Wednesday, April 27, 2011

အတောင်းကြမ်းရင် ခုတ်ခံရမယ်...သတိထား

သတင်း - သျှမ်းသံတော်ဆင့်သတင်း
တရုတ် - မြန်မာနယ်စပ် မူစယ် ၁၀၅မိုင်ကုန် သွယ် ရေးဇုံ တာဝန်ကျ (နယ်စပ်ကုန်သွယ်ရေး) နကသ အရာရှိအား ကုန်ကားမောင်းသမား ဓါးဖြင့် ခုတ် သည့် ဖြစ်ရပ် ဧပြီ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
105_mile
မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံဂိတ်

၁၀၅ မိုင်ဇုံ အေးရှားဝေါလ်ဂိတ်တွင် နကသရဲမှူး လွင်မောင်သိန်းက မန္တလေးမှ မူစယ်ဘက်သို့လာသော ကုန်ကားရပ်တန့်ရန် တားမြှစ်စဉ် ကုန်ကားမောင်းသမားနှင့် အချေအတင်စကားများပြီး ၎င်းရဲအရာရှိဓါးခုတ်ခံ ရခြင်းဖြစ်ကြောင်း မျက်မြင်ကုန်သည်တစ်ဦးက သျှမ်းသံတော် ဆင့်သို့ပြောသည်။

“အေးရှားဝေါလ်ဂိတ်အကျော်လေးမှာဖြစ်တာ ကုန်ကားကိုတားတော့ ကားသမားကအရက်မှုးနေတယ်၊ ကြည့်ရတာငွေသွားညှစ်သလား မသိဘူး၊ ကားသမားကဓါးနဲ့ခုတ်လိုက်တယ် ရုန်းရင်းဆန်ခတ်ဖြစ်သွားတာပေါ့” ဟု သူက ဆိုသည်။

ရဲအရာရှိ ဓါးခုတ်ခံရသဖြင့် လက်သန်းပြတ်ရှဒဏ်ရာရပြီး မူစယ်ဆေးရုံသို့ ခေါ်ဆောင်သွားရကြောင်း သိရသည်။
ယခုလ ၁၈ ရက်နေ့ကလည်း မူစယ် - မန္တလေးလမ်း သိန္ဒီမြို့အနီး ရေပူဂိတ်တွင် နကသဝန်ထမ်းများက တရုတ် ပြည် ရွှေလီမြို့သို့ အလုပ် လုပ်ရန် သွားကြသော မြန်မာကျဘမ်းအလုပ်သမား ၇ ဦးအား ထောက်ခံစာမပါဟု အကြောင်း ပြ၍ တစ်ဦးလျှင်ကျပ် ၅၀၀၀ တောင်းခံခဲ့သေး ကြောင်း သိရသည်။
.

0 comments: