Wednesday, September 25, 2013

ကြံဖွတ်လော်ဘီများ စစ်နွားလော်ဘီများ ဖတ်ဖို့

 Post by Lucky Ko Ko'
မလေးမှာ ဗမာတွေကို ကုလားတွေ သတ်တော့ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်းကို မေးနေကြတာဟာ မေးသူရဲ့ အသိဥာဏ် နည်းပါးမှုကို မြင်သာစေပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေပြုရေး ကဏ္ဍမှာသာ ရှိတဲ့ သာမန် အမတ်တစ်ဦး အဆင့်မျှသာ လက်ရှိအချိန်မှာ ရှိနေပါတယ်။ 
ဒီမိုကရေစီ စနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ ကဏ္ဍ (၃)ခုဟာ တိုက်ရိုက် ဝင်ရောက် စွက်ဖက်လို့ မရပါဘူး။ 
မလေး ကိစ္စမျှသာမက ဖြစ်ပွားခဲ့တဲ့ ပြဿနာ တိုင်းမှာ အဓိက တာဝန်ယူ ဖြေရှင်းရမယ့် အခွင့်အာဏာသည် အုပ်ချုပ်ရေးမှာ တာဝန်ယူထားတဲ့ လက်ရှိ သမဒ ဖြစ်တဲ့ ဦးသိန်းစိန် အဆိုးရမှာ တာဝန် အပြည့်အဝ ရှိပါတယ်။ 
ဒါကို မေ့ချင်ယောင် ဆောင်ထားပြီး ပြဿနာ အားလုံးရဲ့ အပြစ်မှန်သမျှ  ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုံချနေတဲ့ လူတွေကို နားလည်အောင် လေ့လာပါလို့ အကြံပြု တိုက်တွန်း ပါတယ်။ 

အာဏာရှိမှ လုပ်လို့ရလား ဆိုပြီး ပြောနေသူတွေကိုလဲ ပြန်မေးလိုပါတယ်။ 
 ဒေါ်အောင်ဆန်းစုကြည်မှာ လုပ်ပိုင်ခွင့် အာဏာ မရှိဘဲ လုပ်ချင်တိုင်း လုပ်လို့ရတယ် ဆိုရင် နိုင်ငံတကာနဲ့ စာချုပ်တွေ ချုပ်ဆိုရာမှာ ဦးသိန်းစိန် အဆိုးရကသာ ဘာကြောင့် လက်မှတ် ထိုးနေရတာပါလဲ??  ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် လက်မှတ်ထိုးခွင့် မရှိတာပါလဲ??လွှတ်တော်အတွင်းမှာ NLD အမတ်များတင်သမျှ အဆိုအားလုံး အတည်ပြု ခံနေ ရပါသလား?? ကလေးကလား မေးရမယ် ဆိုရင် တီဗီမှာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံ နေ့စဉ် ပါနေသလား?? မိဘပြည်သူများ... ဆိုပြီး တီဗီမှာ မကြာခဏ အာလူးဖုတ်ပြလို့ ရပါသလား??

ဒေါ်အောင်ဆန်းစုကြည် ကုလားဘက် လိုက်တယ် ဆိုပြီး အော်နေကြတဲ့ သူတွေကို မေးပါရစေ။ ဒေါ်အောင်ဆန်းစုကြည် ကုလားတွေကို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေမှာ မည်သည့် အကူအညီများကို ပေးခဲ့ပါသလဲ?? ပေးနေပါသလဲ?? သက်သေ အထောက်အထား တိတိကျကျ ခိုင်ခိုင်လုံလုံ ပြပေးနိုင်ပါ သလား??

ကျုပ်တို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သိထားတဲ့ ဗုဒ္ဓဘာသာသည် မေတ္တာတရားကို အခြေခံသော ဘာသာတစ်ခု ဖြစ်ပါတယ်။
ဒါကို ကမ္ဘာတစ်ဝှမ်းလုံးက ခေါင်းဆောင်တွေက လေးစားနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် လူထုခေါင်းဆောင် တစ်ဦးက ဟိုလူ့သတ်ပါ၊ ဒီလူ့သတ်ပါ ဆိုပြီး မျက်နှာမွဲ ဗမာပြည်ကို လူတကာ တံတွေးခွက်ထဲ မျောအောင် ပြောပေးပြီး ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ကျဆင်းအောင် လုပ်နေရမှာလား ဆိုတာ စဉ်းစား ဆင်ခြင် သင့်ပါတယ်။

ဗိုလ်ချုပ် မရှိတော့တဲ့နောက် ကျုပ်တို့ တိုင်းပြည် ဘာဖြစ်ခဲ့သလဲ ဆိုတာကို သမိုင်း မသိတဲ့သူတွေ အနေနဲ့ သေချာ ပြန်လည် လေ့လာ သင့်ပါတယ်။ 
ထို့အတူဘဲ လက်ရှိ အချိန်မှာ တစ်ကမ္ဘာလုံးက လေးစားနေရတဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ကျုပ်တို့ ပြည်ထောင်စုကြီးမှာ ရှိနေပါလျှက်နဲ့ ကျုပ်တို့ အနေနဲ့ အသုံးမချတတ်ဘူး ဆိုရင် ကျုပ်တို့ တိုင်းပြည်ရဲ့ အနာဂတ် ရှေ့ခရီး တိုးတက်ဖို့ဆိုတာ လွယ်ကူ မြန်ဆန်နိုင်ပါ့မလား??
ဥပမာ တစ်ခု အနေနဲ့ ဆိုရရင် ခင်ဗျားတို့ အနေနဲ့ ကိုယ့်ထံ ငွေကြေးကိစ္စ အကူအညီ လာတောင်းသူ တစ်ယောက်ဟာ အကျင့်စာရိတ္တပိုင်းမှာ စိတ်မချရဘူးလို့ ထင်မြင်နေရတဲ့သူ ဖြစ်နေရင် ခင်ဗျားတို့ အနေနဲ့ အဲ့လို လူမျိုးကို ငွေထုတ်ချေးမလား?? အကူအညီ အလွယ်တကူ ပေးပါ့မလား??

ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ ဟောနေကြဖြစ်တဲ့ တန်ဖိုးသိမှ တန်ဖိုးရှိမယ် ဆိုတဲ့ အတိုင်း ပြည်သူတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တန်ဖိုးကို သိအောင် ကြိုးစားကြပါ။ ဒါမှသာလျှင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ တန်ဖိုး ရှိလာမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ ယခုဆိုလျှင် (၆၈)နှစ်ကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်တွေက လေးစားခံနေရတဲ့ ဗမာပြည်ရဲ့ အထင်ကရ ပုံရိပ်ရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယခုလို အချိန်မှာမှ အသုံးမချနိုင်ခဲ့ရင် နောင်တဆိုတဲ့ အရာကြီးက ကျုပ်တို့ ပြည်ထောင်စုကြီး အတွက် မကောင်းနိုင်တော့ပါဘူးလို့ ရေးသားရင်း.....

လေးစားစွာဖြင့်

Lucky Ko Ko