Thursday, November 21, 2013

ပွင့်လင်းစွာသုံးသပ်ချက်များ


မနေ့က ကုလလူ့အခွင့်အရေးကော်မရှင် သဘောထားထွက်လာပါတယ်။

အဲဒါကို သမ္မတရုံးညွှန်မှူး AP သတင်းဌာနကို ဦးဇော်ဌေး ပြောတဲ့ပုံစံက 

ဘင်္ဂလီတွေကို ၁၉၈၂ ဥပဒေအရ နိုင်ငံသားအခွင့်အရေးပေးမယ့်ပုံစံ ပေါက်နေပါတယ်။ အဲဒီအတွက် OIC နဲ့ နိုင်ငံတကာကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်နေပါတယ်။ 

၂၀၁၂ ဘင်္ဂလီ အရေးအခင်း တုန်းက မှူးဇော် facebook မှာ ပြောခဲ့တဲ့ 

ဒီတိုက်ပွဲ ကြမ်းပါလိမ့်မည်။
ဘက်စုံ တိုက်ပွဲ အသွင် မြင်ရပါလိမ့်မည်

ဆိုတဲ့ စကားနဲ့ အခုစကားနဲ့တော့ ပြောင်းပြန်ပါပဲ။

အဲဒီမှာတစ်ခု လေ့လာမိတာက

၁၉၈၂ ဥပဒေ အရ လို့ ပြောနေပေမယ့် တကယ်တမ်း လူမျိုးခြားတွေကို ပန်းရောင်ကတ် ပေးတိုင်းပေးတိုင်းမှာ 

လ၀က ရဲ့ လာဘ်စားမှုကို အစိုးရအနေနဲ့ လုံးဝ (လုံးဝ) ထိန်းချုပ်လို့ မရဘူး ဆိုတာ မေ့နေကြတယ်။ ဥပဒေ စိုးမိုးမှု မရှိတိာကို ထည့်မတွက်ထားဘူး။

စိစစ်မှုဗတွအားလုံးကို ငွေနဲ့ ကျော်ဖြတ်နိုင်တဲ့အတွက် ဒီ နိုင်ငံသားဖြစ်မှုကြီးက သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအတွက် ငွေတွင်းကြီးပါ။

အခု မွတ်စလင် လောကထဲမှာ ပျံ့နှံ့နေတဲ့ OIC က အစိုးရကို ထောက်ပံ့မယ့်
၃.၅ ဘီ လီယံ အကူအညီ ဆိုတာလည်း ကြောက်စရာ လန့်စရာပါပဲ။ 

အစိုးရရဲ့ ပေါ်လစီကိုဝေဖန်ရင်

ရခိုင်ပြည်နယ်မှာ ရခိုင်တွေကို ဘင်္ဂလီနဲ့ Power balance ချပြီး မလှုပ်သာအောင် ထိန်းမယ့် သဘော ရှိနေပါတယ်။ 

အစ္စလာမ်နိုင်ငံတွေဆီက မြောက်များစွာသော ထောက်ပံ့ငွေကိုလည်း မျှော်လင့်ပုံရပါတယ်။

အားပြိုင်မှုနဲ့ ပြည်နယ်တိုးတက်မှု သယံဇာတခွဲဝေမှုတွေကို ကြိုးစားလာခဲ့ရင် မလုပ်နိုင်အောင် အာရုံပြောင်းဖို့ ဘင်္ဂလီကို မွေးထားမယ့်ပုံစံဖြစ်နေတယ်။

အသေချာဆုံးကတော့ ရခိုင်ပြည်နယ်မှာ ဖက်ဒရယ်ကို လုံးဝ စကားဟဖို့ လွယ်မှာမဟုတ်တော့ပါဘူး။ 

ဘင်္ဂလီနဲ့ power တူ တော့မယ်လေ။ 
ဒါဟာ ရခိုင်တွေအတွက် ကြောက်စရာအကောင်းဆုံး ပြဿနာပါ။

-------------------------------------------------------------------------------------------

NLD က ဦးဥာဏ်ဝင်းရဲ့ ကုလ အနေနဲ့ ပြည်တွင်းရေးကို ၀င်မစွက်ဖို့နဲ့ ဘင်္ဂလီတွေကို လူမျိုးစုအဖြစ် မသတ်မှတ်နိုင်ဘူး ဆိုတဲ့ စကားတွေကို သတိထားမိတယ်။

အဲဒီမှာ နိုင်ငံသားအခွင့်အရေး ဆိုတဲ့ စကားက အရေးပါလာပါတယ်။

ဘင်္ဂလီကို မဲပေးခွင့်ပြုမှာလား တခြား နိုင်ငံသားတွေနဲ့ အခွင့်အရေးတန်းတူထားမှာလား။

စင်ကာပူလို PR အမေရီကန်လို Green card စနစ်တွေ အကောင်အထည်ဖော်ဖို့ လိုပြီလို့ ယူဆပါတယ်။

သေချာတာကတော့ ကျုပ်တို့နိုင်ငံက နိုင်ငံသားဥပဒေတွေ ဒီထက် ပြည့်စုံ စေချင်သလို စိုးမိုးမှုလည်း ရှိစေချင်ပါတယ်။