Monday, June 07, 2010

တရုတ်ကဆော်လိုက် ကုလားကဆော်လိုက် နအဖက အိပ်ကပ်ထဲ ထည့်လိုက်၊ ကုန်ပါပြီ မြန်မာပြည်

မြန်မာ့ စွမ်းအင်ကဏ္ဍ ဝေစုသစ်များ ရယူနိုင်ရန် အိန္ဒိယကုမ္ပဏီများ ပြင်ဆင်
အိန္ဒိယနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီများသည် မြန်မာနိုင်ငံစွမ်းအင် ဖော်ထုတ် အသုံးချရေး ကဏ္ဍတွင် ဝေစုသစ်များ ရယူနိုင်ရန် ပြင်ဆင် စီမံလျက် ရှိကြောင်း အိန္ဒိယနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီးတစ်ခု ဖြစ်သော Oil India မှ ဦးဆောင်ညွှန်ကြားရေးမှူး အန်အမ်ဘိုရားက သတင်း ထုတ်ပြန် သည်။ မြန်မာနိုင်ငံတွင် တူးဖော် အသုံးပြုရခြင်း မရှိသေးသော သဘာဝဓါတ်ငွေ့ ပမာဏကုဗပေ ၁၉ ထရီလီယံခန့် ရှိနေခြင်းသည် အိန္ဒိယရေနံနှင့် ဓါတ်ငွေ့ ထုတ်လုပ်ရေးကု မ္ပဏီများ အတွက် မက်လုံးတစ်ခု ဖြစ်နေကြောင်း၊ နိုင်ငံပိုင် GAIL နှင့် ONGC ကုမ္ပဏီတို့သည် မြန်မာနိုင်ငံ ကမ်းလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုနယ်ပယ်တွင် ရင်းနှီးမြှပ်နှံ ဆောင်ရွက်နေသော်ငြား လက်ရှိလုပ်ငန်း ဆောင်ရွက်နိုင်မှု အတိုင်းအတာသည် ရည်မှန်းချက် ပြည့်စုံနိုင်သည့် အနေအထားမရှိဟု မိမိတို့ယူဆကြောင်း၊ ထို့ကြောင့် မိမိတို့ကုမ္ပဏီများသည် မြန်မာနိုင်ငံ စွမ်းအင်နယ်ပယ်တွင် ရင်းနှီး မြှပ်နှံမှုများ တိုးချဲ့ ပြုလုပ်သွားရန် စီမံပြင်ဆင်နေကြောင်း အန်အမ်ဘိုရားက အိန္ဒိယမီဒီယာများသို့ ပြောကြားသည်။ GAIL နှင့် ONGC ကုမ္ပဏီ တို့သည် မြန်မာနိုင်ငံ ကမ်းလွန် စွမ်းအင်လုပ်ကွက်များ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၃၃၀ အထိ ရင်းနှီးမြှပ်နှံရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ မြန်မာ-အိန္ဒိယ ရေနံ၊ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတစ်ရပ် အမြန်ဆုံး အကောင်အထည် ပေါ်လာရေးသည် မိမိတို့၏ ပဓာန ရည်မှန်းချက် တစ်ရပ်ဖြစ်ကြောင်း အဆိုပါ ဦးဆောင်ညွှန်ကြားရေးမှူးက ဆိုသည်။ အိန္ဒိယ အစိုးရအနေဖြင့် နိုင်ငံပြင်ပရှိစွမ်းအင် နယ်ပယ်များတွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှပ်နှံရန် ဆွေးနွေး သဘောတူထားပြီး ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments: