Pages

Sunday, August 28, 2011

ကဲရှက်တတ်တဲ့သူတွေကတော့ထွက်ကုန်ပြီ ဒို့စစ်ဗိုလ်ချုပ်အသွင်ပြောင်းကြီးတွေကကော ဘယ်တော့လဲ

အမျိုးမျိုးဝေဖန်ခံရ၍ အကျဉ်းအကြပ်ထဲတွင် ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် နာတိုကန်သည် ယမန်နေ့က ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၅ နှစ်အတွင်း ၀န်ကြီးချုပ်အပြောင်းအလဲ ၆ ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ၄င်းအား မတ်လကဖြစ်ပွားသော ငလျင်လှုပ်မှုနှင့် ဆူနာမီဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးကိစ္စတွင် ခေါင်းဆောင်မှု အရည်အချင်း ပြသနိုင်ခြင်းမရှိဟု ဝေဖန်ပြောဆိုကြသည်။ အာဏာရ ဒီမိုကရက်တစ်ပါတီသည် တနင်္လာနေ့တွင် ခေါင်းဆောင်သစ်ကို ရွေးချယ်ကြမည်ဖြစ်သည်။ နာတိုကန်သည် ၀န်ကြီးချုပ်အဖြစ် ၁၅ လတာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အခက်အခဲအမျိုးမျိုးကြားမှ လုပ်နိုင်သည်များကို စွမ်းစွမ်းတမံလုပ်ခဲ့ကြောင်း ၄င်းက ပြောဆိုသည်။ ကတိပေးထားသည့်အတိုင်း ဂျပန်ဒိုင်းယက်လွှတ်တော်က ဘတ်ဂျက်နှင့်ပတ်သက်သော ဥပဒေကြမ်းတစ်ခုနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ဥပဒေတစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။ (ဘီဘီစီ).

No comments:

Post a Comment

Note: Only a member of this blog may post a comment.