Tuesday, May 24, 2011

သတင်းစာပညာ သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား


အမျိုးသား ဒီမိုကေရစီ အဖွဲ့ချုပ် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်အရ ဖွင့်လှစ်ပို့ချခဲ့သော သတင်းစာပညာ သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ (၂၂) ရက်၊ ညနေ(၃)နာရီက အဖွဲ့ချုပ်ရုံး အပေါ်ထပ် အစည်းအဝေးခမ်းမတွင် ကျင်းပသည်။ 
ဒုတိယ-ဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်မျာ၊ သင်တန်းတွင် လာရောက်ပို့ချသော ဦးမိုးသူ (မောင်မိုးသူ)၊ ဦးသာဘန်း၊ ဦးအောင်ြမင့် (ဖျာပုံနီလုံဦး)၊ ဦးအောင်ရှင် (မုံရွာအောင်ရှင်)၊ ဦးဇော်မျိုးအောင်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 
ဒုတိယ-ဥက္ကဌ၊ ဦးတင်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး၊ သင်တန်းဆင်း လက်မှတ်များကို ချီးမြှင့်ပေးအပ်သည်။ ထို့နောက် သင်တန်း ဆရာများ ကိုယ်စား ဦးမိုးသူ (မောင်မိုးသူ)က အမှာစကား ပြောကြားခဲ့ပါသည်။ 
http://burmese.nldburma.org.

0 comments: