Wednesday, April 27, 2011

တရားဥပေဒစိုးမိုးရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံပေးစာ

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်
အမှတ် (၉၇/ခ)၊ အေနာက်ရွှေဂုံတိုင်လမ်း
ဗဟန်မြို့နယ်၊ ရန်ကုန်မြို့

၂၀၁၁ ခုနှစ်၊ ဧပြီလ (၂၅)ရက်
၁၃၇၃ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၇) ရက်

ကြေညာချက်အမှတ် - ၇/၀၄/၁၁


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံသို့
အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက ၂၀၁၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် စာအမှတ်—၀၂၈(စည်း) / ၀၄ / ၁၁ ဖြင့် ပေးပို့ခဲ့သော စာပါ အကြောင်းအရာများကို အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့၏ ၂၂—၄—၁၁ နေ့တွင် ကျင်းပသော အစည်းအဝေး ဆုံးဖြတ်ချက် အရ သိသာရန် ထုတ်ပြန်လိုက်ပါသည်။

“(စ)” အကြောင်းအရာ။    ။ တရားဥပဒေစိုးမိုးရေး။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်၌ ၂၀၁၁ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့တွင် ကျင်းပသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များအား မိန့်ခွန်းမြွက်ကြားခဲ့ရာတွင်-

“xxx နိုင်ငံတော်ကို ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကေရစီ နိုင်ငံတော်အဖြစ် တည်ဆောက် နိုင်ဖို့အတွက် တရားဥပေဒ စိုးမိုးရေးဟာ မဖြစ်မနေ လိုအပ်ပါတယ်။ xxx” ဟု လည်းကောင်း

“xxx တရားစီရင်ရေး အဖွဲ့အစည်းများအနေနဲ့ တရားဥပေဒ စိုးမိုးရေးအတွက် လုပ်ဆောင်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပေဒမှာ ပြဌာန်းထားတဲ့ ဥပေဒနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ ဥပေဒအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ ရှေ့မှောက်တွင် တရားစီရင်ရေး အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေးဆိုတဲ့ တရားစီရင်ရေးမူအတိုင်း ရပ်တည်ဆောင်ရွက်သွားဖို့ လိုပါတယ် xxx” ဟုလည်းကောင်း လမ်းညွန်မြွက်ကြားခဲ့သည့်အတွက် ပြည်သူများ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုလျှက် ရှိကြပါသည်။ တရားဥပဒေ စိုးမိုးရေးအတွက် အဓိကကျသော လမ်းညွှန်မှု အဖြစ် တွေ့ရှိရပါသည်။

အစိုးရ အဖွဲ့သစ် မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ကတည်းက ပြည်သူ့ရဲ၊ သတင်းတပ်ဖွဲ့တို့ တရားစွဲတင်ခဲ့သော ပြစ်မှု များစွာကို အင်းစိန် အကျဉ်းထောင်ဝင်း အတွင်း စစ်ဆေးကြားနာခဲ့ရာတွင် တရား စီရင်ရေး မူများနှင့် မကိုက်ညီသော လုပ်ဆောင်မှုများ ရှိခဲ့ပါသည်။ အထူးသဖြင့် “ဥပေဒအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး” မူနှင့် ဆန့်ကျင် စစ်ဆေးခဲ့ပါသည်။ အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် ယခုအချိန် အထိလည်း အင်းစိန် အကျဉ်းထောင် ဝင်းအတွင်း စစ်ဆေးကြားနာလျှက်ရှိသော အမှုများတွင် စစ်ဆေးခံရသူများ၏ မိသားစုများ၊ အမှုကို စိတ်ဝင်စားမှုရှိသည့် ပြည်သူများ ဝင်ရောက် နားထောင်ခွင့်မရှိ ဆက်လက်ဖြစ်နေသည်ဟု သိရှိရပါသည်။

သို့ပါ၍ တရားဥပဒေ စိုးမိုးမှု လုပ်ဆောင်ရာတွင် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့် အညီ လုပ်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်
သမ္မတကြီးအနေဖြင့် လိုအပ်သလို လမ်းညွှန်မှု ပြုလုပ်နိုင်ရန် အလေးအနက်ထား တင်ပြအပ်ပါသည်။


၎-၄-၁၁ နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ “(ဆုံး)”

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်
ရန်ကုန်မြို့

0 comments: