Monday, October 08, 2012

နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန်အမည်ပါဝင်


စတော့ဟုမ်း၊ အောက်တိုဘာ-၈
ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေ
ပြီဖြစ်ရာ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက်
ခန့်မှန်းချက်များတွင် မြန်မာနိုင်ငံ
သမ္မတ ဦးသိန်းစိန်၏အမည်လည်း
ပါဝင်ကြောင်းသိရသည်။


နိုဗယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏
အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိပေ။ သို့သော် နော်ဝေးနိုင်ငံ

အော်စလိုမြို့မှ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူဒ်၏ အကြီးအကဲ
မစ္စတာ ခရစ်ရှန်ဘာ့ဂ်ဟာဗီကင်က ငြိမ်းချမ်းရေး ကော်မတီ၏

လုပ်ပုံကိုင်ပုံကိုလေ့လာပြီး နှစ်စဉ်ပင် ဆုရနိုင်ခြေရှိသူအတိုချုပ်စာရင်းကို
ထုတ်ပြန်လေ့ရှိသည်။

သမ္မတဦးသိန်းစိန်သည် မစ္စတာ ဟာဗီကင်၏ စာရင်းတွင် ရုရှားအခွင့်အရေးအုပ်စု
 Memorial နှင့် ယင်းအဖွဲ့တည်ထောင်သူ

မစ္စဆဗက်လာနာဂန်းနုရှ်ကီနာ၊ အမှီအခိုကင်းရုရှားမီဒီယာအဖွဲ့ Echo of Moscow နှင့်ယင်းအဖွဲ့တည်ထောင်သူ မစ္စတာ

အလက်စီဗီနီဒစ်တော့ဗ်တို့နှင့် အတူပါဝင်လာခြင်းဖြစ်သည်။ ဘာသာရေးအား
 လွှဲမှားစွာ အသုံးပြုခြင်းကို ဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသား

နှစ်ဦးလည်း အဆိုပါစာရင်းတွင် ပါဝင်သည်။

ယခုနှစ်အတွက် ပထမဦးဆုံး ကြေညာမည့် ဆေးပညာနိုဗယ်လ်ဆုအား
စတော့ဟုမ်းလ်မြို့တွင် ယနေ့စတင်ကြေညာမည်ဖြစ်ပြီး ငြိမ်းချမ်းရေး

နိုဗယ်ဆုအားအောက်တိုဘာ ၁၂ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း
သိရသည်။

Ref: AFP

7DAy News.