Friday, May 27, 2011

KIA ရာဇသံအား မြန်မာအစိုးရ လစ်လျူရှု

  သတင်း - ကချင်သတင်းဌာန
စစ်တပ်ကြိုးကိုင်သည့် သမ္မတ သိန်းစိန်ဦးဆောင် သော မြန်မာအစိုးရသည် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ရာဇသံကို လစ်လျူရှုကာ ယနေ့အထိ ၎င်းတို့တပ်များ KIA တပ်အနီးမှ ဆုတ်ခွာပေးခြင်း မ ရှိဟု KIA အရာရှိများဆိုသည်။
မေ ၂၅ ရက်အား ဆုတ်ခွာရန်နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
nam-sa-military-checkpoint
ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲ - မုံးစီးကြား၊ KIA တပ်မဟာ(၄)၀င်ပေါက်တွင် အခြေစိုက်ထားတဲ့ နမ့်ဆာ မြန်မာစစ်စခန်း။ ဓါတ်ပုံ - ကချင်သတင်းဌာန


မိုးညှင်းမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန်အခြေစိုက် KIA တပ်ရင်း ၅ အနီး နေရာယူထားသည့် မြန်မာတပ် စခန်း ၃ ခုနှင့် အခြား KIAတပ်စခန်းများအနီး ရောက်ရှိနေသည့် မြန်မာစစ်သားများအားလုံး မေ ၂၅ တွင် နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် KIA က မေလ ၁၉ ရက်နေ့တွင် စာဖြင့် အကြောင်းကြားခဲ့သည်။

“အစိုးရတပ်များဆုတ်ခွာခြင်းမရှိသည့်အတွက် ရှေ့တွင်ဖြစ်လာမည့် အကျိုးဆက်အားလုံးသည်မြန်မာအစိုးရ၌ သာ တာဝန်ရှိမည် ဖြစ်သည်” ဟု KIA ရာဇသံတွင် သတိပေးထားသည်။
.

0 comments: