Pages
▼
Friday, August 26, 2011
မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Polerstar GPS ဖြင့် ဦးသန်းရွှေစီသွားလည်ကြမလား
မြန်မာနိုင်ငံရှိ ကားများတွင် စာတန်းထိုးစနစ်နှင့် အသံပေးအချက်ပြ စနစ်ပါဝင်သော GPS ကို မကြာမီ ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း မြေပုံနှင့်ပတ်သက်သော မြို့ပြလမ်းညွှန် မြေပုံအနေဖြင့် ပြည်တွင်းမှ ပထမဦးဆုံး Software ရေးဆွဲထုတ်လုပ်ခြင်း ဖြစ်ကြောင်း Techonomotion Studios မှ အမှုဆောင် အရာရှိချုပ်ဦး ထွန်းမြင့်နောင်က ပြောကြားသည်။
မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့်အဆိုပါ Polerstar စနစ် GPS သည် တစ်နိုင်ငံလုံးကို သွားနိုင်သည့် လမ်းညွှန်မြေပုံပါသည့် GPS ဖြစ်ပြီး ပေ (၃၀) အကွာအဝေး အတွင်းတိကျသော လမ်းညွှန်မှုကို ပေးနိုင်ကြောင်း၊ မြေပုံစောင်းသွားခြင်း၊ ကားလမ်းဘေး ရောက်သွားခြင်းများ မဖြစ်စေရန် စီစဉ်ထားသလို မိမိသွားလိုသော လမ်းကိုသိရုံဖြင့် သွားလိုသော လမ်းကိုတွက်ချက်ကာ အတိအကျ ဖော်ပြပေးပြီး၊ အနီးဆုံးနှင့် အတိုဆုံး၊ လမ်းကိုမောင်းနှင်ပေးရန် အချက်ပေးသည်။
ကားမောင်းနေစဉ်အတွင်း အန္တရာယ်ရှိနိုင်သော အမြန်နှုန်းကို ရောက်ရှိလာပါက အသံဖြင့် အချက်ပေးသည်။ ထို့အပြင် ကားသွားရာ တစ်လျှောက်အနီးစပ်ဆုံး ရှိသည့်ဆေးရုံ၊ စားသောက်ဆိုင်၊ ဓာတ်ဆီဆိုင်များကိုလည်း ဖော်ပြပေးသလို ကော်ဖီနှင့် စားသောက်ဆိုင်များ ကိုလည်း ထည့်သွင်းထားသည်၊ သွားခဲ့ဖူးသော နေရာများကိုလည်း မှတ်တမ်းထားလိုပါက Save လုပ်ထားနိုင်ပြီး လမ်းနာမည် အက္ခရာများကို ရိုက်ထည့်လိုက်ပါက လျင်မြန်စွာ ဖော်ပြပေးကြောင်း ဦးထွန်းမြင့်နောင်က ပြောသည်။
Polarstar စနစ်သုံး GPS သည် ရွေးချယ်ထားသော လမ်းကြောင်းကို မသွားဘဲ ဆက်လက်သွားချင်ပါက GO ဟု အမိန့်ပေးလိုက်လျှင် သွားနေသည့် လမ်းကြောင်းအတိုင်း ဆက်လက်တွက်ချက်ကာ လမ်းညွှန်ပေးသည်။ Screen ကို ကြည့်စရာမလိုဘဲ အသံဖြင့် အချက်ပေးခြင်း ဖြစ်သောကြောင့် ကားမောင်းသူကို အာရုံရှုပ်ထွေးမှု မရှိစေဘဲ ပုံမှန်မောင်းနေနိုင်သည်။ အဆိုပါ GPS တွင် Touch Screen ဖြင့် အသုံးပြုရပြီး Game များကို ထည့်သွင်းထားသလို Blue Tooth ဖြင့် တွဲဖက် Audio စနစ်သုံးနိုင်ကြောင်း၊ ထို့အပြင် MP4 တစ်လုံးကဲ့သို့ FM လိုင်းများနားထောင်နိုင်ခြင်း၊ ဖုန်းဖြင့် ချိတ်ဆက် စကားပြောနိုင်ခြင်း၊ ဗီဒီယိုဓာတ်ပုံနှင့် e-book များပါ ဖတ်ရှုနိုင်သလို ကားနှောက်ကြည့် ကင်မရာနှင့် တွဲဆက်ထားပါက ကားနောက်ဆုတ် နေစဉ်အတွင်းနောက်မှာရှိသည့်အရာ အရာဝတ္ထု၏ တစ်ပေအကွာအထိ အချက်ပြပေးသည့်အပြင် ဖုန်းခေါ်ဆိုခြင်းကို အသုံးပြုနိုင်သော Polarstar Microphone ဖြင့်လည်း စကားပြောဆိုနိုင်ကြောင်း သိရသည်။ Polarstar GPS နှင့်ပတ်သက်ပြီး အမှုဆောင် အရာရှိချုပ် ဦးထွန်းမြင့်နောင် က “ဒီဆော့ဖ်ဝဲကို ရေးဆွဲဖို့ တစ်နှစ်ခွဲလောက် အချိန်ယူ ရေးဆွဲခဲ့ရပါတယ်။
၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ Digital Map ကို ရေးဆွဲနိုင်ဖို့ အတွက်ကြိုးစား ခဲ့ပါတယ်။ ကုမ္ပဏီတွေကနေ လုပ်ပိုင်ခွင့်တွေဝယ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး မြေပုံရဖို့အတွက် လိုချင်တဲ့အချက် အလက်တွေရဖို့တော်တော် အခက်အခဲရှိခဲ့တယ်။ နောက်ဆုံးကိုယ်တိုင် ဆာဗေးဆင်းပြီး မြေပုံကိုရေးခဲ့ရတယ်။ လမ်းတွေမှတ်ရတယ်။ ကွန်ပျူတာ အကူအညီကိုယူခဲ့ရတယ်။ ကောင်းကင်မြေပုံကို တစ်ပတ်စီယူခဲ့ပြီး ပြောင်းလဲမှုတွေကို ယူခဲ့ရာကနေ ပြောင်းတာဆိုလို့ လမ်းတွေပဲဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ဒီဆော့ဖ်ဝဲမှာသုံးထားတဲ့ GPS MP4 နဲ့ အခြားသုံးရထားတာတွေဟာ ပုံမှန်အားဖြင့် တပ်ဆင်မယ် ဆိုရင် ကျပ်ခုနှစ်သိန်းသုံးသောင်း လောက်ကုန်ပြီးကား Deskbook တစ်ခုလုံးပြည့်သွားနိုင်ပါတယ်။
Polarstar ကတော့ ကျပ်တစ်သိန်း ခုနှစ်သောင်းနဲ့ ရောင်းချသွားမှာပါ။ စပြီးရောင်းချမယ့် ရက်ကတော့ မန္တလေး ICT ပွဲကျင်းပမယ့် ဖေဖော်ဝါရီ (၂၅) ရက်နေ့ကစပြီး တစ်နိုင်ငံလုံး မှာရှိတဲ့ မိုဘိုင်းဖုန်းဆိုင်တွေနဲ့ ကားပစ္စည်း အရောင်းဆိုင်တွေမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်-မန္တလေး နှစ်မြို့ထဲထည့်ထားတယ်။ နောက်ဆက်ပြီးတော့လည်း အခြားမြို့တွေနဲ့ ဟိုင်းဝေးလမ်းတွေ ဆက်ထည့်လို့ရပါတယ်။ မြို့တစ်မြို့ဆို ကျပ်ရှစ်ထောင် ကိုးထောင်လောက်ကျပြီး ဟိုင်းဝေးလမ်းတွေကတော့ ကျပ်တစ်သောင်းကျပါတယ် အာမခံ တစ်နှစ်ပေးထားတယ်”ဟု it-weekly ဂျာနယ်သို့ပြောသွားခဲ့သည်။ .

No comments:
Post a Comment
Note: Only a member of this blog may post a comment.