Friday, May 20, 2011

မြို့သာနှင့် မြင်းခြံဒေသ အနီးတွင် တည်ဆောက်မည့် ရေနံချက်စက်ရုံကို မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းတည်ဆောက်ကာ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသန်းခန့် ခိုးထုတ်သွားမည်

TAddThis Social Bookmark Button 475
မန္တလေးတိုင်းဒေသကြီးရှိ မြို့သာနှင့်မြင်းခြံဒေသ အနီးတွင်တည်ဆောက်မည့် ရေနံချက်စက်ရုံကို မြန်မာ့ စီးပွားရေးဦးပိုင်နှင့် တရုတ်ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းကာ တည်ဆောက်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင်ရေနံစိမ်း တန်ချိန် ငါးသန်းခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်း၌ တည်ဆောက်မည့် ရေနံချက်စက်ရုံ စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Guang dong Zhenrong Energy Co.,Ltd နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ နားလည်မှု စာချွန်လွာကို ဧပြီလ အတွင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်း ရေနံချက်စက်ရုံ အတွက် လိုအပ်သည့် ကုန်ကြမ်းများဖြစ်သည့် ရေနံစိမ်းများကို ပြည်ပမှ တင်သွင်းချက် လုပ်သွားရန်ရှိပြီး ပုထိုးလုံဒေသမှ ရေနံများထွက်ရှိလာပါကလည်း ဓာတ်ဆီချက်လုပ်ရာတွင် အသုံးပြုသွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
“ပုထိုးလုံဒေသကနေ ရေနံစိမ်း ထွက်ရှိလာရင် ပြည်တွင်းမှာ ရေနံကနေ ဓာတ်ဆီကို ပိုမိုချက်လုပ်နိုင်ဖို့ မြို့သာနဲ့မြင်းခြံဒေသတစ်ဝိုက်မှာရေနံချက်စက်ရုံအသစ်တစ်ရုံကို တရုတ်နိုင်ငံ နဲ့ပူးပေါင်းပြီး သက်ဆိုင်ရာကနေ တည်ဆောက်သွားဖို့ စီစဉ်နေကြပါတယ်။ စီမံကိန်းကာလကတော့ သုံးနှစ်အတွင်း ဖြစ်တယ်လို့ သိရပါတယ်”ဟု စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လက်ရှိအချိန်တွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ဓာတ်ဆီပမာဏနှင့် ပုဂ္ဂလိကပိုင်းမှ သုံးစွဲနေမှု ပမာဏမှာ လုံလောက်မှုမရှိသောကြောင့် ပြည်တွင်း၌ဓာတ်ဆီ ပိုမိုထုတ်လုပ်နိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ ဓာတ်ဆီဂါလန် ၁၀ သန်းခန့်ကို လစဉ်ထုတ်လုပ်လျက်ရှိ ပြီး ပုဂ္ဂလိကကဏ္ဍအတွက်  ဓာတ်ဆီ ဂါလန်ကိုးသန်းခန့်ကို ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ တစ်ဆင့် ဖြန့်ဝေရောင်းချပေးလျက် ရှိသည်။
ဓာတ်ဆီကိုကုန်းတွင်းမှ တူးဖော်ရရှိသော ရေနံစိမ်းနှင့် ကမ်းလွန်မှ ထုတ်လုပ်ရရှိသော လေဆီတို့ကို ပြည်တွင်း ရေနံချက်စက်ရုံများ၌ ချက်လုပ်ကာ ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ တစ်ဆင့် လစဉ်ဓာတ်ဆီဂါလန် ကိုးသန်းခန့်ကို  ပုဂ္ဂလိကပိုင်းသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။    
.

0 comments: