Sunday, May 29, 2011

‘အမေ’ န့ဲ မေ

‘အမေ’ န့ဲ မေ
'အမေ’ နဲ့ ဆက်စပ်တ့ဲ မေလ ဖြစ်ရပ်တွေဟာ သမိုင်းမှာ အရေးကြီးတဲ့အခန်းက
ပါဝင်နေတာကိုသတိထားမိပါတယ်။
၁။ ။ ၁၉၉၀ မေလ ၂၇ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။
၂။ ။ ၂၀၀၂ မေ ၁ ရက်နေ့မှာ စစ်အစိုးရခေါင်းဆောင်ပိုင်းက ‘အမေ့’ကို လျှို့ဝှက်စွာ
တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၃။ ။ ၂၀၀၂ မေ ၆ ရက်နေ့မှာ ‘အမေ’ဟာ ၁၉ လအကြာ နေအိမ်အကျယ်ချုပ်က
လွတ်လာခဲ့ပါတယ်
၎။ ။ ၂၀၀၃ မေလ ၃၀ ဒီပဲယင်း အရေးအခင်းဖြင့် လုပ်ကြံခံရခြင်းမှ ‘အမေ’
လွတ်မြောက်လာပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ နေအိမ်အကျယ်ချုပ် ထပ်မံ
အကျခံရပြန်ပါတယ်။
၅။ ။ ၂၀၀၆ မေ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ
အီဘရာဟင် ဂမ်ဘာရီက ‘အမေ့’ကို ပထမဆုံးသွားရောက်တွေ့ဆုံခဲ့ပါတယ်။
၆။ ။ ၂၀၀၆ မေ ၂၇ ရက်နေ့မှာ စစ်အစိုးရက ‘အမေ’ ရဲ့ နေအိမ်အကျယ်ချုပ်
သက်တမ်းကို နောက်တနှစ် ထပ်တိုးလိုက်ပါတယ်။
၇။ ။ ၂၀၀၇ မေလ ၂၅ ရက်နေ့မှာ နေအိမ်အကျယ်ချုပ် တနှစ် ထပ်မံ အတိုးခံရ
ပါတယ်။
၈။ ။ ၂၀၀၈ မေလ ၂၇ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်သက်တမ်း နောက်တနှစ်
ထပ်တိုးခြင်းခံရပြန်ပါတယ်။
၉။ ။ ၂၀၀၉ မေလ ၆ ရက် နအဖရဲ့ လုပ်ကြံအမှုဆင်ကွက်ဖြင့် ‘အမေ’ဟာ တရားစွဲ
ဆိုခံနေရပါတယ်။
ဆိုခဲ့ကြတဲ့စကားလဲရှိပါတယ်။ “ငု နဲ့ ပိတောက် နွေမှာလှိုင်၊ စု နဲ့ ခမောက် မေမှာ
နိုင်”တဲ့။ အမှန်ပါပဲ။ ‘အမေ’ဟာ မေလ ဖြစ်ရပ်တွေမှာ ဆက်လက် အနိုင်ရနေဦးမှာပါ။

နှင်းယုလွင်.

0 comments: