ဆင်ထားရမည် ဖြစ်ပြီး စနစ် အကြီးအသေးကို လိုက်၍ လျှပ်စစ်ပမာဏ ထုတ်ယူနိုင်မည် ဖြစ်ပြီး ရုပ်မြင်သံကြားစက်၊ EVD အခွေပြစက် စသည်တို့ ကောင်းမွန်စွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ၌လည်း သုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ ကုန်ကျစားရိတ်၏ တစ်ဝက်ကို လက်ငင်းပေးချေရပြီး ကျန်တစ်ဝက်ကို တစ်နှစ်အတွင်း အရစ်ကျ ပေးချေသွားနိုင်၍ စားရိတ်စားက သက်သာပြီး မီတာခကဲ့သို့ နောက်ဆက်တွဲ ကုန်ကျမှုမျိုး ရာသက်ပန် ကင်းလွတ်သဖြင့် တွက်ချေကိုက်ကြောင်း OK Myanmar ကုမ္ပဏီက ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ် Yam Chai Dan တွင် ဆိုလာစနစ်ကို အသုံးပြုနေသည်ကို တွေ့ရစဉ်
အဆိုပါ ဆိုလာစနစ်ကို အရစ်ကျ တပ်ဆင်လိုသည် ဆိုပါက ပြည်တွင်း မည်သည့် နေရာ၌ မဆို တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း ကြားသိရသည်။ မြန်မာနိုင်ငံသည် တစ်နှစ်ပတ်လုံးနီးပါး နေရောင်ခြည် ကောင်းစွာ ရရှိသည့် နိုင်ငံ ဖြစ်သောကြောင့် ဆိုလာစနစ်ဖြင့် ကျေးလက်ဒေသများ မီးအလင်း ရရှိနိုင်မည် ဆိုလျှင် လူနေမှု အဆင့်များ မြင့်မားလာမည် ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်မည် ဖြစ်လေသည်။
လက်ရှိတွင် မြို့ကြီးများ၏ လမ်းမီးတိုင်များ၊ ကြေငြာပိုစတာကြီးများ၏ ဆလိုက်မီးများ၊ မီးပွိုင့်များကို ဆိုလာစနစ်ဖြင့် အစားထိုး သုံးစွဲနိုင်ရန် ပြည်တွင်းကုမ္ပဏီများ ကြိုးပမ်းနေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ရန်ကုန်မြို့၏ လမ်းများပေါ်တွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနနှင့် ကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်ကြသော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာကားများ စမ်းသပ်မောင်းနှင်နေသည်ကို မကြာခဏ တွေ့မြင်နေရကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက မြန်မာဒေးလီးနယူး သို့ ပြောပြခဲ့သည်။
၂၄နာရီ မီးလာပါတော့မယ့်တဲ့.... မကြာမှီ...မျှော်.. သတင်းကိုပြန်ဖတ်လိုပါကဒီမှာနော်
.
0 comments:
Post a Comment